သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, June 28, 2013

တိုင်း(မ်) မဂ္ဂဇင်း ဖြန့်ချိခွင့် ပိတ်ပင်မှုနှင့်ပတ်သက်ပြီး ဦးရဲထွဋ်ကို မေးမြန်းချက်

ဦးဝီရသူကို မျက်နှာဖုံးတင်ပြီး ရေးသားထားတဲ့ တိုင်း(မ်) မဂ္ဂဇင်းပါ The Face of Buddhist Terror ဆောင်းပါးကို မြန်မာနိုင်ငံအတွင်း မူရင်းစာစောင်အတိုင်းဖြစ်စေ၊ မိတ္တူပွားပြီးဖြစ်စေ ထုတ်လုပ်၊ ရောင်းချ၊ ဖြန့်ချိတာတွေမပြုလုပ်ဖို့ အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီက ဇွန် ၂၅ ရက်နေ့ ညမှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

တိုင်း(မ်)မဂ္ဂဇင်းပါ ဖော်ပြချက်ဟာ လူမျိုးရေးနဲ့ ဘာသာရေးအဓိကရုဏ်းတွေ ထပ်မံ မဖြစ်ပွားစေရေးအတွက် ကာကွယ်နိုင်ဖို့ ဇူလိုင် ၁ ရက်နေ့ ထုတ်ဝေဖြန့်ချိမယ့် တိုင်း(မ်)မဂ္ဂဇင်း အတွဲ ၁၈၂၊ အမှတ် ၁ ကို ထုတ်၊ ရောင်းနဲ့ ဖြန့်ချိတာတွေ မလုပ်ဖို့ ကြေညာလိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်း(မ်)မဂ္ဂဇင်းပါ ဖော်ပြချက်ဟာ နှစ်ပေါင်းထောင်ချီ တည်တံ့လာခဲ့ပြီး မြန်မာနိုင်ငံသားအများစု ကိုးကွယ်ရာဖြစ်တဲ့ ဗုဒ္ဓဘာသာနဲ့ သာသနာတော်အပေါ် အထင်အမြင် လွဲမှားစေပြီး လက်ရှိဆောင်ရွက်နေတဲ့ ဘာသာပေါင်းစုံတို့အကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်တဲ့အတွက် ကန့်ကွက်ကြောင်း နိုင်ငံတော်သမ္မတရုံးကလည်း ဇွန် ၂၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အရှင်ဝီရသူ မျက်နှာဖုံးပါ တိုင်း(မ်) မဂ္ဂဇင်းကို ထုတ်လုပ်၊ ရောင်းချ၊ ဖြန့်ချိတာတွေ မပြုလုပ်ဖို့ ကန့်သတ်လိုက်တာနဲ့ ပတ်သက်ပြီး သမ္မတရဲ့ပြောခွင့်ရသူ ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်နဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

From:DVB

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D