သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 29, 2013

အမှန်တကယ် ဆင်းရဲချို့တဲ့သူများကို စိစစ်၍ အခမဲ့ ဆေးကုသမှု ပေးနိုင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆို အမျိုးသားလွှတ်တော် က မှတ်တမ်းတင်ရန် ဆုံးဖြတ်

မြန်မာနိုင်ငံတွင် ကျန်းမာရေးကဏ္ဍ၌ ကျန်းမာရေး စီမံကိန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသကဲ့ သို့ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျော့ကျစေရေး အစီအမံတစ်ခု အနေဖြင့် အမှန်တကယ် ဆင်းရဲချို့တဲ့ သူများအား စိစစ်၍ အခမဲ့ဆေးကုသမှု (Free Medical Service) ပေးနိုင်ရန် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ဇွန် ၂၆ ရက်တွင် ပြုလုပ်သော အမျိုးသား လွှတ်တော်က မှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့သည်။

ယင်းအဆိုအား ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ အမျိုးသားလွှတ်တော် ဒေါက်တာဌေးဝင်း က တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးက ထောက်ခံ ဆွေးနွေးခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် အများစုမှ ဆွေးနွေးရာတွင် ၎င်းတို့သက်ဆိုင်ရာ မဲဆန္ဒနယ်များရှိ ဆေးရုံများတွင် ဆရာဝန်များ မရှိခြင်း၊ ဆေးဝါးပစ္စည်း မလုံလောက်ခြင်း၊ ဆေးပစ္စည်း ရှိသော်လည်း အများပြည်သူသို့ မ ထုတ်ပေးခြင်း စသည့် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများကိုကိုးကား၍ ဆွေးနွေး ခဲ့ကြသည်။

မြန်မာနိုင်ငံရှိ ဆင်းရဲသား ပြည်သူအများစုတွင် ရာခိုင်နှုန်း ၇၀ မှာ ကျေးလက်တောင်ပေါ်နေ ပြည်သူ များ ဖြစ်ကြောင်း၊ အဆိုပါ ပြည်သူများအတွက် အခမဲ့ ဆေးဝါးကုသမှု လုပ်ဆောင်မည် ဆိုပါက ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် ကျေးလက်ဒေသ တောင်ပေါ်မကျန် ဖွင့်လှစ်ထားခဲ့သည့် ကျန်းမာရေးဌာန၊ ဌာန ခွဲများ၊ တိုက်နယ်ဆေးရုံများတွင် အခြေခံ ဆေးဝါးပစ္စည်းများ အပြည့်အစုံပေးရန်လိုကြောင်း၊တိုက်နယ်ဆေး ရုံများ၏ ဆေးခွဲတမ်းများကို ဆေးရုံကြီးကြပ်မှု ကော်မတီများမှ ဖွင့်ဖောက် စစ်ဆေးကာ တာဝန်ရှိ ဆေး ရုံ ဆရာဝန်ထံ အပ်နှင်းရန် လိုကြောင်းနှင့် ကျန်းမာရေးဌာန၊ ဌာနခွဲများသို့ခွဲဝေပေးလိုက်သော ဆေးဝါးများကို လည်း ဆင်းရဲသား ပြည်သူများအတွက် အကျိုးရှိရှိ အသုံးပြုစေရန် ကြပ်မတ်ပေးအပ်ရန် လိုကြောင်း စ သည်ဖြင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးသောင်း က ဆွေးနွေးခဲ့သည်။

ထိုသို့လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကိုကျန်းမာရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး    ဒေါက်တာသိန်းသိန်းဌေးက ၀န်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေများဖြင့် ပြန်လည် ရှင်းလင်း ပြောကြားခဲ့ပြီး အဆိုတင်သွင်းမှုအား ပြန်လည်စဉ်းစားသင့်ကြောင်း ပြောကြားခဲ့သည်။

အဆိုရှင်ဖြစ်သူ ဒေါက်တာဌေးဝင်းက ''အခု ကျန်းမာရေး ဒုတိယ၀န်ကြီး ဆွေးနွေးချက်အရ ဒီလိုဆင်းရဲ တဲ့ ပြည်သူတွေကို အခမဲ့ကုသပေးနေပြီ ဆိုတဲ့အကြောင်း သိရှိရတဲ့အတွက် အထူးပဲ ကျေးဇူးတင် ဂုဏ်ယူ မိပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွက်လည်း အခြားနိုင်ငံတွေ မလုပ်နိုင်တဲ့ ကိုယ့်နိုင်ငံက ဆင်းရဲနွမ်း ပါး ပြည်သူများကို အခမဲ့ ဆေးကုသမှု ပေးနိုင်တယ်ဆိုတာ နိုင်ငံအတွက် ဂုဏ်ယူစရာ ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တောင်းဆိုချင်တာက ကျွန်တော်ကျန်းမာရေး ၀န်ထမ်းလုပ်ခဲ့တဲ့ ကာလ တစ်လျှောက်မှာ ၁၉၉၀ ၀န်းကျင်လောက်က စရိတ်မျှပေး ကျန်းမာရေး စနစ်ကို ကျန်းမာရေး ၀န်ကြီး ဌာနက ဆောင်ရွက်ခဲ့ပါတယ်။စရိတ်မျှပေးကျန်းမာရေးစနစ်သည်ပိုက်ဆံတတ်နိုင်သူတွေကို  ငွေကြေးပေးပြီး   ဈေးပေါပေါနဲ့ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက် အခမဲ့ ကုသပေးဖို့ ရည်ရွယ်ခဲ့ခြင်း ဖြစ်ပါတယ်။ သို့သော်လည်းပဲ အဲဒီဆေးကုသ ပေးမှုသည် ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက် မဟုတ်ဘဲ ပိုက်ဆံရှိ တဲ့သူတွေ အတွက်ပဲ တဖြည်းဖြည်း ဖြစ်သွားတဲ့အတွက် ဒါမျိုးဖြစ်မှာတော့ အင်မတန်စိုးရိမ်ပါတယ်'' ဟု ပြောကြားသည်။

ထို့နောက် လွှတ်တော်က ယင်းအဆိုအား မှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့သည်။

EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D