သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 29, 2013

၁၁ နှစ်ကျော်ကြာ ကျောင်းမလာတဲ့ ရခိုင်က ဆရာမ ရာထူး တိုးခံရ

(နိရဉ္စရာ- ၂၉ ဇွန် ၂၀၁၃) / ပညာရေး
ရခိုပြည်နယ် တောင်ကုတ်မြို့နယ် ဘူးရွှေမော်ကျေးရွာ မူလွန်ကျောင်းတွင် တာဝန်ကျနေသော မူလပြ ဆရာမတစ်ဦးသည် တာဝန်ကျနေသည့် ၁၁ နှစ်ကျော် အချိန်ကာလအတွင်း တစ်ကြိမ်တစ်ခါမျှ ကျောင်း
သို့ ရောက်မလာသော်လည်း ယခုအခါ သူမအား သက်ဆိုင်ရာမှ မူလတန်းဆရာမအဖြစ်မှ အလယ်တန်း
ပြ ဆရာမ အဖြစ်သို့ ရာထူး တိုးမြှင့်လိုက်ကြောင်း သတင်း ရရှိသည်။
Rakhine-Schoolဇွန်လ ၂၂ ရက်နေ့က ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ မူလွန်ကျောင်း၊ ဘူးရွှေမော်
ကျေးရွာ တောင်ကုတ်မြို့နယ်မှ ပညာရေးမှူးထံသို့ တိုင်ကြားစာ ရေးသားပေးပို့ရာတွင် မူလတန်းပြ ဆ
ရာမ ဒေါ်ကြည်ကြည်ရွှေသည် မူလတန်း ဆရာမအဖြစ်မှ အလယ်တန်းပြ ဆရာမ အဖြစ်သို့ ရာထူး တိုး
မြှင့်ခံခဲ့ရသည်း (၁၁) နှစ် အချိန် ကာလအတွင်း တစ်ကြိမ် တစ်ခါမျှ ကျောင်းကို မရောက်လာခဲ့ကြောင်း
ဖေါ်ပြသည်။
တိုင်ကြားသည့် စာထဲတွင် တောင်ကုတ် မြို့နယ် ဘူးရွှေမော် ကျေးရွာ မူလွန်ကျောင်းကို ယခုအခါ ဖွင့်
လှစ် သင်ကြားနေပါကြောင်း၊ ဆရာကြီိး အဆက်ဆက် ပြောင်းခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုလက်ရှိ ဆရာကြီး
မှာ ဦးမြင့်ဆွေ ဖြစ်ပါကြောင်း၊ မူလတန်း ဆရာမများမှာ ဒေါ်အေးအေးနိုင်၊ ဒေါ်ခင်မာလွင်၊ ဒေါ်စန္ဒာစိုး တို့ ဖြစ်ကြပြီး အ.လ.ပြ ဆရာမများမှာ ဒေါ်ညိုကြည်၊ ဒေါ်သန်းသန်းဆွေ၊ ဒေါ်ကြည်ကြည်ရွှေ တို့ ဖြစ်ပါ
ကြောင်း၊ ယခုအခါ မောင်တောမြို့နယ်မှ အလပြ ဆရာ တစ်ဦးဖြစ်သူ ဦးတင်မြင့်မှာ ဘူးရွှေမော် မူလွန်
ကျောင်းတွင် တာဝန်ကျသည်ဟု သိရပါကြောင်း၊ ယင်းသို့ တာဝန်ထမ်းဆောင်ရမည့် ဆရာ/မများအ
နက် မောင်တောမြို့နယ်မှ ဆရာဦးတင်မြင့်မှာ ယခုတိုင် ရောက်လာခဲ့ခြင်း မရှိသေးပါကြောင်း၊ ထို့အတူ မူလတန်းကျောင်း ဘ၀ကပင် မူလတန်းပြ ဆရာမအဖြစ် တာဝန်ကျနေသူ ဆရာ မဒေါ်ကြည်ကြည်ရွှေမှာ
လည်း ယခု အလပြ ဆရာမ အဖြစ် ရာထူးတိုးပြီး ယခု ကျောင်းမှာလည်း မူလွန်ကျောင်း ရသည် အထိ တစ်ကြိမ်မှ ကျောင်းသို့ လာရောက်ခဲ့ခြင်း မရှိကြောင်း၊ ကျောင်းမရောက်သည် မှာ(၁၁)နှစ်ကျော်မျှပင် ရှိနေပြီ ဖြစ်ကြောင်း ဖေါ်ပြသည်။
ဘူးရွှေမော်ကျေးရွာမှ ကိုသန်းဋ္ဌေး (အမျိုးသား မှတ်ပုံတင် အမှတ် ၁၁/တကန(နိုင်)၀၇၂၀၉၄) ကလည်း
 ဒေါ်ကြည်ကြည်ရွှေ အနေဖြင့် ကျောင်းမတက်ဘဲ လစဉ်လတိုင်း ပြည်သူ့အခွန်ဘဏ္ဍာကို လစာထုတ်
စားနေဆဲ ဖြစ်ကြောင်း ပြောဆိုသည်။
“ ဘူးရွှေမော်ရွာ မူလွန်ကျောင်းမှာ ဒေါ်ကြည်ကြည်ရွှေ တာဝန်ကျပါတယ်။ ဒါပေမယ့် ယနေ့ အချိန် ၂၀၁၃ အထိ အဲဒီဆရာမဟာ ဘူးရွှေမော်ရွာကို တစ်ကြိမ် တစ်ခါမှ ခြေတစ်ဖ၀ါး မချဘူး သေးပါဘူး။ အင်မတန့်- အင်မတန် အံ့သြဖွယ်ရာ ဖြစ်ရပ်ကြီး ပါပဲ။ ဆရာမကိစ္စနဲ့ ပတ်သက်ပြီး ကျေးရွာ ကျောင်း ကော်မတီမှ ရပ်
မိရပ်ဖများဟာမြို့နယ်ပညာရေးမှုးနဲ့ သွားရောက်ာ တွေ့ဆုံတိုင်း မေးမြန်းပေမယ့် အော်ဟောက် ကြိမ်း
မောင်းခြင်းကို ခံကြရပါတယ်။
ကျေးရွာသူ ကျေးရွာသားတွေ အနေနဲ့ မြို့နယ် ပညာရေးမှုးကို ပြန်မပြောရဲရှာဘဲ ရွာပြန်ခဲ့ကြရတာဟာ
လည်း နှစ်စဉ်လိုလိုပါပဲ။ ဆရာမကတော့ လစဉ် လတိုင်း ပြည်သူ့ အခွန်ဘဏ္ဍာကို လစာထုတ်စားနေဆဲ
ပါ။ ယခုလို ပြည်သူ့အခွန်ဘဏ္ဍာကို မတော် မတရား လိမ်လည် စားသောက်နေသူကို အမြန်ဆုံးအရေး
ယူပေးပါရန် တောင်းဆို လိုက်ပါတယ် ခင်ဗျား” ဟု သူက ပြောသည်။
မြန်မာနိုင်ငံ၏ ပညာရည် မြင့်မားရေး ကြိုးပမ်းနေသည့် ကာလတွင် ကလေးငယ်များ၏ ပညာရေးကို ထိ
ခိုက်မခံနိုင်သဖြင့် အဆိုပါ ဆရာ ဆရာမများနေရာတွင် အခြားဆရာ ဆရာမများနှင့် အစားထိုးခန့်အပ်
ရန် ကျေးရွာသားများက တောင်းဆိုထားကြောင်း သတင်း ရရှိသည်။
 
နိဉ္စရာ-သတင်းဋ္ဌာနမှကူးယူမျှဝေသည်။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D