သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 27, 2013

မြောက်ဦးယဉ်ကျေးမှုကို မထိန်းသိမ်းက ကမ္ဘာ့အမွေအနှစ်စာရင်းမှ အဖျက်ခံရနိုင်ဟုဆို

 
ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမှု ဆက်လက်ပျက်ကွက် နေပါက နိုင်ငံတကာအဆင့် အသိအမှတ်ပြုထားသော ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းမှ ပယ်ဖျက်ခံရဖွယ်ရှိနေကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်းအောင် က သတိပေး ပြောကြားလိုက်သည်။

“မြောက်ဦး ယဉ်ကျေးမှုနယ်မြေ ထိန်းသိမ်းမှုညံ့ဖျင်းတဲ့အပေါ်မှာ မနှစ်က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ရန်ပုံငွေ အဖွဲ့ (GHF)က အာရှတိုက် စိုးရိမ်ဖွယ်ရာ ၁၀ နေရာ စာရင်းထဲမှာ မြောက်ဦးကို ထည့်သွင်းထား ခဲ့တယ်။ ဒီကနေ့ထိ ထင်သာမြင်သာတဲ့ တိုးတက်မှု မတွေ့ရသေးဘူး။ ဒီလိုသာ နာမည်ပျက်စာရင်းမှာပဲ ဆက်ပါနေမယ်ဆိုရင် နောက်ဆုံးမှာ ကမ္ဘာ့အမွေအနှစ်စာရင်းကနေ မြောက်ဦး ပယ်ဖျက်ခံရနိုင်တယ်” ဟု ဦးကျော်ထွန်းအောင် က ဆိုသည်။

GHF ဖော်ပြပါ ၁၀ နေရာအတွက် ကျန်သည့် ကိုးနေရာမှာ ထိုင်း၊ တရုတ်၊ ဖိလစ်ပိုင်၊ အာဖကန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ ရှေးဟောင်း နယ်မြေများဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာ၌ ဖော်ပြထားသည်။


ထိုသို့ GHF နာမည်ပျက် ၁၀ ခု စာရင်း၌ မြောက်ဦး ပါဝင်နေရခြင်းမှာ ယဉ်ကျေးမှု နယ်မြေအတွင်း ရထားလမ်း၊ ကားလမ်းများ ဖောက်လုပ်ခြင်း၊ ဟိုတယ်များ ဆောက်လုပ်ခြင်း၊ သက်ဆိုင်ရာဌာနက အမွေအနှစ်များ ထိန်းသိမ်း ရာတွင် အားနည်းချက်များ ရှိနေခြင်း၊ ရှေးဟောင်းဘုရား စေတီ ပုထိုးများကို ပြုပြင်ရာတွင် ရှေးဟောင်း သုတေသန နည်းစနစ်နှင့် မညီခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်း ရခိုင်သမိုင်းပညာရှင်တို့က ဆိုသည်။

“ရထားလမ်း စဖောက်တဲ့အခါ သက်ဆိုင်သူတွေကို ရှေးးဟောင်းသုတေသန နယ်မြေရှောင်ကွင်းပြီး ဖောက်လုပ်ဖို့ ကျနော်တို့တောင်းဆိုခဲ့သေးတယ်။ ဒါပေမယ့် ရှေးဟောင်းမြို့ရိုးတွေ၊ တံခါးတွေ၊ ကျူံးတွေကိုဖြတ်ပြီး ဖောက်လုပ်ခဲ့ကြတယ်။ ဓညဝတီ မြို့တော်ဟောင်းမှာဆိုရင်မူလ လာရာလမ်းအတိုင်း တည့်တည့်ဖြတ် ရင် ခရီးတိုပြီး ကုန်ကျစရိတ် သက်သာပေမယ့် မြို့တော်ဟောင်းရဲ့ အလယ်တည့်တည့်ကို ဖြတ်ဖောက်တယ်။ ဝေသာလီ ဆိုရင်လည်း ရှောင်းကွင်း ဖောက်လုပ်ရင် ဇုန်နယ်က လွတ်ပေမယ့် ယဉ်ကျေးမှုနယ်မြေထဲ မြို့ရိုးတွေကိုပါ ဖြတ်ပြီး ရထားလမ်း ဖောက်ကြတယ်” ဟု ဦးကျော်ထွန်းအောင် က ဆိုသည်။

ဓညဝတီ မြို့တော်ဟောင်း (ဘီစီ ၃၃၂၅-အေဒီ ၃၂၇)မှာ မြောက်ဦးမြို့ မြောက်ဘက် ၁၈ မိုင် အကွာတွင် တည်ရှိပြီး ဝေသာလီ မြို့တော်ဟောင်း (အေဒီ ၃၂၇-၈၁၈)မှာ မြောက်ဦးမှ မြောက်ဘက် ၅ မိုင်အကွာတွင် ရှိသည့် ရခိုင် ရှေးဟောင်း မြို့တော်များ ဖြစ်ကြသည်။

ဥပဒေအရ တားမြစ်ထားသော်လည်း ရှေးဟောင်းနယ်မြေထဲတွင် ဟိုတယ်များ ဆောက်လုပ်နေကြဆဲ
ဖြစ်သည်ဟု ဦးကျော်ထွန်းအောင် က ဆိုသည်။

“မြောက်ဦးကို နိုင်ငံခြားသားတွေ လာတယ်ဆိုတာ အပျော်တမ်း လာသူထက် ရခိုင့် ရှေးဟောင်း ယဉ်ကျေးမှုကို လေ့လာလိုက်စားသူတွေက ပိုများတယ်။ တကယ်လို့ ဇုန်ထဲမှာ ဟိုတယ်ကြီးတွေက နေရာယူပြီး ရှေးဟောင်း အသွင်သဏ္ဍာန်တွေ ပျက်စီးသွားခဲ့ရင် မြောက်ဦး ခရီးသွားလုပ်ငန်းလည်း အောင်မြင်တော့မှာ မဟုတ်ဘူး။ ဇုန်နယ် လွတ်တဲ့နေရာမှာ ဆောက်လုပ်မယ် ဆိုရင် သူတို့ရဲ့ရေရှည် အကျိုးစီးပွားလည်း ဖြစ်ထွန်းနိုင်သလို ရခိုင် ယဉ်ကျေးမှုလည်း ပျက်စီးမှာ မဟုတ်ဘူး” ဟု ထောက်ပြ အကြံပြုသည်။

မြောက်ဦး ယဉ်ကျေးမှုဒေသတွင် “သဇင်ပန်းခိုင် တမြိုင်မြိုင်၊ ရခိုင်ဘုရားပေါင်း” စာချိုးနှင့်အညီ ဗုဒ္ဒရုပ်ပွားတော် အများဆုံး ဖူးမြင်ရပြီး ကျောက်ဆင်းတု အများစုမှာ ကျိုးပဲ့ပျက်စီးကာ ခြုံနွယ်များဖုံးလျက် ဖူးတွေ့ရသည်။

မြောက်ဦးမြို့ အရှေ့ဘက် ၃ မိုင်ခန့်အကွာရှိ ရွာဟောင်းတောကျေးရွာ အနီးတဝိုက် ရှေးဟောင်းရုပ်ပွားတော် ၄၀ ခန့်မှာ ခြုံနွယ်ပိတ်ပေါင်းများ အောက်သို့ ရောက်ရှိနေသည်။

ခြုံရှင်း၍ လိုက်ပြသူ ရွာသားများအနက် တဦးက “ဒီနယ်မြေဟာ ရှေးဟောင်း သုတေသန နယ်မြေထဲမှာ ရှိနေတယ်။ ဘုရားရုပ်ထုတွေ ရာနဲ့ချီပြီးတော့ ရှိနေတယ်။ မြောက်ဦး တမြို့နယ်လုံးမှာ ဘုရားတွေချည်းပါပဲ။ ကျိုးပဲ့ပျက်စီး နေတာတွေလည်း အများကြီးပဲ။ ဒါပေမယ့် ရှေးဟောင်း သုတေသနဌာနက တခါမှ လာကြည့်တာ မတွေ့ရဘူး။ အခုတော့ တွေ့တဲ့ အတိုင်းပဲ ခြုံရှင်းပြီး ဘုရားကို ဖူးတွေ့ဖို့ မနည်းရှာယူနေရတယ်” ဟု ရှင်းပြသည်။

ထို့ပြင် မြောက်ဦး မြို့ပေါ်ရှိ ထုက္ကန်သိမ်၊ လေးမျက်နှာ သိမ်တော်ကြီး၊ ကိုးသောင်း၊ လောင်ပွန်းပြောက် စသည့် အထင်ကရ ရှေးးဟောင်း ဘုရား ပုထိုးများကိုပင်လျင် လုံလောက်စွာ ပြုပြင်ထိန်းသိမ်းနိုင်ခြင်းမရှိဟု မြောက်ဦးမြို့ခံ စာရေးဆရာ နောင်အေး က ဆိုသည်။

“ရှေး/သု ဌာနမှာက ဝန်ထမ်းအင်အား နည်းတာရယ်၊ ဌာနက ချပေးတဲ့ ပြုပြင်ထိန်းသိမ်းစရိတ် အရမ်းနည်းတာကြောင့် ဇုန်နယ်တခုလုံး မလုပ်နိုင်ရင် ထားဦးတော့။ မြို့ပေါ်မှာရှိနေတဲ့ စေတီပုထိုးတွေကိုတော့ ပြုပြင် ထိန်းသိမ်း သင့်တာပေါ့ဗျာ။ အခု ဌာနနဲ့အနီးဆုံး နန်းရာကုန်း တခုလုံး မြက်တွေနဲ့ ဖုံးနေပြီ။ နောက်ပြီး လောင်ပွန်းပြောက်စေတီ ဆိုရင်လည်း မဟာရံ တံတိုင်း ပြင်ဘက်နံရံမှာ ကပ်ထားတဲ့ ရောင်စုံကြွေပြားတွေ အားလုံးနီးပါး ပျက်စီးကုန်ပြီ။ ကိုးသောင်းဘုရား ဒုတိယ ပစ္စယံမှာရှိတဲ့ ရုပ်တုတော်တွေ သဘာဝဘေးကြောင့် ကျိုးပဲ့ပျက်စီးကုန်ပြီ။ ဂူတွေထဲမှာရှိ တဲ့ ရုပ်ပွားတော်တွေလည်း မိုးရေစိမ့်ကျလို့ ပျက်စီးနေတာ ဒီကနေ့ထိ ပြုပြင်နိုင်ခြင်း မရှိသေးဘူး” ဟု ရှင်းပြသည်။

မြောက်ဦး ရှေးဟောင်း သုတေသန ဦးစီးဌာန လက်အောက်၌ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့ ရှိပြီး ဝန်ထမ်းစုစုပေါင်း ၂၉ ဦးသာရှိကြောင်းနှင့် မြောက်ဦး နန်းတော်ရာကုန်း တခုလုံးတွင် ထူထဲစွာ ပေါက်ရောက်နေသည့် မြက်တော၊ ခြုံတောများကိုလည်း ယခု သီတင်းပတ်အတွင်း ရှင်းလင်းသွားမည်ဟု အဆိုပါဌာနမှ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

သို့သော် ဌာနမှူးကမူ မဇ္ဈိမ၏ တွေ့ဆုံမေးမြန်းလိုမှုကို လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ယဉ်ကျေးမှုနယ်မြေ ထိန်းသိမ်းရေးမှာ ဆိုင်ရာဌာနတွင်သာမက ဒေသခံ ရခိုင် တိုင်းရင်းသားများတွင်လည်း အထူးတာဝန်ရှိကြောင်း ဌာနမှူးဟောင်း ဦးကျော်ထွန်းအောင် က ဆိုသည်။

“ဌာနကလည်း ရှေးဟောင်းသုတေသန စည်းမျဉ်းဥပဒေတွေနဲ့အညီတိတိကျကျ ဆောင်ရွက်ဖို့ လိုသလို ကျနော်တို့ ရခိုင် တိုင်းရင်းသားတွေအနေနဲ့လည်း ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ လိုပါတယ်။ ယဉ်ကျေးမှုပျောက်ရင် လူမျိုးပါ ပျောက်သွားနိုင်တာမို့ ကိုယ်ကျိုးစီးပွား တခုတည်းကို မကြည့်ဘဲ ရှေးဟောင်း အမွေအနှစ်တွေ မပျောက် မပျက်ရအောင် အမျိုးသားအသိနဲ့ ညီညီညွတ်ညွတ် ဆောင်ရွက်သွားကြဖို့ လိုပါတယ်” ဟု အကြံပြုသည်။

လက်ရှိ ရပ်နားထားသော ရထားလမ်း ဖောက်လုပ်မှုအား ယဉ်ကျေးမှုဇုန်နယ်ကို ရှောင်ကွင်း ဖောက်လုပ်မည် ဆိုက ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းခြင်းနှင့်အတူ နိုင်ငံတကာ အလယ်တွင်လည်း ဂုဏ်ယူဘွယ် ဖြစ်မည် ဟု ၎င်းက ဆိုသည်။

မြောက်ဦးမြို့မှာ ရခိုင်ဘုရင် မင်းစောမွန်က အေဒီ ၁၄၃၀ ခုနှစ်တွင် တည်ထောင်၍ နှစ်ပေါင်း ၃၅၅ နှစ် တည်တံ့ခဲ့ပြီး ရခိုင်မင်းဆက်ပေါင်း ၄၈ ဆက်စိုးစံခဲ့သည့် သမိုင်းဆိုင်ရာ ယဉ်ကျေးမူအမွေအနှစ်များ ပေါကြွယ်ဝသော ရခိုင်တို့၏ နောက်ဆုံး ရှေးဟောင်းနန်းမြို့တော်  ဖြစ်သည်။

  (မဇ္ဈိမ) 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D