သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 29, 2013

လူထုခေါင်းဆောင် ဒေါ်စု ကန့်ကွက်သော်လည်း အမျိုးစောင့်ဥပဒေကို သံဃာတော်များ ထောက်ခံ

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက် အောင်ဆန်းတပ်ဦး မိုးကုတ် ရိပ်သာ၌ ကျင်းပ ပြုပ်ခဲ့သော အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ သြ၀ါဒခံယူပွဲနှင့် ဦးဆောင် ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲတွင် တက်ရောက်လာကြသူ ရဟန်းတော်များက မျိုးစောင့် ဥပဒေကို ထောက်ခံလိုက်ကြသည်။


၁၃၇၅၊ ခု နံယုန် လပြည့်ကျော် ၄ ရက် (ဇွန်လ ၂၇ ရက် ကြာသားပတေးနေ့) နေ့စွဲဖြင့် ဒေါက်တာ အရှင်ဓမ္မပိယ၊ တာဝန်ခံဆရာတော်၊ အမျိုး ဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့၏ တာဝန်ယူထုတ်ပြန်သော ကြေညာချက်တွင် ထောက်ခံကြောင်းကို ဖေါ်ပြထားသည်။

ကြေညာချက်၏ အမှတ်စဉ် (၄) စာပိုဒ်တွင် “ မျိုးစောင့်ဥပဒေကို ပြဌာန်းနိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဤအစည်းအဝေးကြီးသို့ တက်ရောက်တော်မူလာကြကုန်သော သံဃာ့ ကိုယ်စားလှယ် ၁၅၃၀ ကျော်တို့က တညီတညွတ်တည်း အတည်ပြု ထောက်ခံသည်” ဟု ဖေါ်ပြသည်။

အစည်းအဝေးသို့ ရဟန်းတော် ၁၅၀၀ ကျော် တက်ရောက်ခဲ့ရာ ရခိုင်ပြည်နယ် ကိုယ်စားပြု ရဟန်းတော် ၂၂ ပါးတက်ရောက်ခဲ့သည်ဟု သိရသည်။

၎င်းပြင်ကြေညာချက်ထဲတွင် အောက်ပါ အချက်များကို ထည့်သွင်းကျေညာထားသည်။

၎င်းတို့မှာ အစည်းအဝေးကြီးမှ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့တို့အား အမျိုး၊ ဘာသာ သာသနာရေးကိစ္စများနှင့်ပတ်သတ်၍  ကူညီဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်း မှီတင်း နေထိုင်ကြကုန်သော နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် ပဋိပက္ခများ ထပ်မံမဖြစ်ပေါ်စေရန် ၀ိုင်းဝန်းကူညီ ဆောင်ရွက်မည် ဖြစ်ကြောင်း၊  အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အဖွဲ့ကို ဖွဲ့စည်းရန် ဤအစည်းဝေး ကြီးမှ ထောက်ခံအတည်ပြုကြောင်း စသဖြင့် ဖေါ်ပြသည်။

အရှင်ဝိရသူအား Time မဂ္ဂဇင်းမှ “ The Face of Buddhist Terror” မျက်နာဖုံးဖြင့် သတင်းဖေါ်ပြမူ အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း ကြေညာချက်၏ နိဂုံးတွင် ယခုလို ဖေါ်ပြသည်။

မြန်မာနိုင်ငံမှ သံဃာတော်အရှင်မြတ်တစ်ပါးဖြစ်သော အရှင်ဝိစိတ္တာဘိဝံသ (၀ီရသူ)၏ ပုံနှင့် “The Face of Buddhist Terror” ဗုဒ္ဓဘာသာ အကြမ်းဖက်မှုမျက်နှာစာ (သို့မဟုတ်) ဗုဒ္ဓဘာသာအကြမ်း ဖက်မှု ပုံသဏ္ဍာန်ဟု ဖော်ပြခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေခဲ့သော တိုင်မ်းမဂ္ဂဇင်း (Time Magazine) Vol,182, No, 1 ကို အပြင်းအထန် ကန့်ကွက်သည်။

၎င်းပြင် မော်လမြိုင်မြို့ မြစေတီ ဆရာတော်မှ မျိုးစောင့် ဥပဒေကို လွှတ်တော်တွင် ဆန့်ကျင်သည့် အမတ်များအား ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲတွင် မဲမရရေး အတွက် စည်းရုံး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ကန့်ကွက်သော လွှတ်တော်ကိုယ်စားလှယ်များ စာရင်းကို စုဆောင်းရန်လိုကြောင်းနှင့် မိမိအနေဖြင့် အဆိုပါ စာရင်းကို ရရှိလိုကြောင်း အစည်းအဝေးတွင် ပြောဆိုသွားသည်။


From:သတင်းစဉ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D