သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, June 2, 2013

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်စု မှ ကိုယ်တိုင်ငြိမ်းချမ်းအောင် ဘာတစ်ခုမှ မလုပ်နိုင် ပဲ အစိုးရလုပ်တာ သိသာတိုးတက်ပြောင်းလဲမှုမရှိ ဟု ဖင်ပိတ်အော်နေသော်လည်း ဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေးအောင်မြင်မှုအား အမေရိကန် နှင့် ကုလ ကြိုဆို


ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်စု မှ ကိုယ်တိုင်ငြိမ်းချမ်းအောင် ဘာတစ်ခုမှ မလုပ်နိုင် ပဲ အစိုးရလုပ်တာ သိသာတိုးတက်ပြောင်းလဲမှုမရှိ ဟု ဖင်ပိတ်အော်နေသော်လည်း ဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေးအောင်မြင်မှုအား အမေရိကန် နှင့် ကုလ ကြိုဆိုလိုက်ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့ နှစ်ဖက်ဆွေးနွေးပွဲ ရလဒ်ကို အမေရိကန်ပြည်ထောင်စု အစိုးရက ကြိုဆိုပါကြောင်း အမေရိကန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Ms.enPsaki က ပြောကြားသည်။

အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့ရုံးတွင် မေလ ၃၁ ရက်နေ့ က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စုသံရုံး နိုင်ငံရေးအရာရှိ Ms. Erin E.Webster က အတည်ပြုပြောကြားသည်။

ယင်းဆွေးနွေးပွဲတွင် နှစ်ဖက်သဘောတူညီချက် ခုနစ်ရပ်အနက် ကချင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်း အချိုးညီဖွံ့ဖြိုးရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကေအိုင်အိုနှင့် အစိုးရတို့စကားဝိုင်းတွင် အဖြေရှာခြင်းနည်းကို ဆက်လက်ကျင့်သုံးသွားရန် အမေရိကန်ပြည်ထောင်စု အစိုးရက ထောက်ခံပါကြောင်း Ms. Erin E. Webster က ပြောကြားသည်။

“(ဆွေးနွေးပွဲနောက်ပိုင်း) အခြေအနေတွေကိုလည်း နီးနီးကပ်ကပ် ဆက်လက် စောင့်ကြည့်သွားပါမယ်” ဟု Ms.enPsaki က ဆိုသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရလဒ် တိုးတက်လာသော်လည်း ပဋိပက္ခကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးသူများ နှင့်ပဋိပက္ခ နယ်မြေတွင် နေထိုင်ရသူများထံ အရေးပေါ် အကူအညီများ၊ အစားအသောက်နှင့် နေထိုင်ရေး ကဲ့သို့သော လူသားချင်း စာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ရာတွင် ကေအိုင်အိုနှင့် အစိုးရ နှစ်ဖက်စလုံးက ကူညီဆောင်ရွက် ပေးစေလိုကြောင်း မစ္စစ် Psaki က တောင်းဆိုသည်။

ကချင်လက်နက်ကိုင်အဖွဲ့ KIO နဲ့ မြန်မာအစိုးရတို့ကြား သဘောတူညီမှု ရခဲ့တာအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ ပြန်လည်သွေးစည်းရေးမှာ ပထမဆုံးခြေလှမ်းတရပ်အဖြစ် ၂ နှစ်ကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်ထဲမှာ ကျင်းပတဲ့ ပထမဦးဆုံးအကြိမ် ၃ ရက်ကြာ ဆွေးနွေးပွဲတွေနောက်ပိုင်း၊ ရလာတဲ့ ရလဒ်အတွက်ကြိုဆိုကြောင်း  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရ  အက်ဒွါဒို ဒူဘွေး (Eduardo del Buey) ကပြောပါတယ်။

“မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ကြား ၂၀၁၁ ခုနှစ်ကစပြီး  တိုက်ပွဲတွေဖြစ်ပွားနေရာက ပထမဆုံး မြန်မာပြည် တွင်း တွေ့ဆုံဆွေးနွေးမှုတွေကနေ  ဒီကနေ့ သဘောတူညီမှုတွေ ရလာတဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကြိုဆိုလိုက်ပါတယ်။  ဒီဆွေးနွေးပွဲမှာ  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ  အထူးအကြံပေး  ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ဟာ တရုတ်သံရုံးတာဝန်ခံနဲ့၊  တခြား  မြန်မာတိုင်းရင်းသား အဖွဲ့တွေက  ကိုယ်စားလှယ်တွေနဲ့အတူ  အကဲခတ်လေ့လာသူအနေနဲ့ တက်ရောက် နိုင်ခဲ့သလို၊  ဒီဆွေးနွေးပွဲကနေ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အခြေခံခြေလှမ်းတရပ်အဖြစ် အချက် ၇ ချက်ပါ သဘောတူညီမှုတွေရခဲ့တဲ့အထိ နှစ်ဘက်စလုံး မဆုတ် မနစ်ကြိုးစားမှုနဲ့ လုပ်ရဲတဲ့သတ္တိအတွက်ပါ ချီးကျူးလိုက်ပါတယ်။” 

ကချင်ဒေသတွင်းမှာ တိုက်ပွဲတွေ တဖြည်းဖြည်း လျော့ပါးလာစေဖို့ နဲ့  မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေး ရေရှည်တည်တံ့စေဖို့အတွက် အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်လာနိုင်တဲ့အထိ ကုလသမဂ္ဂကရော  အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးကပါ ကူညီထောက်ပံ့မှုတွေ ဆက်ပေးနေမယ်လို့လည်း  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ 



ကေအိုင်အိုနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့ တို့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မေလ၂၈ ရက်နေ့ မှ ၃၀ ရက်နေ့ အထိ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ရာတွင် အပစ်အခတ်ရပ်စဲရေး ဆက်လက်ဆွေးနွေးရန် အတွက် နှစ်ဖက်သဘောတူညီချက် ခုနစ်ချက်ကို လက်မှတ်ထိုးနိုင်ခဲ့သည်။

ယင်းဆွေးနွေးပွဲသို့ အမေရိကန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့ကို လေ့လာသူအဖြစ် တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကန့်ကွက်သဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အထူးအကြံပေး ကိုယ်စားလှယ် ဗီဂျေနမ်ဗီးယားနှင့် တရုတ် သံတမန်ကိုယ်စားလှယ် အဖွဲ့ကိုသာ တက်ရောက်ခွင့်ပြုခဲ့သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆု မရရှိထားသော   သမ္မတကြီး ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးအောင်မြင်မှုများသည် ဆုရထားပြီး ဘာမှ ငြိမ်းချမ်းအောင်မလုပ်နိုင်သည့် ဒေါ်အောင်ဆန်းစုကြည်အတွက် ရှယ်ဖွယ်လိလိ ဖြစ်ရပ်များဖြစ်ကြောင်း တိုင်းရင်းသားအရေး လေ့လာသူများက သုံးသပ်ကြသည်။

 .. www.MyanmarExpress.net

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D