သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 29, 2013

Time မဂ္ဂဇင်းကို ပိတ်ပင်ရခြင်း အကြောင်းရင်း

သောကြာနေ့က ရန်ကုန်မြို့ ဆွေးနွေးပွဲတခုကို ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် တက်ရောက်လာပါတယ်။

ဆွေးနွေးပွဲအပြီး သတင်းထောက်များက သူ့ကို ဝိုင်းမေးကြပါတယ်။
ဧရာဝတီက မေးခဲ့တဲ့ မေးခွန်းနဲ့အဖြေတွေထဲက တချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

မေး - ဇူလိုင် ၁ ရက်စွဲတပ် Time မဂ္ဂဇင်းကို ပိတ်ပင်တဲ့အတွက် ဘယ်လို ဖိအားတွေ ရှိလာသလဲ၊ ဘယ်လို တုန့်ပြန်ကြပါသလဲ။
ဖြေ - ဖိအား မရှိပါဘူး။ ကျနော်တို့ကို သဘောထားတော့ မေးတာပေါ့။ ခုနက ဆိုရင်လည်း အမေရိကန် သံအမတ်ကြီးက မေးတာပေါ့ ... ဘာဖြစ်လို့ ဒါကို ပိတ်သလဲ၊ သူတို့နိုင်ငံမှာ ဆိုရင် ဒါမျိုး မပိတ်ဘူး။
ဟုတ်တယ်၊ ကျနော်တို့နိုင်ငံမှာက ဒီဟာကြောင့် ပိုပြီးတော့ ကြီးထွားလာနိုင်တဲ့ နောက်ဆက်တွဲအကျိုးတွေ ရှိတဲ့အတွက် ကျနော်တို့မှာ ပိတ်ရတယ်။

ပိတ်တယ် ဆိုတာကလည်း နောက်ဆုံးနည်းလမ်း အနေနဲ့ ရွေးချယ်တာ၊ တတ်နိုင်ရင်တော့ ဘာမှ မရွေးချင်ဘူး၊ (ပိတ်တယ်လို့ မကြေညာခင်) ၃ ရက်လောက် နေခဲ့သေးတာပေါ့နော်၊
အဓိက ကျနော် ပြောရရင်တော့ အစက ဘယ်သူမှ Time မဂ္ဂဇင်းက စောင်ရေ ၉ဝဝ ပဲ ရှိတယ်၊ ဘယ်သူမှတောင် သေချာ မသိဘူး၊
သို့သော် ခုနက ပြောသလို ဆိုရှယ်မီဒီယာတွေရယ်၊ ကျနော်တို့ မီဒီယာတွေကနေပြီးတော့ Time မဂ္ဂဇင်းမှာတော့ ဒီလိုပါတယ်ဟေ့၊ ဒီလိုရေးကြ ဆိုတော့ ဒါက ပျံ့နှံ့သွားတဲ့အခါ လူတွေထဲမှာ ဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့ အရှိန်က မြင့်လာတာပေါ့။

အဲဒီတော့ မျက်နှာဖုံး မြင်ရုံနဲ့တင် ဒီလောက် အရှိန်က မြင့်နေတယ် ဆိုရင် ဒီစာစောင် ရောက်လာမယ်၊ ဒီစာစောင် ထပ်ပြီးတော့ ဖြန့်ဝေကြမယ်၊
ဆွေးနွေးကြမယ် ဆိုရင် အဲဒီဂယက်က Time မဂ္ဂဇင်း တခုတည်းအပေါ် ထားတဲ့ ဆန့်ကျင်မှုကနေပြီးတော့မှ ကျန်တဲ့ ဘာသာရေး၊ ဘာညာ ဘက်ကို ရွေ့သွားနိုင်တယ်။

မေး - ဒီဆောင်းပါး မဖြန့်ချီရဘူး ဆိုပေမယ့် ဘာသာပြန်တာကျတော့ ခွင့်ပြုထားတာပေါ့။
ဖြေ - ဘာသာပြန်တာကတော့ ကျနော်တို့ ခွင့်ပြုတာ မဟုတ်ဘူး။ ဒီအမိန့် မထွက်ခင်မှာ ...
အဲဒါကြောင့် ကျနော် ပြောတာလေ ... ဒါကို ဖြန့်လိုက်လို့ ကျနော်တို့က နိုင်ငံတော်က စ သိတဲ့အချိန်မှာ ကျနော်တို့က ဒီကိစ္စကို ဘာမှ မပြောဘူး၊ ဒီလိုပဲ အသာလေး ကြည့်နေတယ်၊
ဒါပေမယ့် ဘာဖြစ်လဲ ... ဆိုရှယ်မီဒီယာမှာ ပါလာတယ်၊
နောက် ... ပြည်တွင်းမီဒီယာတွေမှာလည်း ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ပြောတယ် ဆိုတော့ လူတွေက ပိုပြီးတော့ စိတ်ဝင်စားသွားတယ်။
ဒါကြောင့်မို့ ခုနက ဆွေးနွေးတဲ့ထဲမှာ ပါတယ်၊ တခါတလေ လှုံ့ဆော်တယ်လို့ ယူဆတဲ့ အရေးအသားတခုကို ကျနော်တို့က အများကြီး သတိထားရတယ်၊
ကိုယ်ပြောလိုက်ခါမှ မသိတဲ့လူတွေက ပိုစိတ်ဝင်စားပြီးတော့ အပြန်ပြန် အလှန်လှန် ဆွေးနွေးရင်းနဲ့ Facebook ပေါ်မှာ ဆိုရင် ခင်ဗျားတို့ တွေ့ပါလိမ့်မယ် ... အရှိန်က ဘယ်လောက် မြင့်လာသလဲ ဆိုတာ။
အဲဒီတော့ လူထုထဲကို ဒီစာအုပ်တွေ ရောက်လာမယ်၊ နောက်ဆုံးမှာ ဒီစာအုပ်ကြီးကို ယူလာပြီးတော့ မီးပုံရှို့တဲ့လုပ်တဲ့ ကိစ္စမျိုး၊ ဒါမျိုးတွေလည်း ကျနော်တို့က မဖြစ်စေချင်ဘူး။

မေး - Time ဆောင်းပါးကို ဖတ်ပြီးပြီလားခင်ဗျ။
ဖြေ - ကျနော်တို့က အွန်လိုင်းပေါ်ကနေ ယူထားပါတယ်။

From: The Irrawaddy (Burmese Version)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D