သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, June 28, 2013

ရန်ကုန်တိုင်းအတွင်း စိတ်ကြွဆေးပြားနှင့် ဆေးခြောက်သုံးစွဲမှု၊ ရောင်းဝယ်မှု များပြားလာ

ရန်ကုန်တိုင်းအတွင်း စိတ်ကြွဆေးပြားနှင့် 
ဆေးခြောက်သုံးစွဲမှု၊ ရောင်းဝယ်မှု များပြားလာ
Friday, June 28, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘိန်းဖြူဈေး ကြီးမြင့်လာသောကြောင့် သုံးစွဲသူ
 နည်းပါးလာပြီး စိတ်ကြွဆေးပြားနှင့် ဆေးခြောက် သုံးစွဲမှု၊ ရောင်းဝယ်မှုများ 
များပြားလာကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် 
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။

ရန်ကုန်မြို့ရှိ မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်တွင် 
ကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန် ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ 
မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ 
အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် လုံခြုံရေးနှင့် 
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း 
ဖြစ်ကြောင်း သိရသည်။

''ရန်ကုန်တိုင်း အတွင်းမှာ ယခင်က ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့သော်လည်း 
နောက်ပိုင်းမှာ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှု ပိုမိုများပြားလာတယ်။ 
ဓာတုဗေဒနည်း စနစ်များနဲ့ ထုတ်လုပ်တဲ့ စိတ်ကြွဆေးပြားတွေကို 
ရန်ကုန်မြို့တွင်းမှာ ဖမ်းဆီးရမိမှု ပိုမိုများပြားလာတာကို တွေ့ရတယ်'' ဟု 
ယင်းက ဆက်လက် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် မူးယစ်ဆေးဝါးများကို တရားမ၀င် 
သယ်ဆောင်ခြင်းများ၊ ရောင်းဝယ်ခြင်း၊ စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် 
သုံးစွဲနေမှုများကို တားဆီးနှိမ်နင်း ကာကွယ်ရေးအတွက် နယ်မြေခံ ရဲတပ်ဖွဲ့၊ 
မူးယစ်(အထူး)အဖွဲ့များနှင့် အကောက်ခွန် ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် 
လျက်ရှိကြောင်း သိရသည်။

နိုင်ငံတကာသို့ မြန်မာနိုင်ငံမှ သွားရောက်နေသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရာ 
လမ်းကြောင်းများတွင်လည်း ရန်ကုန်မြို့မှ တစ်ဆင့် ပို့ဆောင်ခြင်းများလည်း 
ရှိကြောင်း သိရသည်။

''မူးယစ်ဆေးဝါးတွေကို ရန်ကုန်လေဆိပ်နှင့် ရန်ကုန်ဆိပ်ကမ်းတို့မှ 
ဖမ်းဆီးရမိတာတွေ ရှိတယ်။ မူးယစ်ဆေးဝါး အမှုတွေကိုလည်း ထိရောက်ဟန့်တားတဲ့ 
ပြစ်ဒဏ် ရရှိအောင် တာဝန်ရှိတဲ့ ဌာနဆိုင်ရာတွေက ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ 
ဆောင်ရွက်ရမှာ ဖြစ်တယ်။ အမှုများကို မှန်မှန်ကန်ကန်နဲ့ 
မြန်မြန်ပြီးပြတ်နိုင်ရေး ကိုလည်း အလေးထား ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်''
 ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး 
ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားခဲ့သည်။

EMG
မူးယစ်ဆေးဝါး တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် 
လှော်ကားမြို့နယ်ရှိ အမှတ်(၁) ရဲတပ်ရင်းဝင်း၌ မူးယစ်ဆေးဝါးများကို 
မဖျက်ဆီးမီ တာဝန်ရှိသူများက စစ်ဆေးနေစဉ် (ဓာတ်ပုံ-အောင်ရဲကို)လှော်ကားမြို့နယ်ရှိ အမှတ်(၁) ရဲတပ်ရင်း ၀င်း၌ စစ်ဆေးနေစဉ် (ဓာတ်ပုံ-အောင်ရဲကို)
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘိန်းဖြူဈေး ကြီးမြင့်လာသောကြောင့် သုံးစွဲသူ နည်းပါးလာပြီး စိတ်ကြွဆေးပြားနှင့် ဆေးခြောက် သုံးစွဲမှု၊ ရောင်းဝယ်မှုများ များပြားလာကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။


ရန်ကုန်မြို့ရှိ မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်တွင် ကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန် ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


''ရန်ကုန်တိုင်း အတွင်းမှာ ယခင်က ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့သော်လည်း နောက်ပိုင်းမှာ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှု ပိုမိုများပြားလာတယ်။ ဓာတုဗေဒနည်း စနစ်များနဲ့ ထုတ်လုပ်တဲ့ စိတ်ကြွဆေးပြားတွေကို ရန်ကုန်မြို့တွင်းမှာ ဖမ်းဆီးရမိမှု ပိုမိုများပြားလာတာကို တွေ့ရတယ်'' ဟု ယင်းက ဆက်လက် ပြောကြားခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် မူးယစ်ဆေးဝါးများကို တရားမ၀င် သယ်ဆောင်ခြင်းများ၊ ရောင်းဝယ်ခြင်း၊ စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် သုံးစွဲနေမှုများကို တားဆီးနှိမ်နင်း ကာကွယ်ရေးအတွက် နယ်မြေခံ ရဲတပ်ဖွဲ့၊ မူးယစ်(အထူး)အဖွဲ့များနှင့် အကောက်ခွန် ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


နိုင်ငံတကာသို့ မြန်မာနိုင်ငံမှ သွားရောက်နေသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရာ လမ်းကြောင်းများ တွင်လည်း ရန်ကုန်မြို့မှ တစ်ဆင့် ပို့ဆောင်ခြင်းများလည်း ရှိကြောင်း သိရသည်။


''မူးယစ်ဆေးဝါးတွေကို ရန်ကုန်လေဆိပ်နှင့် ရန်ကုန်ဆိပ်ကမ်းတို့မှ ဖမ်းဆီးရမိတာတွေ ရှိတယ်။ မူးယစ်ဆေး ၀ါး အမှုတွေကိုလည်း ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ် ရရှိအောင် တာဝန်ရှိတဲ့ ဌာနဆိုင်ရာတွေက ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ရမှာ ဖြစ်တယ်။ အမှုများကို မှန်မှန်ကန်ကန်နဲ့ မြန်မြန် ပြီးပြတ်နိုင်ရေးကိုလည်း အလေးထား ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားခဲ့သည်။


EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D