သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 29, 2013

ဖားကန့်ထက် ပိုအရောင်းသွက်နေတဲ့ မဟာအောင်မြေကျောက်စိမ်းဈေးကွက်

ဇွန်လ ၂၉ ရက် ၂၀၁၃

ဈေးကွက်အတွင်း ကျောက်စိမ်းကုန်ကြမ်းများ ရှားပါးနေမှုကြောင့် ကျောက်ရှားပါးလာပြီး ဈေးကွက်လို အပ်ချက်ကို မလိုက်နိုင်သဖြင့် အမြင့်ဈေးနှုန်းဖြင့် အရောင်းအ၀ယ်ကောင်းနေကြောင်း မဟာအောင်မြေဈေး ကွက်အတွင်းက သိရသည်။

ကချင်ပြည်နယ် ဖားကန့်ရှိကျောက်စိမ်းအရိုင်းတုန်းများ ဈေးနှုန်းမြင့် နေခြင်းနှင့် ကျောက်စိမ်းကုမ္ပဏီ များမှ ကျောက်စိမ်းရောင်းချမှုနည်းလာခြင်း၊ ဈေးကွက်လိုအပ်ချက်များလာခြင်းနှင့် တရုတ်ကုန်သည် များ ၀ယ်ယူမှုများပြားခြင်းကြောင့် ယခုကဲ့သို့ ပစ္စည်းရှားပါးချိန်တွင် ဈေးကွက်အနေအထား ယခင် အပတ်ထက် ပိုမိုကောင်းမွန်လာခြင်းဖြစ်သည် ဟုသိရသည်။

`ဖားကန့်မှာ ကျောက်တူးဖော်ရေးလုပ်ငန်းတွေကတော့ ရပ်နားခြင်းမရှိပါဘူး၊ ဒါပေမယ့် ဈေးနှုန်း ကတော့ တော်တော်လေး လန်နေအောင် ဈေးကောင်းနေတယ်၊ ဒါကြောင့် ငုတ်တုတ်ထိုင်နေရ တယ်ဗျ၊ မန္တလေး ဈေးကွက်အနေအထားကတောင် ဖားကန့်ထက်သက်သာနေတယ်ဗျ´ဟု ဖားကန့်တွင်နေထိုင် သည့် ကျောက်သမား ကိုအိုက်ပီးက ပြောသည်။

မန္တလေးကျောက်စိမ်းဈေးကွက်အတွင်းလတ်တလောပိုင်းတွင်အရည်လိုင်းမှာဝယ်ယူသူများသောကြောင့်   ဈေးနှုန်းမှာ အမြင့်ပိုင်းသို့ ဦးတည်လျက်ရှိကြောင်း မဟာအောင်မြေကျောက်ဝိုင်းအတွင်းက သိရသည်။

`ဈေးကွက်ထဲမှာ ပစ္စည်းကတော့ ရှားတယ်၊ ဒါပေမဲ့ ၀ယ်ယူမှုကောင်းတာကြောင့် ပစ္စည်းပြတ်လပ်တာတွေ အထိ ဖြစ်တယ်၊ ဈေးနှုန်းကလည်း အရင်က ကိုယ်ခေါ်ချင်သလို ခေါ်လို့မရပေမယ့်၊ အခုကျတော့ ဖြစ်သင့် တဲ့ဈေးအထိ ဆွဲခေါ်လို့ ရပါတယ်´ဟု မဟာအောင်မြေကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းအ ကျိုးတော်ဆောင်အဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အရည်ကောင်းမွန်သောပစ္စည်းများမှာလည်း ဈေးကွက်အတွင်း၌ရှားပါးလျက်ရှိကြောင်း၊လက်ကောက်ရောင်း ၀ယ်မှုပိုင်းတွင် အရည်အသွေးကောင်းမွန်မှုထက် အသားကောင်းမွန်မှုကို အဓိကထားရောင်းဝယ် လျက် ရှိကြောင်းလည်း သိရသည်။

`ကျောက်စိမ်းဈေးကွက်ထဲမှာကတော့ အရည်အသွေးကောင်းတဲ့ပစ္စည်းဆိုရင်တော့ အရင်က ခေါ်ဈေး ထက်နှစ်ဆလောက် ပေးဝယ်နေရသလို၊ ရှာရတာလည်း ခက်ပါတယ်၊အခုဆိုရင် ကျောက်ဝိုင်းထဲမှာ မဟုတ်ပဲ ပြင်ပမှလိုက်ရှာဝယ်နေရပါတယ်၊ ဒါပေမယ့် ဈေးနှုန်းကတော့ ကျောက်ဝိုင်းမှာလို မဟုတ်တော့ ဘူး သူတို့ပြောချင်တဲ့ဈေးအတိုင်းပြောနေတာမျိုးပါ၊ဒါကြောင့် မ၀ယ်ဖြစ်တာများပါတယ်´ဟု ကျောက်မျက် ရတနာလုပ်ငန်းရှင် ဦးပိုးကြူက ပြောသည်။

မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းအတွင်းမှ ကျောက်မျက်ရတနာဈေးနှုန်းများမှာ အရည်လိုင်းတွင် ကျပ်သိန်းဂဏန်းဝန်းကျင်မှ ကျပ်သိန်းရာဂဏန်း ၀န်းကျင်၊လက်ကောက်ဝိုင်းတွင် ကျပ် ထောင်ပိုင်းမှ ကျပ်ဆယ်သိန်းဝန်းကျင်၊ လွှာချပ်ပိုင်းတွင် ကျပ်သောင်းဂဏန်းဝန်းကျင်နှင့် ပုတီး လိုင်းတွင် မှုအရည်အသွေးပေါ်မူ၍ ကျပ်သောင်းဂဏန်းအထိ ၀ယ်ယူမှုရှိကြောင်းကိုလည်း သိရသည်။

အဆိုပါကျောက်မျက်ရတနာအချောထည်လုပ်ငန်းများ အရောင်းအ၀ယ်ဖြစ်သော်လည်း အောက်ခြေ သိမ်းကျောက်များဖြစ်သည့် ဖြတ်စများမှာ ဈေးနှုန်းပေးမည့်သူမရှိဖြစ်ပေါ်ကာ ဈေးကွက်အောက်ဆုံး အခြေအနေအထိ ရောက်ရှိနေခြင်းဖြစ်သည်။

`ဈေးကွက်အနေအထားအရ ကျောက်စိမ်းအချောထည်ပစ္စည်းတွေကတော့ နောက်တစ်ပတ်အထိ ဈေးကွက်   ကောင်းဦးမှာပါ၊ အောက်ခြေကျောက်ဖြစ်တဲ့ ဖြတ်စအပိုင်းတွေကတော့ ဈေးကွက်ဝယ်လို အားထက် လက်မှုပစ္စည်းအဖြစ် ပြုလုပ်ရောင်းချတဲ့သူတွေဘက်က ၀ယ်ယူမှုပေါ်မူတည်မှာပါပဲ´ဟု ကျောက်မျက် ပရဟိတလူမှုအဖွဲ့မှ အတွင်းရေးမှူး-(၁) ဦးသန်းဌေးက သုံးသပ်ပြောကြားခဲ့သည်။

Myit Makha Mediagroup

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D