သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, June 2, 2013

ရွှေကလောင်ဆု ကို အပုပ်ချ မီဒီယာ ပီသသော ဒေါက်တာသန်းထွဋ်အောင်ရရှိ

ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများ အဖွဲ့အစည်း (WAN-IFRA) မှ ပေးအပ်သော၂၀၁၃ ခုနှစ် အတွက် ရွှေကလောင်ဆု (Golden Pen of Freedom) ကို Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်ရရှိ
================
ပြင်သစ်နိုင်ငံ၊ ပါရီမြို့အခြေစိုက် ကမ္ဘာ့သတင်းစာများနှင့် သတင်းစာ ထုတ်ဝေသူများ အဖွဲ့အစည်း (World Association of News-papers and News Publishers- WAN-IFRA) မှ ပေးအပ်သော ၂၀၁၃ ခုနှစ်အ တွက် ရွှေကလောင်ဆု (Golden Pen of Freedom) ကို Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ရရှိခဲ့ကြောင်း သိရှိရပါသည်။
ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများ အဖွဲ့အစည်းသည် သတင်းလွတ်လပ်ခွင့်အတွက် ရဲရင့် စွာ လုပ်ဆောင်ခဲ့သော ကမ္ဘာတစ်လွှားမှ ဂျာနယ်လစ်များကို ဂုဏ်ပြုသောအားဖြင့် ၁၉၆၁ ခုနှစ်မှ စတင် ကာ ရွှေကလောင်ဆုကို ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။ ဆုကို ချီးမြှင့်ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှိနေသော ဂျာ နယ် လစ်များ သာမကဘဲ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ရှိနေသော ဂျာနယ်လစ်များကိုပါ သတင်း လွတ်လပ် ခွင့် အတွက် စွမ်းဆောင်မှုကို လေ့လာစောင့်ကြည့်ပြီး ပေးအပ်ခြင်း ဖြစ်ပါသည်။
အဆိုပါ ရွှေကလောင်ဆုကို မြန်မာနိုင်ငံမှ ဂျာနယ်လစ်သုံးဦးသာ ရရှိခဲ့ဖူးပြီး ပထမဆုံး ရရှိခဲ့သူမှာ ဂါးဒီးယန်း ဦးစိန် ၀င်းဖြစ်ပြီး ၁၉၆၃ ခုနှစ်တွင် ရရှိခဲ့ပါသည်။ ပူးတွဲအနေဖြင့် ရရှိခဲ့သူနှစ်ဦးမှာ ဟံသာဝတီ ဦးဝင်း တင်နှင့် ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ) တို့ဖြစ်ပြီး ၂၀၀၁ ခုနှစ်က ရရှိခဲ့ကြပါသည်။
ဒေါက်တာသန်းထွဋ်အောင်သည် ရွှေကလောင်ဆုကို မြန်မာနိုင်ငံမှ စတုတ္ထမြောက် ရရှိခဲ့သူ ဖြစ်ပါသည်။
၂၀၁၃ ခုနှစ်အတွက် ရွှေကလောင်ဆုပေးပွဲကို ဇွန် ၃ ရက် (ယနေ့) တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြု လုပ် မည့် ၆၅ ကြိမ်မြောက် ကမ္ဘာ့သတင်းစာများ ညီလာခံ (65th World Newspaper Congress) ဖွင့်ပွဲ တွင် ပေးအပ်မည်ဖြစ်ကာ Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် တက်ရောက် ဆု လက် ခံရ ယူမည်ဖြစ်ပြီး မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတကာမှ ဂျာနယ် လစ်ပေါင်း ၁၂၀၀ ကျော် တက်ရောက်မည်ဖြစ်ကာ ကမ္ဘာ့ထိပ်တန်း သတင်းစာများမှ ထုတ်ဝေသူများ၊ အယ် ဒီ တာချုပ်များ၊ အယ်ဒီတာများနှင့် သတင်းစာဆရာများ၊ နာမည်ကျော် သတင်းဌာနများ၊ ရုပ်သံ သတင်း ဌာန များ မှ ပါဝင်တက်ရောက်ကြမည် ဖြစ်သည်။
၆၅ ကြိမ်မြောက် ကမ္ဘာ့သတင်းစာ ညီလာခံနှင့်အတူ (၂၀) ကြိမ်မြောက် ကမ္ဘာ့အယ်ဒီတာများ ဖိုရမ် ကို လည်း ပူးတွဲပြုလုပ်မည်ဖြစ်သည်။
ရွှေကလောင်ဆုသည် သတင်းလွတ်လပ်ခွင့်အတွက် လုပ်ဆောင်ခဲ့ကြသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက် ထူးခြားသည့် လုပ်ရပ်များကို အသိအမှတ် ပြုရန်အတွက် ရည်ရွယ်ပေးအပ်ခြင်း ဖြစ်ပါသည်။ ထို့ပြင် အာဏာရှင် အစိုးရများကိုပင် အမှန်တရားအတွက် ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်သော ဂျာနယ်လစ်များ သို့မဟုတ် သတင်းအဖွဲ့အစည်း၏ လုပ်ဆောင်ချက်ကို အသိအမှတ်ပြုရန် အတွက်လည်း ပေးအပ်ခြင်း ဖြစ်ပါသည်။ ဆုရရှိသူ ဂျာနယ်လစ်များ၏ အမည်နောက်တွင် ကိုယ်ကျိုးစွန့်မှုများ၊ ထောင်သွင်း အကျဉ်းချ နှိပ်စက်ခံရမှုများ၊ ဖိနှိပ်ခံရမှုများ၊ သတ်ဖြတ်ခံရမှုများနှင့် ခြိမ်းခြောက်ခံရမှုများ အစရှိသဖြင့် ရှိနေခဲ့သည်ဟု WAN-IFRA က ၎င်းတို့ပေးအပ်သော ရွှေကလောင်ဆုနှင့် ပတ်သက်ပြီး ဖော်ပြခဲ့ပါသည်။
ရွှေကလောင်ဆုသည် ကမ္ဘာတစ်လွှားရှိ ဂျာနယ်လစ်တစ်ဦးချင်း (သို့မဟုတ်) သတင်းအဖွဲ့အစည်းအား ရွေးချယ်ပြီး နှစ်စဉ်ချီးမြှင့်နေသော ဆုဖြစ်ပါသည်။ ယနေ့အချိန်အထိ အဆိုပါဆုရရှိသူ နိုင်ငံတကာ ဂျာနယ်လစ် ၄၈ ဦးရှိပြီး တရုတ်နိုင်ငံက လေးကြိမ်ရရှိခဲ့သည်။ ဒုတိယ အများဆုံး ရရှိသောနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်ပြီး သုံးကြိမ်ရရှိခဲ့ပါသည်။ အာဆီယံဒေသတွင်း နိုင်ငံများအနက် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့က တစ်ကြိမ်စီ ရရှိထားပါသည်။
ရွှေကလောင်ဆုကို ၂၀၁၂ ခုနှစ်တွင် နောက်ဆုံးရရှိထားသူမှာ မက္ကဆီကန် အမျိုးသမီးဂျာနယ်လစ် Anabel Hernandez ဖြစ်ပါသည်။
၂၀၀၁ ခုနှစ်တွင် ရွှေကလောင်ဆုကို ပူးတွဲရရှိခဲ့သော ဟံသာဝတီ ဦးဝင်းတင်နှင့် ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ) တို့မှာလည်း ထောင်ဒဏ်ကျခံ နေရစဉ်အတွင်း ရွှေကလောင်ဆု ချီးမြှင့်ခံခဲ့ရခြင်းဖြစ်ပြီး ဆုကို ပြည်ပသို့ သွားရောက်ရယူနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံ၌ အသီးသီး ဆုလက်ခံ ရရှိခဲ့ပါသည်။
ထို့အပြင် WAN-IFRA မှ ဦး ဆောင်ကျင်းပသော ကမ္ဘာ့သတင်းစာများ ညီလာခံကို နိုင်ငံတကာ၌ နှစ်စဉ်ပြု လုပ်လေ့ ရှိပြီး ၂၀၁၂ ခုနှစ်က ယူကရိန်းနိုင်ငံတွင် ကျင်းပခဲ့ကာ ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပခြင်း ဖြစ် ပါ သည်။
Eleven Media Group သည် ၂၀၁၁ ခုနှစ်က ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ပေးအပ်သော တစ်နှစ်တာအတွက် အကောင်းဆုံး သတင်းမီဒီယာဆုကို ၂၀၁၁ ခုနှစ်က ရရှိခဲ့ သည်။
ဂါးဒီယန်းဦးစိန်ဝင်းသည် ၀န်ကြီးချုပ်ဦးနု ခေါင်းဆောင်သော ပထစအစိုးရ လက်ထက်တွင် သတင်း လွတ် လပ် ခွင့် ချုပ်ချယ်တားဆီးခဲ့ခြင်းကို တွန်းလှန်ခဲ့ရာ၌ ပါဝင်ခဲ့သော ဂျာနယ်လစ်များအနက် တစ်ဦးအပါအ၀င် ဖြစ်ပါ သည်။ ထိုအချိန်က ပထစအစိုးရမှ သတင်းလွတ်လပ်ခွင့် ချုပ်ချယ်တားဆီးခဲ့ခြင်းကိုကန့်ကွက်သည့် အနေဖြင့် သတင်းစာများတွင် ခေါင်းကြီးမရေးဘဲ ကွက်လပ်အဖြူများ ချန်လှပ်ခြင်းဖြင့် ဆန္ဒထုတ်ဖော်ခဲ့ ကြပါ သည်။
ထိုကိစ္စရပ်ကို ဂါးဒီးယန်း ဦးစိန်ဝင်းက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်ခဲ့သဖြင့် ခေတ္တမျှ ထိန်း သိမ်းခံခဲ့ရပါသည်။ ထိန်းသိမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည့် အချိန်၌လည်း သတင်းစာ လွတ် လပ်ခွင့်အတွက် ဆက်လက်ကြိုးပမ်းခဲ့ရာ နောက်ဆုံးတွင် ပထစအစိုးရက အလျော့ပေးခဲ့ရပါသည်။ ယင်း ကဲ့သို့ ကြိုးပမ်းလုပ်ဆောင်မှုများ ရှိခဲ့သဖြင့် ကမ္ဘာ့သတင်းစာများ အဖွဲ့အစည်းက ၁၉၆၃ ခုနှစ်တွင် ရွှေ ကလောင်ဆု ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။ ဂါးဒီးယန်းဦးစိန်ဝင်းသည် မြန်မာနိုင်ငံမှ ရွှေကလောင်ဆုကို ပထမ ဆုံး ရရှိခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့သည့်နည်းတူ ရွှေကလောင်ဆု သမိုင်း၌ ဒုတိယမြောက် ဆုရရှိခဲ့သူ ဖြစ်ပါသည်။
သို့သော် ထိုစဉ်က နိုင်ငံရေး အခြေအနေများကြောင့် ဂါးဒီးယန်း ဦးစိန်ဝင်း အနေဖြင့် ရွှေကလောင်ဆုကို သွားရောက် ရယူနိုင်ခဲ့ခြင်း မရှိဘဲ ၁၉၈၉ ခုနှစ် ရောက်ရှိမှသာ ပြင်သစ်နိုင်ငံသို့ သွားရောက်ပြီး ရယူခဲ့ရခြင်း ဖြစ်ပါသည်။
WAN-IFRA ကို ၁၉၄၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကမ္ဘာ့သတင်းစာများ အဖွဲ့အစည်း (WAN) အနေဖြင့် စတင် ခဲ့ခြင်းဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် သတင်းစာ ထုတ်ဝေသူများနှင့် ပူးပေါင်းပြီး WAN-IFRA အဖြစ် ပြောင်း လဲလိုက်ခြင်း ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ကမ္ဘာတစ်လွှား ထုတ်ဝေနေသော သတင်းစာပေါင်း ၁၈၀၀၀ ကို ကိုယ်စားပြုထားသည့် WAN-IFRA အဖွဲ့တွင် နိုင်ငံပေါင်း ၇၆ နိုင်ငံမှ သတင်းစာ အဖွဲ့ အ စည်း များ၊ သတင်းအေဂျင်စီ ၁၂ ဖွဲ့၊ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ဒေသတွင်းအလိုက် ဖွဲ့စည်းထားသော သတင်း စာ အဖွဲ့အစည်း ၁၀ ဖွဲ့တို့က အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိပါသည်။
သတင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ရေးနှင့်တိုးမြှင့်လုပ်ဆောင်ရေး၊ သတင်းစာထုတ်ဝေမှု တိုး တက်စေရန် အထောက်အကူပေးရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့အား ရည် ရွယ် ချက် ထား လုပ်ဆောင်သော WAN-IFRA အနေဖြင့် သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး နှစ်စဉ်ဆုများ ပေးအပ်လျက်ရှိကာ ရွှေကလောင်ဆုမှာ ထင်ရှားသော ဆုတစ်ဆုဖြစ်ပါသည်။
သူမသည် မက္ကဆီကို လူမှုအဖွဲ့အစည်းအတွင်း ဆိုးဝါးစွာ ဖြစ်ပေါ်နေသော အကျင့်ပျက်ခြစားမှုများ အြေ ကာင်း ကို ရဲဝံ့စွာ ထုတ်ဖော်ရေးသားခဲ့သူ ဖြစ်ပါသည်။ အသက်အန္တရာယ်ကို ပဓာနမထားဘဲ လုပ်ေ ဆာင် ခဲ့သော သူမ၏ ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုသောအားဖြင့် ရွှေကလောင်ဆုကို ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။
ဆုရရှိချိန်တွင် အသက် ၄၀ နှစ် ရှိပြီဖြစ်သော Anabel Hernandez သည် ၁၉၇၂ ခုနှစ်တွင် မွေးဖွား ခဲ့သူဖြစ်ပါသည်။ သူမ၏ ဖခင်မှာ ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလက ပြန်ပေးဆွဲခံရပြီး သတ်ဖြတ်ခံခဲ့ရပါသည်။ ထို အချိန်တွင် မက္ကဆီကိုရဲများက ပိုက်ဆံမပေးပါက အမှုကို စုံစမ်းပေးမည် မဟုတ်ကြောင်း ပြောဆိုခဲ့ပြီး သူ မနှင့် မိသားစုဝင်များက ပိုက်ဆံမပေးရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ထိုအချိန်မှ စတင်ပြီး နိုင်ငံတွင်း အကျင့် ပျက်ခြစားမှုများကို ဆက်တိုက်ရေးသား ဖော်ထုတ်ခဲ့ကာ အလုပ်သမားများ ဖိနှိပ်ခံရမှု၊ လိင်ပိုင်းဆိုင်ရာ နိုင်ထက် စီးနင်း ပြုမှုများ၊ အာဏာအလွဲသုံးစားပြုမှု၊ ခြစားမှုများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှု အကြောင်း များကို ယနေ့အချိန်အထိ စုံစမ်းဖော်ထုတ် ရေးသားနေသူ ဖြစ်ပါသည်။
Eleven Media Group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D