သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 29, 2013

သွေးဆုံးချိန်နှင့် အမျိုးသမီး ကျန်းမာရေး

သွေးဆုံးချိန်နှင့် အမျိုးသမီး ကျန်းမာရေး သွေးဆုံး ချိန်နဲ့ သွေးဆုံး အကြိုကာ လဟာ အမျိုးသမီး တွေရဲ့ ကျန်းမာရေး အပေါ် သက်ရောက်မှု ရှိပါတယ်။ သွေး ဆုံးချိန်မှာ သင့်ခန္ဓာကိုယ် အပေါ် ဘယ် လိုသက်
ရောက် မှုတွေ ရှိသလဲ ဆိုတာ သိနားလည် ထားမှ သွေးဆုံး ပြီးချိန်မှာ ကျန်းမာရေးကောင်းမွန်အောင်
ထိန်း သိမ်းရမယ့်နည်းတွေကို သဘောပေါက် မှာ ဖြစ်ပါတယ်။

သွေးဆုံးချိန် လက္ခဏာများ သွေးဆုံးချိန် လက္ခဏာတွေက အမျိုးသမီး တိုင်းမှာ မတူညီတတ်ပါဘူး။ အမျိုးသမီး ကျန်းမာရေးစင်တာရဲ့ လေ့ လာမှုအရ သွေးဆုံးချိန်မှာ ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေကတော့
    * - ညဘက် ချွေးထွက်တာ၊
    * - ပူစပ်ပူလောင်ဖြစ်ပြီး ချမ်းတုန်တာ၊
    * - ဝမ်းနည်းပြီး စိတ်ထိခိုက်လွယ်တာ၊ စိတ်မသက်မသာဖြစ်တာ စတဲ့ စိတ်ပိုင်း ဆိုင်ရာ အခြေအနေတွေ ဖြစ်တာ၊
    * - ည ည အိပ်မောကျဖို့ ခက်ခဲတာ၊ - မိန်းမကိုယ်ခြောက်သွေ့တာ၊
    * - ရာသီလာတဲ့ ဖြစ်စဉ် အပြောင်းအလဲ၊
    * - အာရုံစူးစိုက်နိုင်စွမ်း ခက်ခဲတာ၊ အရာရာကို သတိရဖို့ ခက်ခဲတာ၊
    * - ဆံပင်ကျွတ်တာ (တစ်ခါတစ်ရံ မျက် နှာ အမွေးအမှင်တွေ ထူလာတတ်ပါ တယ်)

သွေးဆုံးချိန်နှင့် အရိုးထုထည် ဆုံးရှုံးမှု
ဆက်စပ်နေတဲ့ ဟော်မုန်းတစ်မျိုးပါ။ သွေး ဆုံးချိန်အတောအတွင်း အီစထရိုဂျင်အ ဆင့် လျော့ကျသွားတာ
ကြောင့် သွေးဆုံး ပြီးချိန်မှာ အမျိုးသမီး အများစုဟာ အရိုး ထုထည် ဆုံးရှုံးနေတတ် ပါတယ်။ အရိုး တွေ ပိုမို အားနည်းလေလေ၊ ကျိုးဖို့ ပို လွယ်လေလေပါပဲ။ အရိုး သိပ်သည်းဆ ဆုံးရှုံးပြီး အလွန်အားနည်း တာကို အ
ရိုး ပါးရောဂါလို့ ခေါ်ပါတယ်။ ဒါကြောင့် သွေးဆုံးအကြိုအမျိုးသမီးတွေနဲ့ အ သက် ၆၅ နှစ်နဲ့ အထက် အမျိုး
သမီးအားလုံး အရိုးသိပ်သည်းဆ စစ်ဆေးမှုခံယူ သင့်တယ်လို့ အမျိုးသား အရိုးပါး ရောဂါ ဖောင်ဒေးရှင်းက အကြံပြုထား ပါတယ်။
အရွယ်မတိုင်မီ သွေးဆုံးခြင်း
အရွယ်မတိုင်ခင် သွေးဆုံးတာနဲ့ ငယ်ငယ်ရွယ်ရွယ် သွေးဆုံးတာ တွေဟာ ပုံမှန် သွေးဆုံး တာထက် ကျန်း
မာရေးအ ပေါ် ပိုပြီး ထိခိုက်စေ နိုင်ပါတယ်။ အရွယ် မတိုင်ခင် သွေးဆုံး တယ်ဆိုတာ အသက် ၄၀ မပြည့်မီ
သွေးဆုံးတာကို ခေါ်တာ ဖြစ်ပြီး လက္ခဏာတွေကတော့ ပုံမှန်သွေးဆုံးတာနဲ့ ဆင်တူပေမယ့် ပိုပြီး ပြင်းထန် တတ်ပါတယ်။ ငယ်ရွယ်ချိန် သွေးဆုံးတဲ့ အမျိုးသမီး တွေဟာ အရိုးထုထည် ဆုံးရှုံး မှုနဲ့ အရိုးပါး ရောဂါဖြစ်
နိုင်ခြေ အန္တရာယ် ပိုမိုမြင့်တက် နေပါတယ်။
သွေးဆုံးချိန်နှင့် နှလုံးရောဂါ စထရိုဂျင်အဆင့် လျော့ကျ သွားတာ ကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုမိုမြင့် တက်နေပါတယ်။ သွေးဆုံးပြီး ချိန်မှာ အ မျိုးသမီးတွေ အနေနဲ့ နှလုံးရောဂါ ဖြစ် နိုင်ခြေရှိ၊ မရှိ သိအောင်
သွေးဖိအား တိုင်းတာမှု၊ သွေးတွင်း ထရိုင်ဂလစ်စရိုက် အဆီ၊ သွေးတွင်း ဂလူးကို့စ်နဲ့ ကိုလက်စထ ရော စစ်ဆေးမှုတို့ကို ခံယူသင့် ပါတယ်။
သွေးဆုံးချိန်နှင့် စိတ်ကျန်းမာရေး
မက်ဆာချူးဆက် အထွေထွေဆေး ရုံရဲ့ လေ့လာမှုအရ တချို့ အမျိုးသမီးတွေ ဟာ သွေးဆုံးချိန်ရောက် လာတဲ့အခါ စိတ်ဓာတ် ကျတဲ့ အန္တရာယ်မြင့် တက်နေ ပါတယ်။
ဒါက ဟော်မုန်းအပြောင်းအလဲ ကြောင့် ဖြစ်နိုင်သလို ညည အိပ်မပျော် တာနဲ့ တခြားသွေးဆုံးချိန် ဖြစ်တတ်
တဲ့ လက္ခဏာတွေကြောင့်လည်း ဖြစ်နိုင်ပါ တယ်။ သွေးဆုံးချိန်မှာ စိတ်ဖိစီးမှုလည်း ဖြစ်တတ် ပါတယ်။ ဒီအချိန်မှာ စိတ်ဖိစီး မှုနဲ့ စိတ်ဓာတ်ကျ ဝေဒနာ မရအောင်နေ ထိုင်ဖို့ လိုအပ်သလို စိတ်ခံစားမှု အပြောင်း အလဲတွေ ဖြစ်ပေါ်လာရင် ဆရာဝန်နဲ့ ဆွေးနွေးပြီး ကုသသင့်တာ ကုသမှုခံယူ ဖို့ လိုအပ် ပါတယ်။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

By Good Health

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D