သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 6, 2013

ဇွန် ၆ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်အကြို ဆွေးနွေးပွဲအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ခဲ့တဲ့ ဒေါ်ဇင်မာအောင်တို့က မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ရာ လူထုအတွက် ဘယ်လိုအနစ်နာခံမယ်၊ ဘာလုပ်ပေးမယ် တစ်ခုမှ မပါပဲ အခြေခံဥပဒေ ပြင်ပြီး သမ္မတလုပ်ဖို့ ပဲ ဆွေးနွေးမှုကြောင့် ၁ နာရီကျော် မျှော်လင့်စောင့်ကြည့်ခဲ့တဲ့ မြန်မာပြည်သူတို့အတွက် အချည်းအနှီးဖြစ်ခဲ့ရပါတယ်။

အချေအတင်ဆွေးနွေးပွဲမှာ မြန်မာပြည်သူတို့၏ လိုအပ်ချက်၊ လူထု၏ အခက်အခဲ များကို ဒေါ်အောင်ဆန်းစုကြည် ဖက်မှ မည်သို့ အနစ်နာခံ ပေးစပ်မည့် အကြောင်း တစ်ခုမှ မပါပဲ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ခက်ခဲတဲ့ အတွက် သမ္မတလုပ်ဖို့ ခက်နေကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့ပြီး ကနဦးဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်သေးခင် အခန်း ၁၂ ပါ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲဆိုတာကို အရင်ပြင်ဆင်ရမယ်ဆိုတာကို ထောက်ပြခဲ့ပါတယ်။


ဒီထောက်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက လူလုပ်တဲ့ဖွဲ့စည်းပုံဟာ ပြင်လို့ရတာချည်းပါလို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။


ပြုပြင်ပြောင်းလဲရေး နောက်ကြောင်း ပြန်လှည့်မလှည့်နဲ့ပတ်သက်ပြီးတော့ ဦးစိုးသိန်းက လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်နဲ့ မီဒီယာလွတ်လပ်ခွင့်တွေကို ကိုးကားပြီးတော့ နောက်ကြောင်း ပြန်မလှည့်နိုင်တဲ့အကြောင်း ပြောပါတယ်။

စစ်တပ်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ ဦးစိုးသိန်းကတော့ အရင်က ဘာမဆိုစစ်တပ်က လုပ်ခဲ့ပေမယ့် အခုတော့ ဒီမိုကရေစီအစိုးရလက်ထက်ကို ရောက်နေပြီဖြစ်သလို ဖြည်းဖြည်းချင်းပြောင်းနေတယ်လို့ ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေအပြောင်းအလဲနဲ့ပတ်သတ်ပြီးတော့ ကျွမ်းကျင်သူတွေကတော့ ဒီဖွဲ့စည်းပုံဟာ ပြင်ရခက်ခဲတဲ့ ဖွဲ့စည်းပုံအဖြစ် သတ်မှတ်ထားသလို ပြင်ဆင်ဖို့ လိုအပ်ချက်တွေကို ပြင်ဆင်ပြီး၊ စတင်ပြင်ဆင်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဝန်ကြီးဦးစိုးသိန်းက အခြေခံဥပဒေဟာ လူသားတွေက ရေးဆွဲထားတာဖြစ်ပြီးတော့ အမြဲတမ်းတည်တံ့နေတဲ့အရာ မဟုတ်တဲ့အတွက် လူတွေက ပြင်ဆင်နိုင်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ နိုင်ငံသားဖြစ်ရေးကိစ္စတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးကို ရခိုင်ပြည်နယ်အပါအ၀င် တနိုင်ငံလုံးမှာ တရားဥပဒေစိုးမိုးဖို့ လိုအပ်ချက်ကို ကနဦးဆုံးလုပ်ဆောင်ရမှာကို ပြောဆိုခဲ့ပြီး နိုင်ငံတကာစံနှုန်းတွေကို လိုက်ပါဆောင်ရွက်ဖို့ လိုအပ်ချက်ကို  ထည့်သွင်းပြောဆိုပါတယ်။


ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက သူတို့ အစိုးရဟာ ၂ နှစ်သာသာ သက်တမ်း ရှိသေးတဲ့အစိုးရဖြစ်တာကြောင့် ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်ရာမှာ စွမ်းရည်ပိုင်း၊ အတွေ့အကြုံပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ပြောဆိုခဲ့ပြီး စိတ်ရှည်ကြဖို့ တိုက်တွန်းပြောဆိုပါတယ်။
ဒီကနေ့ စီးပွားရေး ဖိုရမ်အကြို ဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော် ပြောခွင့်ရ သူရဦးရွှေမန်း၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်က တာဝန်ရှိသူတွေ သတင်းမီဒီယာသမားတွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ စီးပွားရေးသမားတွေ တက်ရောက်ပြီးတော့ တနာရီကျော်ကျော် အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။

 ဆွေးနွေးမှု အပြီး တစ်နာရီကျော် ကြာချိန်တွင် မျှော်လင့်စောင့်စားနေသည့် ပြည်သူတို့အတွက် အနစ်နာခံလုပ်ပေးမည့် အကြောင်း တစ်ခုမှ မပါပဲ အခြေခံဥပဒေပြင်ပြီး သမ္မတလုပ်ဖို့အကြောင်းသာ ပါဝင်ခဲ့ပါတယ်။

၂၀၀၈ အခြေခံဥပဒေတွင် သမ္မတ တာဝန် ထမ်းဆောင်မည့်သူများ စစ်ရေးအမြင်ရှိရမည် ဟူသော အချက်ပါရှိပြီး ယင်းအချက်အား NLD မှ ဒေါ်အောင်ဆန်းစုကြည် သမ္မတ တင်ဖို့ ပယ်ဖြတ်လိုခြင်းဖြစ်ပြီး လွှတ်တော်တွင်းမှ တပ်မတော်သား ကိုယ်စားလှယ်များကိုလည်း ဖယ်ထုတ်လိုခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဗြိတိန်ကာချုပ် လာစဉ်တုန်းကတော့ စစ်ရေးအမြင်မလို၊ လွှတ်တော်နှင့် စစ်တပ် မဆိုင်ပဲ ဒေါ်အောင်ဆန်းစုကြည်မှ မဆီမဆိုင် အိနြေ္ဒပျက်အောင် ပြုမှုခဲ့မှုကြောင့် ဝေဖန်မှုများ ရှိခဲ့ပါတယ်။

 ရိုဟင်ဂျာများကို နိုင်ငံသား ဖြစ်ခွင့်ပေးမည်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းမှ ပြောကြားခဲ့သဖြင့် မွတ်ဆလင်အားလုံးက NLD ကို မဲထည့်ကြမည်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကျိန်းသေနိုင် ရန်နှင့် ဒေါ်အောင်ဆန်းစု  သမ္မတဖြစ်ရေးအတွက် သေချာသလောက်ဖြစ်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် NLD ပါတီဝင်ဖြစ်လျှင်ပြီးရော သဘောဖြင့် လူသစ်များ စုနေခြင်းများကြောင့် တိုင်ကြားမှုတွေလည်း ရှိနေပါတယ်။

From : ..dvb
 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D