သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 29, 2013

မြေပိုင်ဆိုင်မှု အတုဖြင့် ဂျပန်နိုင်ငံသား ထံမှ လိမ်လည်ရန် ကြိုးစားသူကို အမှုဖွင့်

ဂျပန်နိုင်ငံသား Mr. Tetsuya Nakajima (၂၇ နှစ်) ထံမှ ရှင်းထက်ကျော် သွင်းကုန် ပို့ကုန် ကုမ္ပဏီ၏ အုပ်
ချုပ်မှု ဒါရိုက်တာ ဦးညီညီဟန်က မြေပိုင်ဆိုင်မှု စာရွက်စာတမ်း အတုဖြင့် ကျပ်သိန်း ၅၀၀၀ ကို လိမ်လည်
ရန် ကြိုးစားသည်ဟုဆိုကာ ဂျပန်နိုင်ငံသားက အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ဦးညီညီဟန်က မှော်ဘီမြို့နယ်ရှိ မြေကွက်တစ်ခုကို ၄င်းအမည်ပေါက် ပိုင်ဆိုင်ကြောင်း စာရွက်စာတမ်း အထောက်အထားများကို ဂျပန်နိုင်ငံ Harada Foods Co., Ltd. ၏ မန်နေဂျာဖြစ်သူ Mr. Tetsuya Nakajima ထံပေးပို့၍ ကျပ်သိန်း ၅၀၀၀ ဖြင့် ရောင်းချရန် အကြောင်းကြားခဲ့ရာ မြို့နယ်မြေ စာရင်းရုံးတွင်
မြေကွက်နှင့် ပတ်သက်၍ စာရွက်စာတမ်းများကို စုံစမ်းစစ်ဆေးရာ လိမ်လည် အတုပြုလုပ်ထားသည့် စာ
ရွက်စာတမ်းများ အဖြစ် တွေ့ရှိရကြောင်း အမှုစစ်ဒုရဲမှူးက The Voice သို့ ပြောကြားသည်။
အဆိုပါ ဂျပန်နိုင်ငံရှိ Harada Foods Co., Ltd. ၏ မန်နေဂျာကို ရှင်းထက်ကျော် သွင်းကုန်ပို့ကုန်ကုမ္ပဏီ
၏ အုပ်ချုပ်မှု ဒါရိုက်တာက ဦးညီညီဟန်က ကြိုတင်ငွေ စိုက်ထုတ်ပါက ဂျပန် လူမျိုးများ ကြိုက်သည့် “ဝ” ဥများကို တင်ပို့မည်ဟု ပြောဆိုသဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ချေးငွေ၊ ကုန်ပစ္စည်း
ကြိုတင်ငွေ အပါအဝင် စက်ပစ္စည်းများ ပါဝင်သည့် ကျပ် ၉၆၅၄ သိန်းကို ရန်ကင်းမြို့နယ်ရှိ ရှင်းထက်ကျော် သွင်းကုန်ပို့ကုန် ကုမ္ပဏီရုံးခန်းတွင် စာချုပ် ချုပ်ဆိုကာ ပေးသွင်းခဲ့ကြောင်း၊ ထို့နောက် ကျပ် ၃၉၃၇ သိန်း ကိုးသောင်း တန်ဖိုးရှိ သော “ဝ”ဥ များကိုသာ ပေးပို့ခဲ့သဖြင့် Harada Foods Co., Ltd. ၏ အမှုဆောင် အ
ရာရှိချုပ်နှင့် ဦးညီညီဟန်တို့ ၂၀၁၃ ခုနှစ် ဧပြီလတွင် ငွေကြေးဆိုင်ရာ သဘောတူညီမှု စာချုပ်ချုပ် ဆိုခဲ့ရာ ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ်ရှင်းလင်းရန် သဘောတူညီ ခဲ့သော်လည်း သတ်မှတ်ရက်တွင် ငွေကြေး
များ ရှင်းလင်းခြင်း မရှိကြောင်း ဂျပန်နိုင်ငံသား၏ တိုင်ကြားချက်များ အရ သိရှိရသည်။
အဆိုပါ လိမ်လည်သည်ဟု တိုင်ကြားခံရသည့် အမှုကို မြို့နယ်ရဲတပ်ဖွဲ့မှူး၊ အမှုစစ် ဒုရဲမှူး၊ အမှုစစ်ဒုရဲအုပ်၊ နယ်ထိန်း အရာရှိတို့ဖြင့် အမှုစစ်ကော်မတီဖွဲ့ကာ စစ်ဆေးလျက်ရှိပြီး လိမ်လည်သူဟု စွပ်စွဲခံရသူကို ခေါ်
ယူစစ်ဆေးရာတွင် တိုင်ကြားသူ၏ ပြောကြားချက် အချို့နှင့် ကွဲလွဲမှုများ ရှိကြောင်း အဆိုပါ ကော်မတီအဖွဲ့
ဝင် တစ်ဦးက ဆိုသည်။
 
The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D