သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 27, 2013

လွှတ်တော်သည် ပိုမိုအားကောင်း လာသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

dawsu-june27
ဇွန် ၂၆ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
လွှတ်တော်သည် ပိုမိုအားကောင်း လာသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်

ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၆ ရက် လွှတ်တော်အစည်းအဝေးမစတင်မီ သတင်းထောက် များ ကို ပြောကြားသည်။

လွှတ်တော် အစည်းအဝေးများကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ ကျင်းပခဲ့ပြီး အထူးအစည်းအဝေး တစ်ကြိမ်၊ ပုံမှန်အစည်းအဝေး ခြောက်ကြိမ် ကျင်းပခဲ့ပြီး လက်ရှိတွင် သတ္တမအကြိမ် ပုံမှန်အစည်းအဝေး ကျင်းပလျက် ရှိသည်။
 
လွှတ်တော်အစည်းအဝေး ဒုတိယ သက်တမ်းတွင် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောင်းလဲတာဝန် ယူမည်ဖြစ်သောကြောင့် လွှတ်တော်သည် ပိုမို အားကောင်း လာနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
"နာယက ပြောင်းတာကြောင့်လို့ မပြောလိုပါဘူး။ ဘယ်နာယကကြီးပဲဖြစ်ဖြစ် အကောင်းဆုံး လုပ်ကြမှာပါပဲ။ လွှတ်တော်ရဲ့ ပုံစံကိုက တစ်နေ့ထက်တစ်နေ့ ပိုအားကောင်းလာတာ" ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ယခင်က လွှတ်တော်အစည်းအဝေးများကို ငါးမိနစ် လွှတ်တော်ဟု ဝေဖန်ကြကြောင်း၊ နောက်လက်ညှိုးထောင် ခေါင်းညိတ်လွှတ်တော်ဟု ခေါ်ဝေါ်ကြကြောင်း၊ လက်ရှိတွင် အနောက်နိုင်ငံများ အပါအ၀င် နိုင်ငံအများစုမှာ လွှတ်တော်သည် ပိုမိုပီပြင် အသက်ဝင် လာသည် ဟု လက်ခံလာကြကြောင်း ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးများတွင် ပြောကြားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်သည် ပြည်သူများအပေါ် အကျိုး သက်ရောက်မှု အားနည်းနေသေးကြောင်း ဇွန် ၉ ရက်က ပြင်ဦးလွင်မြို့တွင် လူထုတွေ့ဆုံပွဲ ပြုလုပ် စဉ်က ဝေ ဖန်ပြောကြားသည်။

From...EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D