ဇွန်လ ၂၉ ရက် ၂၀၁၃
ဇူလိုင်၂၇ရက်နေပြည်တော် ၌ပြုလုပ်မည့် ကချင်ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပွဲပြီးလျှင် လူရွှင် တော်အဖွဲ့မှ ဦးဆောင်၍ ငြိမ်း ချမ်းရေးအောင်ပွဲအနေဖြင့်ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေအနုပညာပွဲ ကို ရန်ကုန်မြို့အောင် ဆန်းကွင်း ၌ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း ဇွန် ၂၄ ရက်တွင် လူရွှင် တော် ဦးဇေယျကပြောသည်။
ဇူလိုင်၂၇ရက်နေပြည်တော် ၌ပြုလုပ်မည့် ကချင်ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပွဲပြီးလျှင် လူရွှင် တော်အဖွဲ့မှ ဦးဆောင်၍ ငြိမ်း ချမ်းရေးအောင်ပွဲအနေဖြင့်ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေအနုပညာပွဲ ကို ရန်ကုန်မြို့အောင် ဆန်းကွင်း ၌ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း ဇွန် ၂၄ ရက်တွင် လူရွှင် တော် ဦးဇေယျကပြောသည်။
““ဒီပွဲကို လုပ်ဖြစ်သွားတဲ့အ ကြောင်းရင်းက ယခုဒီမိုကရေစီ ရပြီ၊ ရပြီဆိုပေမဲ့ ဒီမိုကရေစီ အောင်မြင်အောင် အဓိကငြိမ်း ချမ်းရေးလိုတယ်၊ ငြိမ်းချမ်းရေး မရမချင်း ဒီမိုကရေစီဆိုတာ စစ် မှန်မှာမဟုတ်ဘူး၊ ဒီပွဲကို လုပ် သာ လုပ်ရမှာ သေချာလား၊ မသေချာ လားတော့ ၁၀၀% အပြည့် မဟုတ်ဘူး၊ ၂၇ရက်မှာ နေပြည် တော် မှာ ခေါင်းဆောင်ကြီးများ က လက်မှတ်ထိုးမယ်ဆိုတဲ့ သတင်းကြားတယ်၊ အဲဒီသတင်း ကြားတဲ့အတွက်သူ တို့ခေါင်းဆောင် ကြီးတွေ မနက်ပိုင်းမှာ လက်မှတ် ထိုးပြီးသွားရင် ညနေပိုင်းမှာ ဦးတို့ က အောင်ဆန်းအား ကစားကွင်း ထဲမှာ အောင်ပွဲအနေနဲ့ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေငြိမ်းချမ်းရေး အောင်ပွဲကမှာ၊ ဒီကိစ်္စကို စပြီး တော့ အိုင်ဒီယာစရခဲ့တာက ကိုသူရ (ခ) ကိုဇာဂနာပါ၊ လူရွှင် တော်အုပ်စုကနေ ပထမဆုံးငြိမ်း ချမ်းရေး ပွဲလေးကို စကမှာ၊ ဒီပွဲ လေးက မြန်မာပြည်မှာ မကြုံဘူး သေးတဲ့ပွဲလေးပါ၊ တခြားပွဲတွေက များသောအားဖြင့် တစ်နှစ်တစ်ခါ လုပ်တဲ့ပွဲတွေ၊ ဒီငြိမ်းချမ်းရေး အောင်ပွဲနေ့ဆိုတာက တစ်နှစ် နှစ်ခါလုပ်လို့မရဘူး၊ အဓိကက ရာသက်ပန် ငြိမ်းချမ်းရေးလိုချင် တယ်၊ လက်မှတ်ထိုးရုံနဲ့ မပြီးသေး ဘူး၊ တစ်ကယ်ကို ငြိမ်းငြိမ်းချမ်း ချမ်းနဲ့ စစ်မှန်တဲ့ဒီမိုကရေစီဖြစ်ဖို့ အတွက် တွန်းအားတစ်ခုအနေနဲ့ ၀ိုင်းတွန်းပေးတာပေါ့။ တကယ် လို့များ သူတို့ မထိုးဖြစ်ခဲ့ရင် ဦးတို့ က ဒီအောင်ပွဲအတွက် ဒါတွေ လုပ်ထားပါတယ်ဆိုရင် ငြိမ်းချမ်း ရေးလက်မှတ် ထိုးဖြစ် ရင်ထိုးဖြစ် သွားနိုင်တယ်”” ဟု ၎င်းကပြော သည်။
အဆိုပါအောင်ပွဲအခမ်းအ နားတွင် အခန်း (၈) ခန်းပါဝင် ကပြသွားမည်ဖြစ်ကြောင်း သိရ သည်။
ယဉ်ပပထွန်း
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...