သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 29, 2013

သင်္ဃန်းကျွန်းမြို့နယ်အတွင်း ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက် ဆောက်လုပ်ခြင်းများကြောင့် တရားစွဲဆိုမှု ၅၀၀ ကျော် ရှိနေပြီး ကန်ထရိုက်ထက် မြေရှင်များသာ အဓိက အမှုရင်ဆိုင်နေရ

Photo: သင်္ဃန်းကျွန်းမြို့နယ်အတွင်း ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက် 
ဆောက်လုပ်ခြင်းများကြောင့် တရားစွဲဆိုမှု ၅၀၀ ကျော် ရှိနေပြီး ကန်ထရိုက်ထက် 
မြေရှင်များသာ အဓိက အမှုရင်ဆိုင်နေရ

သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ စည်ပင်ခွင့်ပြုချက်မယူဘဲ ဆောက်သော 
ကန်ထရိုက်တိုက်အချို့
သင်္ဃန်းကျွန်းမြို့နယ်အတွင်း ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက် အဆောက်အအုံများ
 ဆောက်လုပ်ခြင်းကြောင့် တရားစွဲဆိုမှု ၅၀၀ ကျော်ရှိနေပြီး ကန်ထရိုက်များထက် 
မြေပိုင်ရှင်များသာ အဓိက အမှုရင်ဆိုင်နေရပြီး နစ်နာနေရကြောင်း 
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ဆောက်လုပ်ခွင့် 
လုံးဝတင်ပြခြင်း မရှိဘဲ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော အဆောက်အအုံများမှာ 
သင်္ဃန်းကျွန်း၊ လှိုင်၊ မရမ်းကုန်းနှင့် အင်းစိန်မြို့နယ်များတွင် အဓိက 
ဖြစ်ပွားနေပြီး သင်္ဃန်းကျွန်းမြို့နယ်မှာ အများဆုံး ဖြစ်ပွားနေကြောင်း၊ 
ခွင့်ပြုချက်မဲ့ ဆောက်လုပ်သည့် ကန်ထရိုက်တာများမှာ ရန်ကုန်မြို့တော် 
စည်ပင်တွင် လိုင်စင်ရယူထားခြင်း မရှိသော ကန်ထရိုက်များ ဖြစ်နေသည့်အတွက် 
ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များ ဆောက်လုပ်ပါက ကန်ထရိုက်ကို 
တရားစွဲဆိုရန် ခက်ခဲနေပြီး မြေရှင်ကိုသာ အဓိက တရားစွဲဆို 
နေရခြင်းဖြစ်ကြောင်း သိရသည်။ အကယ်၍ လိုင်စင်ရ ကန်ထရိုက်ဖြင့် ဆောက်လုပ်မည် 
ဆိုပါက ခွင့်ပြုချက်မဲ့ ဖြစ်သော်လည်း အဆိုပါ လိုင်စင်ရ ကန်ထရိုက်တာကို 
အရေးယူနိုင်သောကြောင့် မြေရှင်အား တရားစွဲဆိုမှု လွတ်ကင်းကြောင်း သိရသည်။
''သင်္ဃန်းကျွန်းမြို့နယ်မှာ ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်တွေ ဆောက်တာ 
စတွေ့ကတည်းက ရပ်ကွက်ရုံးတွေကနေ တစ်ဆင့် အသံချဲ့စက်တွေနဲ့ ခွင့်ပြုချက်ရမှ 
ဆောက်ဖို့၊ လူနေထိုင်ခွင့် မရဘဲနေရင် တရားစွဲဆိုခံရနိုင်ကြောင်းကို 
တစ်လခွဲလောက် ကြေညာ အသိပေးခဲ့ပါတယ်။ ဒါ့အပြင် ရပ်ကွက်ရုံးတွေမှာလည်း 
ဆိုင်းဘုတ်တွေ ထောင်ပြီးလည်း အသိပေးခဲ့ပါတယ်။ ဒါပေမဲ့ ကန်ထရိုက်တွေက 
မြေရှင်တွေ့ကို စည်းရုံးပြီး ခွင့်ပြုချက်ရအောင် ယူပေးမယ်ဆိုပြီး မယူပေးဘဲ 
ခွင့်ပြုချက်မဲ့ ဆောက်တာ။ အခုသင်္ဃန်းကျွန်းမှာ ခွင့်ပြုချက်မဲ့ 
ကန်ထရိုက်ဆောက်တာတွေ အရမ်းများနေပြီး အခုလက်ရှိ အမှုပေါင်း ၅၀၀ ကျော် 
တရားစွဲထားတယ်။ ကန်ထရိုက်က အဆောက်အအုံဆောက်ပြီး ထွက်သွားတော့ နောက်ပိုင်း 
မြေရှင်ကပဲ အမှုကိုဆက်ပြီး ရင်ဆိုင်ရင်နေရတယ်။ တရားစွဲထားတဲ့အတွက် 
ဒဏ်ကြေးကို မြေရှင်ကပဲ ဆက်ဆောင်နေရတဲ့အတွက် မြေရှင်တွေ အများကြီး 
နစ်နာမှုတွေ ရှိနေပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးလည်း မြေရှင်တွေဘက်က ဌာနကို 
တင်ပြလာတာတွေ ရှိပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ 
အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များ ဆောက်လုပ်ပါက ပုဒ်မ ၂၉ ဖြင့်တရားစွဲဆို
 ခြင်းဖြစ်ပြီး ယင်းပုဒ်မ ၂၉ မှာ ဆောက်လုပ်ခွင့်ပါမစ် မယူမချင်း 
ဒဏ်ကြေးများ နေ့စဉ်ပေးဆောင် နေရကြောင်း၊ အချို့ ကန်ထရိုက်တိုက်များမှာ 
ခွင့်ပြုချက်မဲ့ ဆောက်မိခဲ့သော်လည်း ဆောက်လုပ်စတွင်ရပ်ကာ ခွင့်ပြုချက် 
တင်ပြခြင်းမရှိဘဲ အဆောက်အအုံပြီးအောင် ဆောက်လုပ်ခဲ့ခြင်းကြောင့် 
ဒဏ်ကြေးများ ပိုမိုတက်လာခဲ့ပြီး အချို့ဒဏ်ငွေမှာ ကျပ်သိန်း ၉၀ လောက်အထိ 
ပေးဆောင်ရမှုများပင် ရှိကြောင်း သိရသည်။
''ဌာနအနေနဲ့ ဒီလိုခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်တွေ ဆောက်တာကို လူထုကို 
ကြိုတင်သတိပေးတာ လောက်ပဲ လိုက်လို့ရပါတယ်။ ကျန်တဲ့အပိုင်းကတော့ မြေရှင်က 
စဉ်းစားရမှာပါ။ ဆောက်သင့် မဆောက်သင့်ပေါ့။ အချို့ဆိုရင် ဌာနက 
အဲဒီကန်ထရိုက်က လိုင်စင်မရှိဘူး မဆောက်နဲ့လို့ ပြောတာတောင် သူတို့ဘာသာ 
သဘောတူဆောက်ပြီးမှ နောက်ပိုင်း ဒုက္ခရောက်တာတွေလည်း ရှိတယ်။ အဲဒါကြောင့် 
ကန်ထရိုက်တိုက် ဆောက်မယ်ဆိုရင် မြို့နယ်စည်ပင်သာယာ ရုံးတွေမှာ 
စုံစမ်းလို့ရတယ်။ ကိုယ်နဲ့ဆောက်မယ့် ကန်ထရိုက်က လိုင်စင်ရှိလား 
မရှိလားဆိုတာ'' ဟု အဆောက် အအုံဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

EMG
သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ စည်ပင်ခွင့်ပြုချက်မယူဘဲ ဆောက်သော ကန်ထရိုက်တိုက်အချို့
သင်္ဃန်းကျွန်းမြို့နယ်အတွင်း ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက် အဆောက်အအုံများ ဆောက်လုပ်ခြင်းကြောင့် တရားစွဲဆိုမှု ၅၀၀ ကျော်ရှိနေပြီး ကန်ထရိုက်များထက် မြေပိုင်ရှင်များသာ အဓိက အမှုရင်ဆိုင်နေရပြီး
နစ်နာနေရကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ဆောက်လုပ်ခွင့် လုံးဝတင်ပြခြင်း မရှိဘဲ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော အဆောက်အအုံများမှာ သင်္ဃန်းကျွန်း၊ လှိုင်၊ မရမ်းကုန်းနှင့် အင်းစိန်မြို့နယ်များတွင် အဓိက ဖြစ်ပွားနေပြီး သင်္ဃန်းကျွန်းမြို့နယ်မှာ အများဆုံး ဖြစ်ပွားနေကြောင်း၊ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သည့် ကန်ထရိုက်တာများမှာ ရန်ကုန်မြို့တော် စည်ပင်တွင် လိုင်စင်ရယူထားခြင်း မရှိသော ကန်ထရိုက်များ ဖြစ်နေသည့်အတွက် ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များ ဆောက်လုပ်ပါက ကန်ထရိုက်ကို တရားစွဲဆိုရန် ခက်ခဲနေပြီး မြေရှင်ကိုသာ အဓိက တရားစွဲဆို နေရခြင်းဖြစ်ကြောင်း သိရသည်။ အကယ်၍ လိုင်စင်ရ ကန်ထရိုက်ဖြင့် ဆောက်လုပ်မည် ဆိုပါက ခွင့်ပြုချက်မဲ့ ဖြစ်သော်လည်း အဆိုပါ လိုင်စင်ရ ကန်ထရိုက်တာကို အရေးယူနိုင်သောကြောင့် မြေရှင်အား တရားစွဲဆိုမှု လွတ်ကင်းကြောင်း သိရသည်။
''သင်္ဃန်းကျွန်းမြို့နယ်မှာ ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်တွေ ဆောက်တာ စတွေ့ကတည်းက ရပ်ကွက်ရုံးတွေကနေ တစ်ဆင့် အသံချဲ့စက်တွေနဲ့ ခွင့်ပြုချက်ရမှ ဆောက်ဖို့၊ လူနေထိုင်ခွင့် မရဘဲနေရင် တရားစွဲဆိုခံရနိုင်ကြောင်းကို တစ်လခွဲလောက် ကြေညာ အသိပေးခဲ့ပါတယ်။ ဒါ့အပြင် ရပ်ကွက်ရုံးတွေမှာလည်း ဆိုင်းဘုတ်တွေ ထောင်ပြီးလည်း အသိပေးခဲ့ပါတယ်။ ဒါပေမဲ့ ကန်ထရိုက်တွေက မြေရှင်တွေ့ကို စည်းရုံးပြီး ခွင့်ပြုချက်ရအောင် ယူပေးမယ်ဆိုပြီး မယူပေးဘဲ ခွင့်ပြုချက်မဲ့ ဆောက်တာ။ အခုသင်္ဃန်းကျွန်းမှာ ခွင့်ပြုချက်မဲ့ ကန်ထရိုက်ဆောက်တာတွေ အရမ်းများနေပြီး အခုလက်ရှိ အမှုပေါင်း ၅၀၀ ကျော် တရားစွဲထားတယ်။ ကန်ထရိုက်က အဆောက်အအုံဆောက်ပြီး ထွက်သွားတော့ နောက်ပိုင်း မြေရှင်ကပဲ အမှုကိုဆက်ပြီး ရင်ဆိုင်ရင်နေရတယ်။ တရားစွဲထားတဲ့အတွက် ဒဏ်ကြေးကို မြေရှင်ကပဲ ဆက်ဆောင်နေရတဲ့အတွက် မြေရှင်တွေ အများကြီး နစ်နာမှုတွေ ရှိနေပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးလည်း မြေရှင်တွေဘက်က ဌာနကို တင်ပြလာတာတွေ ရှိပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များ ဆောက်လုပ်ပါက ပုဒ်မ ၂၉ ဖြင့်တရားစွဲဆို ခြင်းဖြစ်ပြီး ယင်းပုဒ်မ ၂၉ မှာ ဆောက်လုပ်ခွင့်ပါမစ် မယူမချင်း ဒဏ်ကြေးများ နေ့စဉ်ပေးဆောင် နေရကြောင်း၊ အချို့ ကန်ထရိုက်တိုက်များမှာ ခွင့်ပြုချက်မဲ့ ဆောက်မိခဲ့သော်လည်း ဆောက်လုပ်စတွင်ရပ်ကာ ခွင့်ပြုချက် တင်ပြခြင်းမရှိဘဲ အဆောက်အအုံပြီးအောင် ဆောက်လုပ်ခဲ့ခြင်းကြောင့် ဒဏ်ကြေးများ ပိုမိုတက်လာခဲ့ပြီး အချို့ဒဏ်ငွေမှာ ကျပ်သိန်း ၉၀ လောက်အထိ ပေးဆောင်ရမှုများပင် ရှိကြောင်း သိရသည်။
''ဌာနအနေနဲ့ ဒီလိုခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်တွေ ဆောက်တာကို လူထုကို ကြိုတင်သတိပေးတာ လောက်ပဲ လိုက်လို့ရပါတယ်။ ကျန်တဲ့အပိုင်းကတော့ မြေရှင်က စဉ်းစားရမှာပါ။ ဆောက်သင့် မဆောက်သင့်ပေါ့။ အချို့ဆိုရင် ဌာနက အဲဒီကန်ထရိုက်က လိုင်စင်မရှိဘူး မဆောက်နဲ့လို့ ပြောတာတောင် သူတို့ဘာသာ သဘောတူဆောက်ပြီးမှ နောက်ပိုင်း ဒုက္ခရောက်တာတွေလည်း ရှိတယ်။ အဲဒါကြောင့် ကန်ထရိုက်တိုက် ဆောက်မယ်ဆိုရင် မြို့နယ်စည်ပင်သာယာ ရုံးတွေမှာ စုံစမ်းလို့ရတယ်။ ကိုယ်နဲ့ဆောက်မယ့် ကန်ထရိုက်က လိုင်စင်ရှိလား မရှိလားဆိုတာ'' ဟု အဆောက် အအုံဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D