သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 29, 2013

ငြိမ်းချမ်းရေးကို သဘောထားကြီးမှုဖြင့် တည်ဆောက်မှ ဒီမိုအသွင် ပြောင်းလမ်းကြောင်း ချောမွေ့မည်

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ရပ် သဘောတူညီမှု လက်မှတ်ရေး ထိုးပြီးနောက်ပိုင်း နိုင် ငံရေး ဆွေးနွေးမှုများ စတင်နိုင်ရန် လုပ်ငန်း ဖော်ေ ဆာင်မှု၌ ပါဝင်သူတို့၏ သဘောထားကြီးမှု သည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကြောင်း ကို ပိုမိုလွယ်ကူ ချောမွေ့စေ မည် ဖြစ်ကြောင်း ဒီမို ကရေစီအသွင် ကူးပြောင်းရေး လေ့လာသူအချို့က သုံးသပ်သည်။

တပ်မတော်က ကမကထပြု အသွင်ကူးပြောင်း သော ဒီမိုကရေစီအသွင် ကူးပြောင်းမှုများ၏ တစ် ဝက် သည် အောင်မြင်မှုမရှိခြင်းနှင့် မအော င်မြင် သော နိုင်ငံများ၏ စံနှုန်းများအားလုံး မြန်မာနိုင်ငံ အတွင်း၌  ရှိေ နခြင်းကြောင့် အသွင်ကူးပြောင်းမှု လွယ်ကူချောမွေ့စေရန် ယင်းလုပ်ငန်းေ ဖ်ာဆောင် မှု ၌ ပါဝင် သူတို့၏ သဘော ထားနှင့် လုပ်နိုင်စွမ်း သည်အရေး ကြီးခြင်းဖြစ်ကြောင်း၎င်းတို့ကဆိုသည်။

”အနာဂတ်ကို ဖြစ်စေချင်တာက တပ်မတော် ခေါင်းဆောင်ပိုင်းကလည်း လုံခြုံရေးရှုထောင့်ကနေ ကြည့် ရင်းကနေပြီးတော့မှ တိုင်းရင်းသားတွေ ဘက် က တုံ့ပြန်မှုကလုံခြုံရေးရှုထောင့်ကိုကျော်ပြီးတော့ ယုံကြည် မှုတွေရ လာတဲ့အခြေအနေမှာ တဖြည်း ဖြည်း ပိုပြီးတော့ညင်သာလာမယ်လို့ ထင်ပါတယ်” ဟုMyanmar Peace Center မှ အကြီးတန်းအကြံ ပေး ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ဦးလှမောင် ရွှေက ပြောသည်။

မြန်မာနိုင်ငံ၌ များပြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များအပြင် လူထုအခြေပြု အဖွဲ့ အ စည်းများအားနည်းခြင်းကြောင့် အသွင် ကူးပြောင်းမှု လုပ်ငန်းစဉ်သည် အတိမ်းအစောင်းမခံ သောအခြေ အနေဖြစ် ပြီး ယင်းအပေါ်စိုးရိမ်မိ ကြောင်း ၄င်းကပြောသည်။

လက်ရှိအချိန်၌တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်း ၁၃ ဖွဲ့နှင့် အပစ် အခတ်ရပ်စဲရေး သဘောတူ ညီမှု လက်မှတ်ရေးထိုး ထားနိုင်ပြီဖြစ်ပြီး သဘောတူလက်မှတ်ရေးထိုးရန် ၄ ဖွဲ့ကျန်ရှိနေကြောင်း ငြိမ်းချမ်း
ရေးဖော်ဆောင် မှုလုပ်ငန်းကော်မတီအဖွဲ့ဝင် အချို့ထံမှသိရသည်။

ယင်း ၄ ဖွဲ့အနက် ကချင်လွတ်မြောက်ရေး တပ်မတော် ( ကေအိုင်အို)နှင့် ဇွန်လကုန်၌ အပစ် အခတ်ရပ် စဲ
ရေး အပြီးသတ် သဘောတူညီမှုလက် မှတ်ရေးထိုးနိုင်ပါက ဇူလိုင်လအတွင်း တစ်နိုင်ငံ လုံးအတိုင်းအတာ အပစ် အခတ်ရပ်စဲရေးသဘော တူညီမှုလက်မှတ်ရေးထိုးခြင်း ကို ဆောင်ရွက် သွား မည်ဖြစ်ပြီး ကေအိုင် အို
နှင့် သဘောတူလက်မှတ်ရေး ထိုးနိုင်မှုသည်နို င်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ် အနှေးအမြန်၏ အဓိကသော့ ချက်ဖြစ်ကြောင်း Myanmar Peace Center မှအပစ်အခတ်ရပ်စဲရေး ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောသည်။

”အခြားအဖွဲ့သေးလေးတွေ ကျန်နေသေးပေ မယ့် ကေအိုင်အိုနဲ့အဆင့် ကို ကျော်သွားရင်တော့ အဆင့်နဲ့
ကြည့်မယ်ဆိုရင် နိုင်ငံရေးဆွေးနွေးမှု ကိုသွားနိုင်မယ့် အဆင့်လို့ပြောရမှာပေါ့” ဟု ၄င်းက ပြောသည်။

နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းစဉ်၌ အဆင့်များ စွာရှိပြီး ယင်းသည် ကာလ မည်မျှကြာအောင်ဆောင် ရွက် ရမည်ကို ခန့်မှန်းနိုင်ခြင်းမရှိသေးဘဲ ပါဝင်ဆွေး နွေးသူများ၏ တိုင်းပြည်အပေါ်ထားရှိသော စေတနာသည် လုပ်ငန်းအောင်မြင်မှုကိုဖြစ်ထွန်းစေ မည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မှပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းမြင့် ကပြောသည်။

”အဲဒီအဆင့်မှာ ဘယ်သူတွေပါဝင်မယ်ဆိုတာ ကတော့ ကျွန်တော်လည်း မသေချာဘူး”ဟုငြိမ်းချမ်း ရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေ ကပြော သည်။၂ဝ၁၅ ခုနှစ်မတိုင်မီ ငြိမ်းချမ်းရေးဖော်ဆောင် ရေး လုပ်ငန်းကော်မတီ အနေဖြင့် အပစ်အခတ်ရပ်စဲ ရေးနှင့် တည်ငြိမ်မှုရရှိရန် ဆောင် ရွက်နိုင်မည်ဖြစ်ပြီး မည်မျှအထိ ဆောင်ရွက်နိုင်မည်ဆိုသည် ကဆွေး နွေးသူ များ၏ ဆွေးနွေးနိုင်မှုအပေါ်မူတည်ကြောင်း ၄င်း ကဆိုသည်။ ၂ဝ၁၁ ခုနှစ် မတ်လ ၃ဝ ရက်က ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ယူသောအရပ်သား အစိုးရ လက်ထက် သက်တမ်းနှစ်နှစ်တာအတွင်း တိုင်းရ င်းသားလက်နက် ကိုင်အဖွဲ့အစည်း ၁၃ ဖွဲ့ နှင့် အပစ် အ ခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေး ထိုးနိုင်ခဲ့ကာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ မြန်မာနိုင် ငံလုံး ဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး( ABSDF )၊ရခိုင် တပ်မ တော်( AA) နှင့် တအောင်း လွတ်မြောက်ရေး အဖွဲ့(TNLA)တို့နှင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီမှု မရရှိသေးကြောင်း သိရ သည်။


သတင်း - ဥာဏ်လင်းအောင်
Popular Myanmar News Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D