
မန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြန်မာနိုင်ငံတွင်း ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် လုပ်ငန်းလိုင်စင် ချထားပေးရန်အတွက် ခေါ်ယူထားသည့် တင်ဒါစနစ်မှ ဆက်သွယ်ရေး ကုမ္ပဏီကြီး ၂ ခုဖြစ်သည့် Vodafone နှင့် China Mobile တို့သည် နှုတ်ထွက်သွားခဲ့ပြီဟု သိရှိရသည်။
ကုမ္ပဏီ ၂ ခု၏ ထုတ်ဖော်ကြေညာချက်အရ ယင်းတို့အနေဖြင့် ယခုကဲ့သို့ အဆိုတင်သွင်းခြင်းမှ နှုတ်ထွက်သွားရခြင်းမှာ စီပွားရေးအရ တွက်ခြေကိုက်မည်ဟု မယူဆသဖြင့်ဟု သိရှိရသည်။ ယင်းကုမ္ပဏီ ၂ ခု အနေဖြင့် မြန်မာနိုင်ငံတွင်း ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ပါက ရင်းနှီးမြှုပ်နှံရမည့် ပမာဏနှင့် ရရှိမည့် အကျိုးအမြတ်မှာ မညီမျှသဖြင့် ချမှတ်ထားသည့် ကုမ္ပဏီတွင်း လုပ်ထုံးလုပ်နည်းများနှင့် ညိစွန်းနေမည် ဖြစ်သဖြင့် ယခုကဲ့သို့ နှုတ်ထွက်သွားကြခြင်း ဖြစ်သည်။
၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ GDP မှာ ၆.၆ ရာခိုင်နှုန်း တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်၏ ခန့်မှန်းတွက်ချက်မှုအရ သိရှိရသည်။ မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ရှိသည့်အနက် ၁၀ ရာခိုင်နှုန်းခန့်သည်သာ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများကို အသုံးချနိုင်လျက် ရှိသည်။ မြန်မာနိုင်ငံ အစိုးရအနေဖြင့် ၂၀၁၆ ခုနှစ်အကုန်တွင် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းအား ဆက်သွယ်ရေးကွန်ယက်များနှင့် ချိတ်ဆက်အသုံးချနိုင်စေရန် ဆောင်ရွက်သွားရန် ရည်မှန်းထားသည်။
Vodafone နှင့် China Mobile တို့သည် ဇကာတင် ရွေးချယ်ခြင်း ခံထားရသည့် ကုမ္ပဏီကြီး ၁၂ ခုတွင် အပါအဝင်ဖြစ်ပြီး MPT အနေဖြင့် ဤတင်ဒါအား အောင်မြင်သူကို ဂျွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်ဟု သိရှိရသည်။
.mmdailytime


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...