သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 29, 2013

ရှမ်းအမျိုးသမီးငယ် ညီအစ်မ(၂)ဦးအား KIA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်မှု မိုးမောက်မြို့နယ်တွင် ဖြစ်ပွား

မိုးမောက်မြို့နယ်၊ မိုင်းခတ်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ လယ်ကွင်း၌ ကောက်စိုက်ပျိုးနေသော မိုင်းခတ်ရွာနေ ရှမ်းအမျိုးသမီး ညီအစ်မ(၂)ဦးအား KIA အဖွဲ့တစ်ဖွဲ့က သေနတ် များဖြင့်ချိန်၍ ဇွန် ၂၇ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“သူတို့ညီအစ်မ နှစ်ယောက်တည်း အဲဒီလယ်မှာ ကောက်စိုက်နေကြတာ၊ လယ်ပိုင်ရှင်ကတော့ ဒီမိုင်းခတ် ရွာသား ကချင်လူမျိုးတစ်ဦး ဖြစ်ပါတယ်.. အကြီးမ မအေးတင်က (၁၈)နှစ်၊ အငယ်မ မဌေးရီက(၁၆)နှစ်ပဲ ရှိသေးတာ၊ အဲဒီ KIA အဖွဲ့က လာဖမ်းတုန်းက လယ်ပိုင်ရှင်ကလည်း ဘာမှဝင်မပြော လို့နေမှာပေါ့၊ ဘယ်ပြော မလဲ.. သူတို့ ကချင်လူမျိုးမှ မဟုတ်တာ၊ ယောင်္ကျားတွေကို လူသစ်စုလို့ အားမရသေးဘဲ မိန်းကလေးတွေကို အခုလို ဖမ်းဆီးတာကတော့ တော်တော်တရားလွန်သွားပြီ.. တာဝန်ရှိသူကို သွား တိုင်ရမှာပဲ၊ အပြစ်မရှိတဲ့ မိန်းကလေး ၂ ယောက်ရဲ့ ဘ၀အတွက် စိုးရိမ်ရပါတယ်.. အဲဒီ KIA က ကောင်တွေ လူစိတ်ကို မရှိတာ၊ ငါတို့ ရှမ်းမှာလည်း စစ်တပ်ရှိတာပဲ၊ သူတို့ ကချင်မတွေကို ပြန်ဖမ်းခိုင်းရင် သူတို့ ဘယ် လိုနေကြမလဲ မသိဘူး ” ဟု ဒေသခံရှမ်းလူမျိုး ရွာသားတစ်ဦးက ပြောပြခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ မြို့သစ်မြို့နယ်ရဲစခန်းသို့ မိုင်းခတ်ရွာသား ရှမ်းလူမျိုးများက တိုင်တန်းခဲ့ရာ ၎င်းရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။

နော်တူးဇော်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D