သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 29, 2013

ငြိမ်းချမ်းရေးအတွက်လမ်းလျှောက်သူ(သို့ မဟုတ်) ကျည်ဆံဘုရားနှင့် လက်ဝါးကပ်တိုင်ဖော်ဆောင်သူ ဦးဝင်ချိုနှင့်ခဏတာ

ဇွန်လ ၂၉ ရက် ၂၀၁၃

ကချင်ပြည်နယ်ကြီးငြိမ်းချမ်းစေရန်အတွက်ရန်ကုန်မြို့မှ မြန်မာပြည်မြောက်ပိုင်းကချင် ပြည်နယ်၊လိုင်ဇာမြို့ အထိခြေလျင် လမ်းလျှောက်ငြိမ်းချမ်းရေးဖော် ဆောင်ကြပြီး မိုးညှင်းမြို့မှဖြတ် သန်းသည့် ကိုရန်နိုင်ထွန်း ၊ကို စည်သူတို့နှင့်အတူဦးဆောင်ခဲ့ သည့် ဦးဝင်းချို သည်ငြိမ်းချမ်း ရေးကို အလွန်မြတ်နိုးသူတစ်ဦး ဖြစ်ပေ သည်။

အသက်အရွယ်နှင့် မလိုက်လူငယ်များနှင့်အတူငြိမ်းချမ်း ရေး ဖော်ဆောင်ခဲ့သူ ဦးဝင်း ချိုသည် ယခုအခါ ကချင်ပြည်နယ်တိုက်ပွဲ များ ဖြစ်ပွားစဉ်ကကောက်ယူ စု ဆောင်းထားခဲ့သော သေနတ် ကျည်ဆန်အမျိုး မျိုးဖြင့်ဗုဒ္ဓရုပ်ပွား တော်တစ်ဆူနှင့်လက်ဝါးကပ်တိုင် တစ်ခုတို့ဖော်ဆောင်ကာ ကချင် ပြည်နယ် ထာဝ ရငြိမ်းချမ်းစေရန် ရည်ရွယ်လျက် လိုင်ဇာမြို့သို့ ပို့ ဆောင်မည်ဖြစ်ကြောင်း အင်တာ နက်စာမျက်နှာ တွင်တွေ့ရှိရပေ သည်။

အဆိုပါဗုဒ္ဓရုပ်ပွားတော် တစ်ဆူနှင့်လက်ဝါးကပ်တိုင်တို့ ကို မော်တော်ယာဉ်(၂)စီးဖြင့် သယ်ဆောင်လာသော ဦးဝင်းချို နှင့်အဖွဲ့သည်ဇွန်လ(၁၈)ရက်နေ့ ည(၁၀)နာရီအချိန်ခန့်တွင် မိုညှင်းမြို့သို့ရောက်ရှိခဲ့ကြပြီး နတ် ကြီးကုန်းရပ်ကွက်၊ဗုဒ္ဓပိယ ကျောင်းတိုက၌ တစ်ညတာ ရပ်နားခဲ့သည်။စာရေးသူနှင့် မီဒီယာအဖွဲ့သည် ဇွန် လ(၁၉) ရက်နေ့ နံနက်(၇)နာရီအချိန်တွင် ငြိမ်းချမ်းရေးသမားကြီး ဦးဝင်းချို နှင့်သွားရောက်တွေ့ဆုံ၍ သိ ရှိလို သည်များကို မေးမြန်းခဲ့ကြသည်။

““မင်္ဂလာပါ ဦးဝင်းချို””

““မင်္ဂလာပါ မိုးညှင်းမီဒီယာ””

““ဦးဝင်းချိုတို့ပင့်ဆောင်လာ တဲ့ ဗုဒ္ဓရုပ်ပွားတော်နဲ့လက်ဝါး ကပ်တိုင်အကြောင်း သိပါရစေ””

““အခုပင့်ဆောင်လာတဲ့ မနောဝိမုတ်္တိရသ ငြိမ်းချမ်းရေး ဆုတောင်းပြည့်ဗုဒ္ဓရုပ်ပွားတော် နဲ့လက်ဝါးကပ် တိုင်ကို ကျွန်တော် တို့ငြိမ်းချမ်းရေး အဖွဲ့ခြေလျင် ခရီးနဲ့လိုင်ဇာကိုသွားရောက်စဉ်က ၀ိုင်းမော်မြို့နဲ့ လိုင်ဇာအကြားမှာ တိုက်ပွဲဖြစ်စဉ်က လမ်းမပေါ်မှာ ပျံ့ကြဲနေတဲ့ကျဉ်ဆန်အခွံတွေကို ကောက်ယူ စုဆောင်းထားတဲ့ ကျည်ဆန်တွေနဲ့ပုံဖော်ထားတာပါ””

ဗုဒ္ဓရုပ်ပွားတော်သွန်း လောင်းဖို့ အတွက်ကျည်ဆန်အခွံ (၁၃)ပိဿာကို ကျိုချက်သန့်စင် လိုက်တဲ့အခါ သန့်စင်တဲ့ကြေး (၁၁)ပိဿာရရှိပါတယ်။ အဲဒီ ကြေး တွေနဲ့မန္တလေးမြို့က ကြေးသွန်း ပညာရှင်ဦးဖဲနိဗ္ဗာန် ကုန်ဆိုင်မှာအပ်နှံပြီးသွန်းလောင်းခဲ့ပါ တယ်။လက်ခ ၁၀၅၀၀၀ကျပ် ကျပါတယ်။

လက်ဝါးကပ်တိုင်ကိုတော့ကျည်ဆန်အခွံ(၁၁၁၆)တောင့်ပုံ ဖော်ထားပါတယ်။ကြေးသွန်း လောင်းထား တဲ့ဗုဒ္ဓရုပ်ပွားတော်ကို ဇွန်လ(၁၆)ရက်နေ့မှာ မန္တလေး မြို့ရေတော်တိုက်မှာ အနေကဇာ တင်ပြီး မနော ၀ိမုတ်္တိရသငြိမ်းချမ်း ရေးဆုတောင်းပြည့်ဗုဒ္ဓဆင်းတု တော်အဖြစ်ဘွဲအမည်ပေးခဲ့ပါ တယ်။အဲဒီဇွန်လ (၁၆)ရက်နေ့မှာ ပဲ မန္တလေးမြို့မဟာမြတ်မုနိရုပ်ရှင် တော်မြတ်ထံမှာ ရင်ငွေ့လှုံခဲ့ပြီး ကချင်ပြည်နယ်ခရီး စဉ်ကို စခဲ့ပါ တယ်။””

““လိုင်ဇာမြို့ရောက်ရင် ဆောင်ရွက်မဲ့လုပ်ငန်းစဉ်ကလေး ပြောပြပါဦး””

““လိုင်ဇာမြို့ကိုရောက်ရင် အခုပင့်ဆောင်လာတဲ့ ဗုဒ္ဓရုပ်ပွား တော်နဲ့လက်ဝါးကပ်တိုင်ကို သက် ဆိုင်သူတွေ ထံပေးအပ်မှာပါ။ လက်ရှိ အဆက်အသွယ်အရ လက်ဝါးကပ်တိုင်ကိုလက်ခံမယ့် ဘာသာရေးအဖွဲ့ရှိထားပေ မယ့်ဗုဒ္ဓ ရုပ်ပွားတော်ကို လက်ခံမယ့် ဘာသာရေးအသင်းအဖွဲ့မရှိသေး ပါဘူး။အဲဒီမှာ ဗုဒ္ဓဘာသာဘုန်း ကြီးကျောင်းမရှိဘူးလို့သိရပါတယ်””

““တကယ်လို့ ဗုဒ္ဓရုပ်ပွား တော်ကိုလက်ခံထိန်းသိမ်းကိုးကွယ် မယ့်လူမရှိရင်ဘယ်လိုဆောင်ရွက် မှာပါလဲ””

““အဲဒီလို လက်ခံမယ့်လူမရှိ ရင် အခြေအနေအရပြန်လည် ပင့်ဆောင်လာမှာပါ။အဲဒီလိုပြန် လည်ပင့်ဆောင် လာတဲ့ ၀ိမုတ်္တိ ရသ ငြိမ်းချမ်းရေးဆုတောင်း ပြည့်ဗုဒ္ဓရုပ်ပွားတော်ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ထံအပ်နှံ မှာ ဖြစ်ပါတယ်””

““နောက်ဆုံးအနေနဲ့ဦးဝင်းချို ပြောချင်တာလေးများရှိရင်ပြော ပေးပါ””

““ဟုတ်ကဲ့ခင်ဗျာ။ ကျွန် တော်တို့နိုင်ငံမှာစစ်ပွဲတွေရပ်ပြီး တစ်နိုင်ငံလုံးငြိမ်းချမ်းစေချင်ပါ တယ်။စစ်ပွဲတွေမှာ ကုန်ကျနေတဲ့ ကုန်ကျစရိတ်တွေကို ကျွန်တော် တို့ နိုင်ငံအတွက် အမှန်တကယ် လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာ ရေး ကဏ္ဍတွေမှာသုံးစွဲနိုင်ရင် အလွန်တရာအကျိုးရှိမှာပါ။ ကျွန်တော်အနေနဲ့မြန်မာပြည် ကြီးသာမ က တစ်ကမ္ဘာလုံးငြိမ်း ချမ်းစေချင်ပါတယ်ခင်ဗျာ””

““ဟုတ်ကဲ့ အခုလိုဖြေကြား ပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်””

““ကျွန်တော်ကလည်းပြောချင် တာလေးတွေ ပြောပြခွင့်ရတဲ့ အတွက် မိုးညှင်းမီဒီယာအဖွဲ့ကို ကျေးဇူး တင် ပါတယ်””

အဆိုပါဦးဝင်းချိုနှင့်ငြိမ်းချမ်း ရေးလိုလားသူများ အဖွဲ့သည် ဗုဒ်္ဓ ရုပ်ပွားတော်နှင့် လက်ဝါးကပ် တိုင် ကို မော်တော်ယာဉ်(၂)စီးဖြင့် ပင့်ဆောင်၍မိုးညှင်းမြို့အတွင်း လှည့်လည်အပူဇော်ခံကာ မြစ်ကြီးနား ဘက်သို့ဆက်လက် ထွက်ခွာသွားခဲ့ကြကြောင်းသိရှိရ ပါသည်။

သစ္စာ(မိုးညှင်း)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D