သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 27, 2013

ဆက်သွယ်ရေးအော်ပရေတာအောင်သူ ဒီကနေ့ ကြေညာပါမည်

ဇွန်လ ၂၇ ရက် ၂၀၁၃

ဆက်သွယ်ရေးအော်ပရေတာ တင်ဒါအောင်တဲ့ ၂ ခု အမည်စာရင်းကို သတ်မှတ်ချက် အတိုင်း ဒီနေ့ ထုတ်ပြန်ကြေညာမယ်လို့အမျိုးသားစီမံကိန်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတင်ဒါရွေးချယ်ရေးကော် မတီဥက္ကဋ္ဌ ဒေါက်တာဆက်အောင်က ဒီဗွီဘီကို ပြောဆိုပါတယ်။

ဇွန် ၂၆ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမျိုးဆွေက ဆက်သွယ်ရေးဥပဒေလို သီးခြားဥပဒေတခုပြဋ္ဌာန်းပြီးမှ နိုင်ငံခြား၊ ပြည်တွင်းနဲ့ ပြည်ပကုမ္ပဏီတွေကို ဆက် သွယ်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ကန်ထရိုက်တင်ဒါခေါ်ဖို့၊ လုပ်ငန်းအပ်နှံဖို့ကို အရေးကြီးအဆိုတင်ခဲ့ရာမှာ အဆို အောင်မြင်ခဲ့ပါတယ်။

ဒါကြောင့် ဒီနေ့ ထုတ်ပြန်ကြေညာဖို့ရှိတဲ့ ဆက်သွယ်ရေးအော်ပရေတာ ကြေညာဖြစ်ပါတော့မလား လို့ မေးမြန်းချက် ကို ဒေါက်တာ ဆက်အောင်က ဖြေဆိုခဲ့တာပါ။

အနောက်နဲ့အရှေ့ဒေသ အချိန်ခြားနားမှုကြောင့် စောင့်စားနေရတာဖြစ်ပြီး ကုမ္ပဏီတွေကို အကြောင်း ကြားပြီး နာရီပိုင်းအတွင်း ထုတ်ပြန်ကြေညာချက်ထုတ်ပြန်မယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်း လုပ်ကိုင်ခွင့်ကို ၄ ခု ချထားပေးထားတဲ့အ နက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ရတနာပုံ တယ်လီပို့(စ်)ကုမ္ပဏီတို့က ယှဉ်ပြိုင်စရာမလို ဘဲ အော် ပရေတာ တခုစီ ရရှိထားပြီး ကျန်ရှိတဲ့ အော်ပရေတာ ၂ ခုကို စကာတင် ရွေးချယ်ထားတဲ့ ၁၂ ခုထဲ ကနေ ရွေးရမှာပါ။ ဒါပေမယ့် တလောက ဆန်ခါတင်ထဲက တခု နုတ်ထွက်သွားတာကြောင့် ၁၁ ခုပဲ ကျန်ရှိပါတယ်။

အဲဒီ ၁၁ ခုထဲကနေ တင်ဒါအောင်မြင်တဲ့ ၂ ခု အမည်စာရင်းကို ဇွန် ၂၇ ရက်နေ့မှာ ထုတ်ပြန်မယ်။ ဒီနောက် ၂၀၁၃ခုနှစ်ဇူလိုင်နဲ့စက်တင်ဘာတွေမှာတော့လိုင်စင်ထုတ်ပေးမယ်လို့ အစီအစဉ်ကိုတင်ဒါရွေးချယ်ရေးကော် မတီက ကြေညာထားပါတယ်။

ဒေါက်တာဆက်အောင်ကို ရန်ကုန်အခြေစိုက် ဒီဗွီဘီသတင်းထောက်ဦးသိုက်ဇင်ကဆက်သွယ် မေးမြန်းထား ပါတယ်။

DVB

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D