သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 29, 2013

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမည်ဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံရေး ဆွေးနွေးပွဲများကို လွှတ်တော်မှ ဦးစီးကျင်းပမည်

ကချင်ပြည်နယ် တာလောကြီးဒေသဌာနေ ပြည်သူ့စစ်များကို တွေ့ရစဉ်
ဇွန်လ ၂၉ ရက် ၂၀၁၃

နိုင်ငံတော်သမ္မတ ဦးဆောင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး အတွက် နိုင်ငံတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်မှု ကော်မတီမှ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်းက ပြောကြားသည်။ယင်းသို့ အပစ်အခတ် ရပ်စဲရေးများ ပြုလုပ်ပြီး နောက်ပိုင်း တွင် နိုင် ငံရေး ဆွေးနွေးပွဲများကို လွှတ်တော်မှ ဦးစီးဆောင်ရွက်နိုင်ရန် အတွက် လွှဲပြောင်းပေးရန် အစီအစဉ် ရှိပါကြောင်း ဦးအောင်မင်းက ဆက်လက် ပြောကြားသည်။

ဇွန် ၂၈ ရက် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း စဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။လက်ရှိ တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမှုများ ကို ပြည်နယ်အဆင့် ၁၇ ခု၊ ပြည်ထောင်စုအဆင့် ၁၈ ခု ရေးထိုးပြီး ဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရန် ကျန်ရှိနေသေးသည့် ကေအိုင်အိုနှင့် လက်မှတ်ရေးထိုးရန် သဘောတူညီချက်ရရှိပြီး ဖြစ်ကြောင်းနှင့် အဖွဲ့ငယ်များဖြစ်သော ပလောင်နှင့်လားဟူ အဖွဲ့များနှင့် လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များနှင့် ဆက်သွယ်ဆောင်ရွက် လျက်ရှိကြောင်း ဦးအောင်မင်းက ပြောကြားသည်။

''အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး ပြီးသွားပြီး လက်နက်ကိုင် အဖွဲ့တွေကိုလည်း မတရားအသင်း စာရင်းကနေ ပယ်ဖျက်ပေးနိုင်မယ်'' ဟု ဦးအောင်မင်းက ပြောကြားသည်။

ထို့ပြင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အောင်မြင်ခဲ့လျှင် လက်နက်ကိုင်အင်အား တစ်သိန်းခန့်၊ Refugee ဒုက္ခသည်အင်အား သုံးသိန်းခွဲခန့်နှင့် IDP အင်အား လေးသိန်း ခြောက်သောင်းခန့်နှင့် လက်နက်ကိုင်တို့နှင့် ဆက်နွှယ်နေသော ပြည်သူနှစ်သန်းခန့်တို့ ပြန်လည်ဝင်ရောက် လာနိုင်မည်ဖြစ်ပြီး ထိုသူများကို နိုင်ငံတော် အစိုးရမှ ပထမဦးစွာ မိုင်းရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ပြီးနောက် နေစရာ၊ စားစရာနှင့် နောင်ရေး အတွက် အလုပ်အကိုင်ပါ ဖန်တီးပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်ဟု ဦးအောင်မင်းကဆက်လက်ပြော ကြားသည်။

လက်ရှိတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရရှိသေးသော လက်နက်ကိုင် အဖွဲ့အစည်းများ အနက် ကေအိုင်အိုနှင့် အခြားအဖွဲ့အစည်း အငယ်များဖြစ်သော လားဟူလက်နက်ကိုင် အဖွဲ့နှင့် ပလောင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပါ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရရှိရန် ကြိုးစားလျက် ရှိကြောင်းလည်း ထည့်သွင်းပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ''ဒီနေ့လည်း ကျွန်တော်တို့ လွှတ်တော်ထဲမှာ ငြိမ်းချမ်းရေး အတွက် အဓိက လိုအပ်ချက်တစ်ခု ဖြစ်သော တန်းတူညီမျှရေးကိစ္စ အပါအ၀င် အုပ်ချုပ်ရေးဆိုင်ရာ ခွဲခြားမှု မရှိစေရေးအတွက် ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ အရေးသုံးပါးထဲက တစ်ခုဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အဓိက ဆွေးနွေးပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဆောင်ရွက်နေ ပါတယ်။ အရေးကြီးတာက စေတနာမှန်ဖို့ လိုပါတယ်။ ပွင့်လင်းဖို့၊ ရိုးသားဖို့ လိုပါတယ်'' ဟု သုံးသပ် ပြောကြားသည်။


Eleven

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D