မြန်မာနိုင်ငံမှာရှိတဲ့ မိုလ်ဘိုင်းဖုန်းတွေရဲ့ ခေါ်ဆိုခကို ဒီဘဏ္ဍာရေးနှစ်အတွင်းမှာ တစ်မိနစ် ၅ဝ ကျပ်ကနေ အဲ့ဒီထက်သက်သာတဲ့ နှုန်းထားနဲ့ ထပ်မံလျော့ချသွားမယ်လို့ ဒီကနေ့ ပြည်သူ့ လွှတ်တော် မှာ ပြောကြား လိုက်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားလိုက်တာပါ။
"ကျနော်တို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ ယခုအချိန်မှာ ဝန်ခံရမယ်ဆိုရင် တယ်လီဖုန်းပြော ဆိုခတင်မက အခြားကောက်ခံတဲ့ အခွန်အခများ ခေတ်နဲ့လျော်ညီမှု မရှိတော့ပါဘူး၊ အဲဒါတွေ အတွက် ခေတ်နဲ့လျော်ညီမှု ရှိစေရန်အပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီးတော့ ကွာဟချက်နည်း ပါးရန်အတွက် ကျနော်တို့ ပြန်လည်သုံးသပ်ပြင်ဆင်ပြီး ဆောင်ရွက်လျှက်ရှိပါ တယ်၊ ခေါ်ဆိုခနှုန်း ထားများကို လျော့ချဆောင်ရွက်ခြင်းကို ယခုဘဏ္ဍရေးနှစ်အတွင်းမှာ ဆောင်ရွက် သွားမှာဖြစ်ပါတယ်"
မိုလ်ဘိုင်းဖုန်းတွေ ခေါ်ဆိုခ တစ်မိနစ် ၅ဝ ကျပ်ကနေ ၅ ကျပ်နှုန်းအထိ မြန်မာ့ဆက် သွယ်ရေး က လျှော့ချပေးဖို့ အစီစဉ်ရှိ၊ မရှိကို လသာမဲဆန္ဒနယ် က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် က လွှတ်တော်ကို မေးမြန်းရာမှာ ဝန်ကြီး ဦးသောင်းတင် က ပြန်လည်ဖြေကြား ခဲ့တာ ဖြစ်ပါ တယ်။
မြန်မာနိုင်ငံမှာ မိုလ်ဘိုင်းဖုန်းတွေက ခေါ်ဆိုခ တစ်မိနစ် ၅ဝ ကျပ် မြန်မာ့ဆက်သွယ်ရေးက သတ်မှတ် ထားပြီး တခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဖုန်းခေါ်ဆိုခနှုန်းထားတွေ မြင့်မားနေတယ်လို့ သိရပါတယ်။
From:rfa
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...