သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, June 28, 2013

ဒေါ်စု ထောက်ခံသော်လည်း တိုင်းမ်မဂ္ဂဇင်း ရေးသားချက် သံဃာ့ညီလာခံ ကန့်ကွက်

ဇူလိုင်လ ၁ ရက်နေ့ထုတ် ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းမှာ ရေးသားထားတဲ့ The Face of Buddhist Terror ဆိုတဲ့ဆောင်းပါးကို ဒီကနေ့ ရန်ကုန်မြို့မှာကျင်းပတဲ့ သံဃာ့ညီလာခံကြီးကနေ ကန့်ကွက်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ သံဃာတော်တွေ မြှောက်ပင့်ပေးလို့ ဖြစ်ရတာ မဟုတ်သလို မျိုးချစ်စိတ်ပြင်းထန်လွန်းတဲ့ လူငယ်တွေအပေါ်ကိုလည်း သံဃာတော်တွေအနေနဲ့ ငြိမ်းချမ်းအောင် ထိန်းသိမ်းပေးဖို့လိုအပ်ကြောင်း သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် အရှင်ဥာဏိဿရက ညီလာခံမှာ မိန့်ကြားခဲ့ပါတယ်။ ဒါ့အပြင် သံဃာ့ညီလာခံကို တက်ရောက်လာကြတဲ့ သံဃာတော်တွေ နဲ့ နိုင်ငံတော် သံဃာ့နာယကအဖွဲ့ချုပ် ဆရာတော်တွေ ညီညွတ်ကြဖို့ သီတဂူဆရာတော် က တိုက်တွန်းခဲ့သလို ဗုဒ္ဓဘာသာ ရဟန်းတော်တွေအနေနဲ့ သည်းခံခွင့်လွှတ်ကြဖို့ကိုလည်း မိန့်ကြားခဲ့ပါတယ်။

"သံဃာတော် တစ်ထောင်ကျော်က အစည်းအဝေးမှာ စကားပြောပါဆိုတဲ့ အခွင့်အရေးဟာ ဗမာနိုင်ငံမှာ တစ်ခါမှမရဖူးဘူး၊ ဒီတစ်ခါဘဲ ရဖူးတယ်၊ ရှေးဦးစွာပြောချင်တာက အားလုံးဗုဒ္ဓရဲ့တပည့် သားသံဃာတွေ သည်းခံတော်မူကြပါလို့ ပြောချင်ပါတယ်၊ သည်းခံခြင်းရဲ့နောက်မှာ တဆက်တည်း မရှိမဖြစ်တာက ခွင့်လွှတ်တော်မူကြပါ၊ ဒီနှစ်ချက်၊ အဲဒါကြောင့် ဒီကနေ့ မွတ်စလင်ကလည်း ဘာပြောပြော၊ ခရစ်ယာန်ကလည်း ဘာပြောပြော၊ တိုင်းမ်မဂ္ဂဇင်းက ဘာပြောပြော၊ သည်းခံတော်မူကြပါ၊ သည်းမခံနိုင်ရင် တပည့်တော်တို့ လုပ်ငန်းစဉ်ကြီးတစ်ရပ်လုံးကို အန္တရာယ်ရှိနိုင်တယ်၊ သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းကို လိုက်နာကျင့်သုံးကြပါ”

နိုင်ငံတော်သြဝါဒစရိယ ဆရာတော်ကြီးတွေအပါအဝင် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က သံဃာတော်တွေ တစ်ထောင်ကျော်တက်ရောက်တဲ့ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒခံယူပွဲ သံဃာ့ညီလာခံမှာ သီတဂူဆရာတော် အရှင်ဥာဏိဿရက အခုလိုသြဝါဒ မိန့်ကြားလိုက်တာဖြစ်ပါတယ်။

ဒါအပြင် မျိုးစောင့်ဥပဒေလို့ခေါ်တဲ့ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေမူကြမ်းကို ဆွေးနွေးခဲ့ကြသလို အဲဒီဥပဒေမူကြမ်းဟာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ချိုးဖောက်တာမဟုတ်ဘူးလို့လည်း တက်ရောက်လာတဲ့ ရှေ့နေတွေက ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။

ဒီသံဃာ့ညီလာခံကို ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဆန်းတပ်ဦးကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် အရှင်ဥာဏိဿရအပြင်၊ နိုင်ငံတော်သြဝါဒါစရိယ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ၊ မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ဒေါ်စုသည် နိုင်ငံခြားတွင်ရှည်ကြာကနေလျက် နိုင်ငံခြားကို အနိုင်ယူပြီး ကုလားဘက်မှ ကာကွယ်ပေးခဲ့သော်လည်း မအောင်မြင်နိုင်ပေ....

From:rfa

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D