သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 27, 2013

အေဒီ ၁၀ ရာစုနှင့် ၁၁ ရာစုလက်ရာ ကြာပန်းပွင့် ပုံသဏ္ဍန် ဘုန်းတော်ကြီး ကျောင်းတော်တစ်ခု ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ်တွေ့ရှိ



အေဒီ ၁၀ ရာစုနဲ့ ၁၁ ရာစု အကြား ပါလ မင်းဆက်က တည်ထားကိုးကွယ်ခဲ့တယ်လို့ ရှေးဟောင်း သုတေ သန ပညာရှင်တွေက ယူဆထားတဲ့ ကြာပန်းပွင့် သဏ္ဍန်ကျောင်းတော် တစ်ခုကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ ရှာဖွေ တူးဖေါ်တွေ့ရှိခဲ့ပါတယ်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ ရှေးခေတ်က တည်ဆောက် ကိုးကွယ်ထားခဲ့တဲ့ ဘုန်းတော်ကြီးကျောင်း အများအပြား ကို ယခင်က ရှာဖွေ တူးဖေါ်ခဲ့ရာမှာ ကျောင်းတော်တွေအားလုံးဟာ လေးထောင့် စတုရန်း (မဟုတ်ရင်) သုံးထောင့် (မဟုတ်ရင်) ထောင့်မှန် စတုဂံပုံစံမျိုး ဖြစ်တယ်လို့ ပြောပါတယ်။


ဒါကြောင့် ကြာပန်းပွင့်ပုံသဏ္ဍာန် အုတ်တွေနဲ့ တည်ဆောက်ထားတဲ့ ဒီကျောင်းတော်ဟာ ပထမဆုံး ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာတူးဖေါ်တွေ့ရှိတာ ဖြစ်ပြီး အလွန်ထူးခြားတယ်လို့ ရှေးဟောင်းသုတေသနဌာန အရာရှိတွေက ပြောပါတယ်။

ဒီကျောင်းတော်ထဲက ကြေးသွန်း ဘုရား ဆင်းထုတော် (၁၄) ဆူကိုလည်း တစ်ခြား ရှေးခေတ်အနုပညာ လက်ရာ တွေနဲ့ အတူ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခု တူးဖေါ်တွေ့ရှိတဲ့ ကျောင်းတော်ဟာ ဂျာဂါဒေလ် ဗုဒ္ဓ ၀ိဟာ ( Jagaddal Buddhist Bihar) ဖြစ်ပြီး Naogaon ခရိုင် မြို့ကနေ  ၆၅ မိုင် အကွာ အိန္ဒိယနယ်စပ်နဲ့ ကပ်နေတဲ့ ဒေသအအတွင်းမှာ တည်ရှိပါတယ်။

ကျောင်းတော် တူးဖေါ်ရာ ရှေးဟောင်း သုတေသနအဖွဲ့ဝင် တစ်ဦးလည်းဖြစ်၊ ပါဟာပူရ် ဗုဒ္ဓ ရှေးဟောင်း ပြတိုက် အုပ်ချုပ်ရေးမှူးလည်း ဖြစ်တဲ့ မစ္စတာ Mahbub UL Alam ပြောတာကတော့ ဂျာဂါဒေလ် ကျောင်းတော် တူးဖေါ်ရာကနေ အထူးရှားပါးတဲ့ ဗုဒ္ဓ ပန်းပု လက်ရာ ဆင်းထုတော်တွေကို ရှာဖွေ တွေ့ရှိ တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရှေးခေတ် အုတ်ခဲတွေ၊ နှမ်းဖတ်ကျောက် အပါအ၀င် Black Stoneတွေနဲ့ တည်ဆောက်ထားတဲ့ အဆောက်အဦးပုံတွေနဲ့အတူ အခန်း ၄ ခန်းပါတဲ့ ကျောင်းတော်ကိုလည်း အဲဒီနေရာမှာ ရှာဖွေတွေ့ရှိတယ် လို့ သူကပြောပါတယ်။

တန်ဖိုး မဖြတ်နိုင်တဲ့ ကျောက်မျက်ရတနာတွေ၊အလှဆင်ယင်ထားးတဲ့ကျောက်တုံး အပိုင်းအစတွေ၊ မြေအိုး ခွက် အကျိုးအပိုင်းတွေကိုလည်းတွေ့ရှိတယ်လို့ ပြောပါတယ်။

ဒီကျောင်းတော်ကို ပါလမင်းဆက်က အေဒီ ၁၀ ရာစုနဲ့ ၁၁ ရာစုမှာ တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ ခန့်မှန်း ထားပြီး ဒီကျောင်းတော်ဟာ ကြာပန်းပွင့် သဏ္ဍန် တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ဂျာဂါဒေလ်
ကျောင်းတော် အစစ်ဖြစ်တယ်လို့ ပြောပါတယ်။

ဒီကျောင်းတော်ကို ၂၀၁၂ ခုနှစ် ဒီဇင်္ဘာလ ၁ ရက်နေ့က စတင် တူးဖေါ်ခဲ့ပြီး ဒီနှစ် ဖေဖေါ်ဝါရီလထိ တူးဖေါ်ခဲ့တယ်လို့ ပြောပါတယ်။ ၁၉၉၆နဲ့ ၁၉၉၇ အကြားမှာ တစ်ကြိမ်နဲ့ ၁၉၉၇ ကနေ ၁၉၉၈ အကြားမှာ တစ်ကြိမ် တူးဖေါ်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ တူးဖေါ်တုန်းကလည်း တန်ဖိုးကြီးမားတဲ့ရှေးဟောင်း အနု ပညာ လက်ရာတွေ အမြောက်အများကို ရှာဖွေရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဂျာဂါဒေလ် မဟာဝိရကျောင်းတော်ဟာ ပါလ နောက်ဆုံးမင်းဆက်ထဲက မင်းတစ်ပါး ဖြစ်တဲ့ ရမ်ပါလ မင်းက အေဒီ (၁၀၇၇ နဲ့ ၁၁၂၀) အကြားမှာ တည်ဆောက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရှေးဟောင်း သုတေသန ပညာရှင် တွေက ခန့်မှန်ထားပါတယ်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းတွေ အများအပြားကို မြေကြီးထဲကနေ အခုအခါ ရှာဖွေ တူးဖေါ် တွေ့ရှိနေတဲ့ အတွက် ဒီနိုင်ငံဟာ တချိန်က ဗုဒ္ဓ ဘာသာ အကြီးအကျယ် ထွန်းကားခဲ့ရာ ဒေသ တစ်ခု ဖြစ်နိုင်တယ်လို့ ရှေးဟောင်းသုတေသီတွေက ခန့်မှန်းထားကြပါတယ်။

ဒီသတင်းကို ၂၀၁၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ထုတ် The Daily Star သတင်းစာမှာ Ancient artifacts found in Naogaon ခေါင်းစီးနဲ့ ရေးသားထားပါတယ်။

Narinjara

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D