သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 27, 2013

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံပွဲ ရန်ကုန်မြို့၌ ယနေ့ကျင်းပမည်

ဇွန်လ ၂၇ ရက် ၂၀၁၃

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအ တွက် သြ၀ါဒ ခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့ နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတွင် ယနေ့ (ဇွန် ၂၇ ရက်) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု ပဋိပက္ခများ မဖြစ်ပွားစေရေး အသိပညာပေး တားဆီးကာကွယ်ရန်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး စည်းရုံးရန်၊ အမျိုး၊ ဘာသာ၊ သာသနာ၊ တိုင်းပြည်နှင့် လူမျိုးကို တရားဥပဒေဖြင့် ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်ပြီး ယခုကဲ့သို့ သြ၀ါဒခံယူပွဲ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သြ၀ါဒ ခံယူပွဲသို့ နိုင်ငံတော် သြ၀ါဒါစရိယနှင့် သြဇာတိက္က မကြီးမားသော ဆရာတော်များ၊ စာသင်တိုက် ဆရာတော်များ၊ တိပိဋကတ် ဆရာတော်များ၊ ဓမ္မကထိကနှင့် ကမ္မဋ္ဌာနာ စရိယကျောင်းထိုင် ဆရာတော်များ ပါဝင်ဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံအတွင်း အကြမ်း ဖက်မှု ပဋိပက္ခများ မဖြစ်ပွားစေရေး အသိပညာပေး တားဆီးကာကွယ်ရန်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်း စွာ နေထိုင်နိုင်ရေး စည်းရုံးရန်၊ အမျိုး၊ ဘာသာ၊ သာသနာ၊ တိုင်းပြည်နှင့် လူမျိုးကို တရားဥပဒေဖြင့် ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်ပြီး ယခုကဲ့သို့ သြ၀ါဒခံယူပွဲ ကျင်းပ . . . . .

"သတင်းမီဒီယာ အားလုံးကို ဖိတ်ထားပါတယ်။ သတင်းမီဒီယာသမား အားလုံး တက်ခွင့်ရှိပါတယ်။ အစည်းအဝေးပြီးရင် ကြေညာချက် ထုတ်ပြန်သွားမှာပါ" ဟု သြ၀ါဒ ခံယူပွဲ ကျင်းပမှုနှင့် ပတ်သက်ပြီး သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသက မိန့်ကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် နိုင်ငံတကာတွင် ဗုဒ္ဓဘာသာအပေါ် အထင်လွဲမှားမှုများ ရှိနေရာ ဗုဒ္ဓဘာသာအား ငြိမ်းချမ်းသည့် ဘာသာအဖြစ် ကမ္ဘာက သိစေရန်နှင့် ပြဿနာများအား ငြိမ်းချမ်း စွာ ဖြေရှင်းနိုင်ရေး ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်း ဆွေးနွေးပွဲကို ဇွန် ၁၃ ရက်နှင့် ၁၄ရက်များ၌ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ရှိဓမ္မဒူတ ဇေတ၀န် တောရဆေကိန္ဒာရာမကျောင်းတိုက်တွင် ကျင်း ပခဲ့သည်။

နှစ်ရက်တာ ကျင်းပခဲ့သည့် ဆွေးနွေးပွဲ အခမ်းအနား အပြီးတွင် အချက်ငါးချက်ပါ ကြေညာချက် ထုတ်ပြန် ခဲ့ရာ ဗုဒ္ဓဘာသာသည် ကမ္ဘာ့အကောင်းဆုံး ဘာသာအဖြစ် နိုင်ငံတကာ အသိအမှတ်ပြု ခံထားရသည့် အားလျော်စွာ ဗုဒ္ဓဘာသာ ခေါင်းဆောင်များနှင့် ဗုဒ္ဓဘာသာဝင် တို့သည်လည်း မည်သည့်ပဋိပက္ခမျိုးမျှ မဖြစ်စေလိုဘဲ ငြိမ်းအေးစွာ နေထိုင်လိုသူများ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေ ထိုင်သော နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်ရေးမူကို ထောက်ခံကြောင်း ပါဝင်သည့် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D