သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 6, 2013

ရခိုင်ပြည်နယ် မောင်တောတွင် ရခိုင်တိုင်းရင်းသား ၂ ရာခိုင်နှုန်းသာ ကျန်ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဘင်္ဂါလီ လူဦးရေ ၉၈ ရာခိုင်နှုန်းဖြစ်နေပြီး ရခိုင်တိုင်းရင်းသားမှာ ၂ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

“၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေဟာ တော်တော်ပြည့်စုံတဲ့ ဥပဒေပါ။ အဲဒီ ဥပဒေနဲ့ ချိန်ထိုးပြီးတော့ ဘင်္ဂါလီတွေ ကို ဘယ်လိုအဆင့်ထားမလဲ၊ ဥပမာအားဖြင့် ခု ဒီမှာ permanent resident (PR အမြဲနေ ထိုင်ခွင့်) ဆိုတာကို စဆွဲနေပြီ။ သူတို့ကို permanent resident ထားပြီးတော့ နိုင်ငံ သားပေး လို့တော့ မရဘူးလေ။ ဧည့်နိုင်ငံသား ပေးလို့လည်း မရဘူး။ နိုင်ငံခြားသား အနေနဲ့ PR ပေး ထားလို့တော့ ရတယ်။ သူတို့ကို မဲပေးခွင့် မရှိရဘူး။ ရွေးကောက်ပွဲ ဝင်ခွင့်မရှိရဘူး။ ဒါမျိုးအဆင့်တွေနဲ့ ထားလို့ ရမယ်လို့တော့ ကျွန်တော်ထင်တယ်” ဟု က ဦးဇော်အေးမောင် က ပြောကြားသည်။


ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးများ တစ်အိမ်ထောင်လျှင် ကလေးနှစ်ယောက်သာ မွေးခွင့်ရှိသည် ဟူသော ဒေသန္တရအမိန့်နှင့် ပတ်သက်၍ ရခိုင်ပြည်သူလူထုမှ တခဲနက် ထောက်ခံအားပေးခဲ့ကြပြီး ယင်းနှင့် ပတ်သက်၍ “ရခိုင်ပြည်သူလူထုအနေနဲ့ သူတို့ ရင်ထဲမှာ ရှိတာကို သူတို့ထုတ်ဖော်ပြောတာလေ။ ရခိုင်ပြည်သူတွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတစ်ခုကို လုပ်တယ်လို့ပဲ ပြောချင်တယ်” ဟု ဦးဇော်အေးမောင်က ပြောကြားသည်။

လက်ရှိတွင် ဘင်္ဂါလီလူမျိုးဟု မြန်မာအစိုးရမှ သုံးစွဲခေါ်ဝေါ်နေသော်လည်း ယင်းတို့မှာ ရိုဟင်ဂျာဟုသာ သုံးစွဲနေကြကြောင်း၊ နိုင်ငံတကာမှလည်း ၎င်းတို့ကို ဘင်္ဂါလီအဖြစ် လက်မခံသေးဘဲ ရိုဟင်ဂျာအဖြစ်သာ လက်ခံထားကြောင်း Generation Wave မှ ကိုဟိန်းမင်းဇော်က ပြောကြားသည်။

“အစိုးရအနေနဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ ဘယ်သူကတော့ နိုင်ငံသား ဖြစ်သင့်တယ်။ ဘယ်သူကတော့ ဧည့်နိုင်ငံသား ဖြစ်သင့်တယ် ဆိုပြီး စနစ်တကျ ခွဲခြားပြီးတော့မှ ဘယ်သူ့ကို ဘယ်လိုဆက်ဆံ တယ်ဆို တာမျိုး ဖြစ်သင့်တယ်။ ကိုယ့်နိုင်ငံသားမဟုတ်တဲ့ သူကိုတော့ နိုင်ငံ သားတစ်ယောက်ရဲ့ အခွင့်အရေး ခံစား ခွင့်တော့ ပေးမှာမဟုတ်ဘူး။ အဲဒီလူဟာ နိုင်ငံသားဖြစ်ခွင့် ရှိတဲ့သူ၊ ပြုခွင့် ရတဲ့သူ ပြုခွင့်ရတယ်ဆိုရင်တော့ ဥပဒေအတိုင်း နိုင်ငံသား အခွင့်အရေးကို ခံစားရမှာပေါ့” ဟု ယင်းက ဆက်လက်ပြောကြားသည်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှုဥပဒေသည် လတ်တလော အခြေအနေတွင် ရခိုင်ပြည်နယ် အတွက် သာမ က မြန်မာတစ်ပြည်လုံးအတွက် အလွန်အရေးကြီးသော ဥပဒေတစ်ရပ်ဖြစ် သည် ဟု နိုင်ငံရေး လေ့လာသူများက ပြောကြားသည်။



From: မြန်မာ့ခေတ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D