သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, June 28, 2013

“ဘော်စတွန်မာရသွန်ဗုံးခွဲမှု သံသယတရားခံက ဗုံးပြုလုပ်မှုကို အင်တာနက်မှ နည်းလမ်းရှာ”

ဘော်စတွန် မာရသွန် ဗုံးခွဲမှုတွင် သံသယ တရားခံအဖြစ် ဖမ်းဆီးခံထားရသူ ဇိုခါဆာနေ့ဗ်သည် ၎င်းတို့ ညီအစ်ကို အသုံးပြုခဲ့သည့် ဗုံးကို ပြုလုပ်ရန်အတွက်အင်တာနက်မှ နည်းလမ်းရှာခဲ့ကြောင်း သိရှိရသည်။

အမေရိကန် ထောက်လှမ်းရေး အရာရှိများက မိမိတို့၏ စစ်ချက်အရ ဇိုခါသည် အယ်လ်ကေးဒါး အကြမ်းဖက် အဖွဲ့က ထုတ်ဝေသည့် မဂ္ဂဇင်း တစ်ခုတွင် ပါဝင်သော ဗုံးပြုလုပ်နည်း လမ်းညွှန်ကို #Download ပြုလုပ်ကာ ယခုကဲ့သို့ ဗုံးများ ဖန်တီးခဲ့ခြင်းဟု ပြောကြားခဲ့သည်။

ဇိုခါသည် လတ်တလောတွင် တရားရုံး စွဲချက်ပေါင်း (၃၀)နှင့် ရင်ဆိုင်နေရပြီး အမြင့်ဆုံး ပြစ်ဒဏ်မှာသေဒဏ် ထိ ချမှတ်ခံရမည့် အခြေအနေရှိနေသည်။ ၎င်းသည် ဗုံးဖောက်ခွဲမှုနှင့် ဆက်စပ်သော စွဲချက်များအပြင်ရဲတပ် ဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်ပြီး ကားလုယက်မှုအတွက်ပါ စွဲချက်အသစ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ကမ္ဘာကို တုန်လှုပ်စေခဲ့သည့် ဘော်စတွန်မြို့၊ မာရသွန်ပြိုင်ပွဲ ပန်းဝင်ခါနီးနေရာ၌ ဗုံးခွဲမှုအတွင်း ဇိုခါနှင့်အတူ ပူးပေါင်းကြံစည်သည့် အစ်ကိုဖြစ်သူ တာမာလန် ဆာနေ့ဗ်မှာမူ သေဆုံးခဲ့ပြီး ဖြစ်သည်။ "တာမာလန်အတွက် တရားမျှတမှုက နောက်ဘဝမှာ စီရင်နေပါလိမ့်မယ်။ ဒါပေမဲ့ သူ့ညီကတော့ မက်ဆာချူးဆက်မှာတိကျ ထိုက် တန်တဲ့ တရားစီရင်မှုနဲ့ ကြုံရမှာပါ"ဟု ဆက်ဖော့ခ်ခရိုင် တရားသူကြီး ဒန်နီရယ်လ် ကွန်လီက ပြောကြားခဲ့ သည်။

၎င်းတို့နှစ်ဦး၏ အကြမ်းဖက်မှုတွင် အင်တာနက်မှ ရယူခဲ့သည့် အကြမ်းဖက်မှုဆိုင်ရာသတင်းအချက်အလက် များက အဓိက လွှမ်းမိုးမှု ဖြစ်ခဲ့လိမ့်မည်ဟု သတင်းများက ဆိုသည်။ ခါနေ့ဗ်ညီအစ်ကို၏ လက်ချက်ကြောင့် ဧပြီလ (၁၅)ရက်နေ့က ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်လာပြီး လူပေါင်း (၃) ဦး သေဆုံးကာ (၂၆၀)ကျော် ဒဏ်ရာရခဲ့သည်။

၎င်းတို့သည် ဖိအားဖြင့် အလုပ်လုပ်သည့် မီးဖိုနှစ်လုံးကို အသုံးပြုကာ လက်လုပ်ဗုံးများ ဖန်တီးပြီး ပန်းဝင်ခါနီး နေရာတွင် ချထားခဲ့ခြင်း ဖြစ်သည်။ ဇိုခါက "အမေရိကန် အစိုးရဟာ ကျုပ်တို့ရဲ့ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာပဲ။ ဒီလို မကောင်းဆိုးရွားတွေကိုအပြစ်မပေးဘဲ ကျုပ်တို့မျက်ကွယ် မပြုနိုင်ဘူး။မွတ်ဆလင် တွေဟာ တစ်သားတည်းရှိတယ်။ မွတ်ဆလင်တစ်ယောက်ကို နာကျင်စေတာဟာ အားလုံးကိုနာကျင်စေတာ
နဲ့ အတူတူပဲ"ဟု တရားရုံးတွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။

၎င်းတို့ ညီအစ်ကို နှစ်ဦးသည် ရုရှားနိုင်ငံ၊ ဒါဂီစတန်နှင့် ချေချင်းညာဒေသတို့နှင့် ဆက်နွယ်မှုရှိပြီးအမေရိကန် နိုင်ငံတွင် ဆယ်စုနှစ်နှင့်ချီ ကြာညောင်းအောင် နေထိုင်ခဲ့ပြီး ဖြစ်သည်။

Planet Myanmar Network

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D