သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 27, 2013

မြန်မာအမျိုးသမီးများနေ့ ၀တ်စား ဆင်ယင်ထုံးဖွဲ့မှုပြပွဲ လက်မှတ်များ ၀ယ်ယူနိုင်ပြီဖြစ်

ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့မှ လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာ ကျရောက်မယ့် မြန်မာ အမျိုးသမီးများ နေ့ကို ကြိုဆို ဂုဏ်ပြုတဲ့ အနေနဲ့
ဇွန်လ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့များမှာ ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြုလုပ် သွားမယ့် ယဉ်ကျေး ခေတ်မီ မေပန်းချီ ဂုဏ်တင့်ဝံ့ကြွား မြန်မာအမျိုးသမီးများ ၀တ်စား ဆင်ယင် ထုံးဖွဲ့မှုပြပွဲနဲ့ တော်ဝင် စံထားမြန်မာနှစ်ပါးသွား ဖျော်ဖြေပွဲကြီးကို ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ဖျော်ဖြေပွဲကြီးကို ကြည့်ရှု လိုသူများ အတွက် လက်မှတ်များကို ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံ၊ ဒဂုံစင်တာ၊ ရန်ကင်းစင်တာ၊ Junction Square ၊ Junction Mawtin နဲ့ တော်ဝင်စင်တာ အစရှိတဲ့ နေရာများမှာ လက်မှတ်များ ၀ယ်ယူရရှိနိုင်ပြီး လက်မှတ်ခ နှုန်းထားများကိုတော့ သုံးထောင်၊ ငါးထောင်၊ တစ်သောင်း အစရှိသဖြင့် သတ်မှတ် ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခုနှစ်ဟာ ၁၀ နှစ်ပြည့် မြောက်တဲ့ နှစ်ဖြစ်တာကြောင့် တစ်မူထူးခြားတဲ့  စီစဉ် တင်ဆက်မှုများနဲ့ ပြုလုပ် သွားမယ်လို့ သိရပါတယ်။


ဖျော်ဖြေပွဲမှာတော့ ယနေ့ရုပ်ရှင်၊ သဘင်နဲ့ ဂီတလောကမှ ပြည်သူချစ်အနုပညာရှင်၊ မော်ဒယ်များနဲ့ တင်ဆက်သွားမှာဖြစ်ပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့အညီ ၀တ်စားဆင်ယင်မှုများ၊ ရိုးရာဓလေ့များကို အခြေခံကာ မြန်မာမှု ပြုလုပ်ထားတဲ့ ဆင်ယင်ထုံးဖွဲ့မှုများကို အဆို၊ အက၊ အလှအပများနဲ့ ဇာတ်လမ်း ဇာတ်ကွက်များကို တွဲဖက် တင်ဆက်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာ အမျိုးသမီးတို့ စံထားရာ တော်လေး၀၀င် အမရာ၊ ကိန္ဒရီ၊ မဒီ၊ သမ္ဘူလ အမျိုးသမီး ၄ ဦးကို သရုပ်ဖော် ထားတဲ့ တော်ဝင်စံထား၊ မြန်မာနှစ်ပါးသွား ခေါင်းစဉ်နဲ့လည်း နာမည်ကျော် သဘင်ပညာရှင်များ၊ ဟာသ သရုပ်ဆောင်များက ပါဝင်တင်ဆက် ကပြပေး သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ဖျော်ဖြေပွဲကြီးကို MRTV-4 (Free to Air) ရုပ်သံလိုင်း မှာလည်း တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်ပေး သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
 
D မိုးသား

                                   

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D