သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 27, 2013

ကလေးမြို့သာဓကနှင့် အကျင့်ပျက် ခြစားမှု ပြဿနာ ဘယ်လို ကိုင်တွယ်ကြမလဲ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPtpuipNZCV2EDcP2Xe1sEpaTg-mbIrGxzT_gGpYJa5EqVZ9bqSdBZt4-j2hqWgkQOT_K8XdPDhP3tKMvLmzq8qRPP1LRMGRcJrwpevdLZzZsq4pEjb-7EHHnZ1TlA9uT3QCO33ZnBlfT7/s1600/3.jpg
အကျင့်ပျက်ခြစားမှုပြဿနာမှာ မြန်မာနိုင်ငံအတွက်ထူးဆန်းထွေလာတော့မဟုတ် ကြာခဲ့ပြီဟုသာ ပြောရပါတော့မည်။ ပြီးခဲ့သည့် အစိုးရလက် ထက်တွင်ထိပ်ဆုံးသို့ ရောက်ရှိခဲ့သော ပြဿနာဖြစ်သည်။ ပြောရလျှင် ခြစားမှုသည် ယဉ်ကျေးမှုတစ်ခုကဲ့သို့ အမြစ်တွယ်ခဲ့ပြီး ဖြစ်သည်။ ဘယ်လောက်ထိ အမြစ်တွယ် ခဲ့သနည်းဆိုတော့ ရိုးသားဖြောင့် မတ်ခြင်းဆိုသည် ရူးကြောင်ကြောင်ဟု သတ်မှတ်ရသည်အထိ ခေတ်က ရက်စက် စွာသမုတ်ခဲ့သည်။

ပြီးခဲ့သည့် ဇွန် ၁၅ ရက်တွင်တော့ ခြစားမှု တိုက်ဖျက်ရေး ဒုရဲ အုပ်ခေါင်းဆောင်သော အဖွဲ့ ကလေးမြို့သို့ ရောက်ရှိလာကာ သံသယရှိ ရဲဝန်ထမ်း အချို့အား စစ်ဆေးခဲ့သည်။ ရုတ်ရုတ်သောင်းသောင်းဖြစ်ခဲ့သော သတင်းတစ်ပုဒ်၊သေချာတာက ခြစားမှုသည် ကလေးမြို့တစ်မြို့တည်းတော့ မဟုတ် တစ်နိုင်ငံလုံး အနှံ့ဟုဆိုသော် လွန်အံ့မထင်။ ထိုသတင်းအပေါ် အခြေခံ၍ ယဉ်ကျေးမှုကို အမြစ်တွယ်နေသော အကျင့်ပျက်ခြစားမှုအရေး မည်သို့မည်ပုံ ကိုင်တွယ်မည် ကို ပေါ်ပြူလာနယူးစ်မှ တင်ဆက်လိုက်ပါသည်။

ဦးကြီးမြင့်
(တရားလွှတ်တော်ရှေ့နေ)
------------------------------

မှောင်ခိုကိစ္စတွေမှာ ရဲတွေပါဝင် ပတ်သက်မှု ဒီလိုဟာမျိုးကေ တာ့ ဖြစ် တောင့်ဖြစ်ခဲ ဖြစ်ပါတယ်။ (၁) ကတော့ ရဲတပ်ဖွဲ့ အနေနဲ့ ဒီလောက်ကြီး ကြီးမား မား ပါဝင်ပတ်သက်တယ်ဆို တာတော့ တော်တော်ကြီးကျယ်တဲ့ အဖြစ်အပျက် ပဲ။ ဒါမျိုးကတော့ လုံးဝမဖြစ်သင့်ဘူး။ ဒါပေမဲ့လို့ တစ် တိုင်းပြည်လုံးမှာတော့ အကျင့်ပျက် ခြစားမှုဟာတော့ အပြည့် ပဲ။ တစ်ခုနဲ့ တစ်ခု ပုံသဏ္ဌာန်ချင်း မတူ တာပဲရှိတယ်။Money law is something law အဲဒီ စကားရှိတယ်။ နောက်တစ်ခုကတော့ Character Law is Everything Law ဆိုတဲ့ စကားရှိ တယ်။ ငွေကြေးချို့တဲ့ ပျက်စီးတယ် ဆို တာကMoney Law is Something law/ Character law is Everything law ဆိုရင် တစ်တိုင်းတစ်ပြည်လုံး ပျက် စီးတာပေါ့။ စာရိတ္တ ပျက်ရင် အားလုံး ပျက်တာပေါ့။ ဆိုလိုတာက တို့တိုင်းပြည် ဟာ စစ်အာဏာရှင်တွေနဲ့ နှစ် ၅ဝ နေခဲ့ ရတဲ့အတွက်ကြောင့် မို့လို့ Character law ဖြစ်တဲ့ နိုင်ငံ ကြီးဖြစ်ခဲ့တယ်။ ဒါ ကြောင့်မို့လို့ အခုဟာကတော့ အကြီး ဆုံးပေါ့။ အဲဒီ Character law ကနေ ပေါက်ပွားလာတဲ့ ကြီးကျယ်တဲ့ ကိစ္စဖြစ် တယ်။ တစ်တိုင်း တစ်ပြည်လုံး Character law ဖြစ်နေတဲ့ ဟာကြီးကို တို့က လျှော့ချဖို့အတွက် ကြိုးစား၊ ကြိုး ပမ်း ဆောင်ရွက်ရမယ်။ ဘယ်လို ကြိုး ပမ်းဆောင်ရွက်ရမလဲဆိုရင် နိုင်ငံရဲ့ စီးပွားရေးတိုးတက်လာပြီးတော့ ဝန် ထမ်းတွေရဲ့ လစာနဲ့ အသုံးစရိတ်နဲ့ ကာ မိအောင် အဲဒီလို ဖြစ်လာေ အာင် နိုင်ငံ တော်က အားထုတ်ကြိုးပမ်းပေး သင့် တယ်။ အဲဒီလို ကြိုးပမ်းပေးတဲ့ နေရာ မှာ လစာ တိုးပေးတာကို မဆိုလိုဘူး။ တို့က အရာရှိဘဝ နဲ့ နှစ်ပေါင်း ၂၇ နှစ် လုပ်ခဲ့တယ်။

လစာ ရှစ်ခါ တိုးပေးခဲ့တယ်။ တစ် ခါမှ မလောက်ဘူး။ လစာ တိုးပေးတဲ့ စနစ်နဲ့ကတော့ တို့နိုင်ငံကို ကယ်တင် လို့မရဘူး။ ဝန်ထမ်းတွေရဲ့ ဘဝကို ကယ်တင်လို့ မရဘူး။ ဘာလုပ်ရမယ်ဆို ရင် တစ်တိုင်းတစ်ပြည်လုံး စီးပွားရေး တိုးတက်လာဖို့ ကုန်ဈေးနှုန်းတွေ ကျရ မယ်။ ထပ်မတက်ရဘူး။ မကျချင်နေ ထပ်မတက်ရဘူး။ အစိုးရက စီမံကိန်း တွေ လုပ်ရမယ်။ အဲဒီလို လုပ်နိုင်တဲ့ အစိုးရမျိုး၊ ခေါင်းဆောင်မျိုး တို့တိုင်း ပြည်မှာ အမှန်တကယ် အရေးတကြီး လိုအပ်တယ်။ အဲဒီလို ခေါင်းဆောင် ကောင်းတွေကပဲ စီးပွားရေး၊ လူမှုရေး တိုးတက်အောင် လုပ်ပေးနိုင်မယ်။ အဲဒီ လို တိုင်းပြည် ကို ကောင်းစွာ အုပ်ချုပ် နိုင်တဲ့ ကယ်တင်နိုင်မယ့် ခေါင်းဆောင် ကောင်းတွေ မပေါ်ထွန်းသမျှ ကာလ ပတ်လုံး ဝန်ထမ်းတွေဟာဒီလိုပဲ အကျင့် ပျက်နေမှာပဲ။ နောင်လည်း ဖြစ် နေဦး မှာပဲ။ ဒါက သီအိုရီအရ ပြောတာ မ ဟုတ်ဘူး။ တွေ့ကြုံလာရတဲ့ အတွေ့အ ကြုံအရ ပြောတာ။

ကလေးမြို့မှာ စစ်ဆေးကိုင်တွယ်မှု ဟာ ယာယီတော့ ငြိမ်သက်သွားနိုင် တယ်။ ရောဂါကတော့ ပျောက်သွားမှာ မဟုတ်ဘူး။ နောက်တစ်နေရာမှာ ဒီလို ပဲခြားနားတဲ့ ပုံသဏ္ဌာန်တစ်ရပ်နဲ့ ဖြစ် မှာပဲ၊ ဖြစ်ဆဲပဲ၊ ဖြစ်နေတာလည်း ရှိ တယ်။ ထပ်တူသာ မတူတာ။ အဲဒါ ကြောင့်မို့လို့ ဝန်ထမ်းတွေ လစာနဲ့ မလောက်ဘူး။ ဝန်ထမ်းတွေမှာ ပညာ ရေး၊ ကျန်းမာရေးအတွက်လည်းပဲ ဝန် ထမ်းတွေအတွက် မလုံလောက်ဘူး။ စားဖို့နေဖို့တင် မကဘူး။ ကျန်းမာရေး၊ ပညာရေးအတွက်လည်း မလုံလောက် တဲ့ အတွက်ကြောင့်မို့လို့ ဒါတွေဟာ ပုံ သဏ္ဌာန်မျိုးစုံနဲ့ ဆက်ဖြစ်နေမှာပဲ။

ဝန်ထမ်းတွေ ပါဝင်ပတ်သက်မှုကို ဘယ်လို ကိုင်တွယ်သင့်တယ်ဆိုတော့ တရုတ်ပြည်မှာတော့ ပစ်သတ်တယ်။ အဆင့်မြင့်တဲ့အရာရှိတွေ ဆိုရင် ပစ် သတ်တယ်။ ဗမာပြည်မှာကတော့ မကြာခင် လွတ်လာတာပဲ။ တရုတ်ပြည် မှာတော့ ပစ်သတ်တယ်။ ထိုင်ခိုင်းပြီး တော့ နောက်စေ့ကို သေနတ်နဲ့ ပစ် သတ်တယ်။ အဲဒီ ကျည်ဆန်ဖိုးကို လာဘ်စားတဲ့ မိသားစုကပဲ ကျည်ဆန်ဖိုး ပေးရတယ်။ မြန်မာပြည်မှာကတော့ လာဘ်စားရင် ချမ်းသာသွားတာပဲ ရှိ တယ်။ ထိရောက်တဲ့ အရေးယူမှု သိပ် မတွေ့ဘူး။ ဒါကြောင့်မို့လို့ လာဘ်စား လည်းဘာမှ မဖြစ်ဘူး။ ချမ်းသာသွား တာပဲ။ အဲဒီတော့ အုပ်ချုပ်ရေးေ ကာင်း မှလေ။ Good Government ပဲဆိုတာ အုပ်ချုပ်တဲ့သူတွေဆိုတာကလည်း ဒီလို လူမျိုးတွေပဲ အုပ်ချုပ်တာ။ ဒါကြောင့်မို့ လို့ နိုင်ငံရေးကောင်း ရမယ်။ အုပ်ချုပ်မှု ကောင်းရမယ်။ အဲဒီလူတွေ တက်လာမှ။ ဒီလူတွေနဲ့ ကတော့ ဒီလိုပဲ ဆက်ဖြစ် မယ်။ Good Government မရလို့ ဖြစ်နေတာ။ မရှိလို့။ အဲဒီလို Good Government မရှိလည်းဆိုရင် စစ်တပ် က လူ၊ စစ်အာဏာရှင်တွေကပဲ စစ်ပုံစံ နဲ့ အုပ်ချုပ်နေလို့ ဘာမှ မထူးဘူးလေ။ လွန်ခဲ့တဲ့ အနှစ် ၅ဝ နဲ့ အခု ဘာမှ မတူ ဘူးလေ။ အဲဒါကို စတုတ္ထမဏ္ဍိုင်က အမြဲတမ်း ဖော်ထုတ်နေရမှာ။

ဦးသိန်းညွန့်
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
--------------------------------------

အဲဒီအသေးစိတ်ကတော့ ကျွန် တော် မပြောနိုင်ဘူး။ ကျွန်တော် ပြော နိုင်တာကတော့ အခုကလေးနဲ့ တမူး မှာ ဒုတိယရဲချုပ် ခေါင်းဆောင်ပြီးေ တာ့ ပြည်ထောင်စုပြည်ထဲရေး ဝန်ကြီးဌာန က ကိုင်တွယ်တဲ့ ဟာက ကောင်းမွန်တဲ့ ခြေလှမ်းဖြစ်တယ်။ မူးယစ်ဆေးဝါးထိ ပြဿနာကို ပြည်သူ လူထုက တင်ပြလို့ လူထုက ရတဲ့သတင်းနဲ့ အခုလို အရေး ယူ ဆောင်ရွက်ပုံမျိုးကို အဲဒီလိုပဲ လူထု တိုင်ကြားတဲ့ပေါ် မူတည်ပြီးတော့ ကျန် တဲ့ တရား သူကြီးတွေ အပါအဝင်ပေါ့။ ကျန်တဲ့အကျင့်ပျက်တဲ့ လူတွေကို သက် ဆိုင်ရာ ဌာနအသီးသီးက အခု ကလေး နဲ့ တမူးမှာ လုပ်သလို အရေးယူ ဆောင် ရွက်ခြင်းဟာ သမ္မတကြီးပြောတဲ့ သန့် စင်တဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ် ရေး တည်ထောင်ဖို့အတွက် အင်မတန် လိုအပ်တဲ့ ခြေလှမ်းပဲလို့ ကျွန်တော် မြင် တယ်။

ကျွန်တော်တို့က ဒီမိုကရေစီ အ သွင်ကူးပြောင်းမှုကို သွားမယ်လို့ အခိုင် အမာ ဆုံးဖြတ်ပြီးဖြစ်တော့ ဒီလို လုပ် ငန်း နယ်ပယ်မျိုးလိုပေါ့။ ရဲနယ်ပယ်၊ တခြားအုပ်ချုပ်ရေးနယ်ပယ်၊ တရားရုံး နယ်ပယ်အသီးသီးမှာ အခုလို ရရှိတဲ့ ခိုင်မာတဲ့ သတင်းပေါ်မူတည်ပြီး တော့ အခုလုပ်တဲ့ လှုပ်ရှားမှုပုံစံမျိုးေ ပါ့။ အဲဒီ လို အရေးယူမှ ရမှာ။ အခု ရဲတွေရဲ့ လုပ်ကိုင်မှုတွေကို ဘေးက စောင့် ကြည့် နေသလိုပေါ့။ ဒါပေမဲ့ ဌာနအသီးသီး မှာလည်း အထူးသဖြင့် တရားရုံးဝန်း ကျင်တွေမှာလည်း အဲဒါမျိုးတွေ စောင့် ကြည့်ပြီးတော့ အခုလိုပဲပေါ့ သက်ဆိုင် သူများက ချက်ချင်းလက်ငင်း အရေးယူ တဲ့ပုံစံမျိုး ဆောင်ရွက်ခြင်းဟာ အဲဒီ တော့မှ တရားဥပဒေစိုးမိုးမှုဆိုတာ ဖြစ် လာမှာပါ။ အဲဒီဟာက နောင်လည်း ဆက်တိုက် ပေါ်လာလိမ့်မယ်။ အရှိန် မြင့် လာလိမ့်မယ်လို့ ကျွန်တော် ယူဆပါ တယ်။

သက်ဆိုင်သူ သတင်းရတဲ့အပေါ် မှာ ဆက်စပ်သတင်းတွေကို အထောက် အထားခိုင်လုံရင်တော့ လိုအပ်သလို ဆောင်ရွက်ရမှာပေါ့။ အခုဟာက ဌာန ဆိုင်ရာ တံဆိပ်သားတွေကို သုံးပြီးတော့ မူးယစ်ဆေးဝါးရော သယ်ဆောင်လာ တာကိုက ကြီးလေးတဲ့ ပြစ်မှုကို ကျူး လွန်ပြီးသားပဲပေါ့။ တရားဥပဒေ အုပ် ချုပ်မှုကို လိုတယ်ဆိုရင်တော့ ဒီလို မိမိ ရဲ့ လုပ်ကိုင်ခွင့်ကို အလွဲသုံးစား လုပ် တယ်ဆိုကတည်းကကို အရှင်းဆုံး ပြော ရလို့ရှိရင် ဘယ်လိုမှ သည်းခံဖို့ ခွင့်လွှတ် ဖို့ မလိုအပ်ဘူး။ အဲဒါကြောင့် ဥပဒေမှာ ဆိုထားတာကိုက ပြစ်မှုကျူး လွန်သူ၊ အားပေးကူညီသူ၊ အဲဒီတော့ ပြစ်မှုကျူး လွန်သူနဲ့ အတူ အားပေးကူညီ သူရှိရင် လည်း ပြစ်မှုကျူးလွန်သူကဲ့သို့သူ့ကို ပြစ် ဒဏ် ပေးရမယ်။

ဝန်ထမ်းတွေ ပါဝင်ပတ်သက်မှု၊ အဓိကတော့ အောက်ခြေ အသေးစိတ် ဝန်ထမ်းတွေကတော့ သူတို့ လခနဲ့ မလောက်တာပေါ့။ လောက်ငမှုက မသေချာတာပေါ့။ တချို့ကတော့ အူမ တောင့်ရဲ့သားနဲ့ သီလမစောင့်နိုင်တာ ပေါ့။ အဲဒါကတော့ အထက်ပိုင်းတွေ ပေါ့။ အဲဒီတော့ သူတို့ကို ကိုင် တွယ်တဲ့ အခါမှာ အဓိက အထက်ပိုင်းတွေက ဒီ ကိစ္စနဲ့ ပတ်သက်ရင် ဘယ်လောက် ကြွယ်ဝချမ်းသာနေပြီလဲ။ သူတို့ကလည်း အခုလို နှစ်ပေါင်းများ စွာ လုပ်နိုင်အောင် သူတို့အထက်အထက်က ပုဂ္ဂိုလ်တွေကို ဘယ်လောက်ပေးထားရသလဲ။ အဲဒါ တွေကိုပါ အဘက်ဘက်က ဖော်ထုတ်ဖို့ လိုတယ်။ အဲဒီတော့ ပြည့်စုံရဲ့သားနဲ့ ဖောက်ပြန်တဲ့သူ၊ ဗိုက်မဝလို့ အကျင့် ပျက်ရတဲ့သူ၊ အောက်နဲ့အထက်ကို ခွဲ ခြားပြီးတော့ ဆောင်ရွက်လို့ရှိရင်တော့ ပိုပြီးလက်တွေ့ကျမယ်လို့ ကျွန်တော် မြင်ပါတယ်။

ဦးဝင်းမြင့်
(အတွင်းရေးမှူး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ)
-----------------------------------

မူးယစ်ဆေးဝါးတွေမှာ ကျွန်တော် သွားရောက်လေ့လာတဲ့ နေရာတွေမှာ လည်း မူးယစ်ဆေးဝါးပြဿနာတွေက တော်တော်ကြီးကြီး မားမား ရှိနေတယ်။ အမှုတွေမှာ တရားစွဲဆိုမှုတွေ နည်းနေ တယ်။ မူးယစ်ဆေးဝါးမရှိလို့ မဟုတ် ဘူး။ ရှိတယ်။ တကယ်ကိုထိထိရောက် ရောက်နဲ့ တရားစွဲ အဖွဲ့အစည်းနဲ့ မူး ယစ်ဆေးဝါးနှိမ်နင်းတဲ့ အဖွဲ့၊ ကာကွယ် တားဆီးတဲ့အဖွဲ့ကရော မလုပ်တာတွေ က ရှိနေတွေ့နေတယ်။ ဝန်ထမ်းတွေ ပါဝင် ပတ်သက်နေတာကိုတော့ တိတိ ကျကျပြောပြလို့မရတဲ့ အခြေအနေပေါ့။ ဒါပေမဲ့ ထိထိရောက်ရောက် လုပ်ပြီး ထိ ထိရောက်ရောက်အပြစ်ပေးမှ ရမယ်။ စစ်တာတော့ စစ်တယ်။ ထိရောက်တဲ့ အရေးယူမှုမလုပ်ဘူးဆိုရင်ဒါတွေက တော့ ရှိနေဦးမှာပဲ။

တရားဥပဒေရှု ထောင့်ကနေကြည့်မယ်ဆိုရင် ဒီကလေး မြို့က လိုင်စင်မဲ့ကားနဲ့ မူးယစ်ဆေးဝါး ကိစ္စတွေကို လမ်းကြောင်းဆက်စပ်နေ တဲ့ လူတွေ အားလုံးကို စစ်ဆေးမေးမြန်းဖို့ တော့လိုတယ်။ ပါဝင်ပတ်သက်နိုင်တဲ့ အဖွဲ့အစည်းတွေ အားလုံးမှာတာဝန် ရှိတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ မှောင်ခို ကိစ္စတွေ၊ ပြစ်မှုနဲ့ဆိုင်တဲ့ အရာတွေအား လုံးမှာ ဥပဒေအရကို ထိထိရောက် ရောက် အရေးယူပေးရမှာ။ အဲဒီလို မဟုတ်ဘဲ ဝန်ထမ်းတွေပါဝင် ပတ်သက် မှုတွေမှာ ဟိုရွှေ့ဒီပြောင်းလိုက်၊ ဒီနေရာ ကနေ ဟိုနေရာကိုပြောင်းရွှေ့နေဦးမယ် ဆိုရင် အဲဒီလိုမကောင်းတဲ့အကျင့်စရိုက် တွေ ပိုပြန့် သွားတာပဲ ရှိလိမ့်မယ်။ ဒီအ လေ့အကျင့်နဲ့ဒီအပြုအမူတွေ ဒီအတိုင်း ဆက်လုပ်နေဦးမှာပဲ။ အရေးယူမှုကို အဓိကကျကျနဲ့ ထိထိရောက်ရောက် လုပ်ရမယ်လို့ ပြောချင်ပါတယ်။

ဦးအေးမြင့်
ဥပဒေအရာရှိ (ငြိမ်း)၊ ၈၈၈၈ အင်အားစု (ကလေးမြို့)
-----------------------------------------------------

ဖြစ်နေတဲ့ အမှုတွေနဲ့ ပတ်သက် လို့ ဝန်ထမ်းတွေ ပါဝင်ပတ်သက်မှုမှာ အပေါ်ကနေလာတဲ့ အဖွဲ့အစည်းတွေ က လာစစ်ဆေးနေတာ ကို တွေ့ေ နရ တယ်။ စစ်ဆေးတာနဲ့ ပတ်သက်လို့ တရားမျှတမှု ဖြစ်စေချင်တယ်လို့ ကျွန် တော်တို့ အင်တာနက်လည်း တင်ပါတယ်။ လက်ရှိစစ်ဆေးခံနေရတဲ့ ပုဂ္ဂိုလ် တွေထဲမှာ အချို့သော ပုဂ္ဂိုလ်တွေ ဟာ ဆိုရင် ဒေသကောင်း ကျိုးအတွက် လုပ် နေတဲ့ သူတွေပါတယ်။ လာစစ်ဆေး တဲ့ အကြောင်းအရာ ကိုတော့ ဘာမှ မပြော လိုပါဘူး။ လုပ်ထုံးလုပ်နည်းအရ လုပ် တာပဲ။ ဒါပေမဲ့ ကောင်းတာကတော့ မြို့မှာ ဖွဲ့ထားတဲ့ အထောက်အကူပြု အဖွဲ့က မြို့မိမြို့ဖတွေနဲ့ ပူးပေါင်းပြီး လုပ်စေချင်တယ်။ ခုလက်ရှိ ၁ဝ ယောက် ကို အကျယ်ချုပ်နဲ့ စစ်ဆေးနေတယ်လို့ ပြောတယ်။ ကျွန်တော် သိတာ ၁၅ ယောက်ရှိသွားပြီ။ အခြားအဆင့်က တစ်ယောက်လား နှစ်ယောက်လားပဲ ပါ တယ်။ ကျန်တာက အရာရှိတွေထဲကပဲ။ ကျွန်တော်တို့ ကလေးခ ရိုင်၊ မြို့နယ်တွေ က ကိစ္စကိုပဲ စစ်ဆေးနေတာ။ ကျန်တဲ့ တိုင်းနဲ့ပြည် နယ် ဒေသတွေမှာလည်း ရှိ နိုင်တဲ့ အကြောင်းအရာတွေပါ။ ခုလို စစ်ဆေးတာ ဟာ ဝန်ထမ်းတွေရော၊ ပြည်သူအတွက်ပါ နမူနာတစ်ခု ဖြစ် သွားမယ်။ ခုလာပြီး စစ်ဆေးနေတာ က နေပြည်တော်က ဒုတိယရဲချုပ်ခေါင်း ဆောင်ပြီး စစ်နေတယ်။ ဌာနတွေက ကညနပါတယ်။ အခွန်ဌာနပါတယ်။ ဌာနတွေ တော်တော်များများ ပါလာပါ တယ်။ လိုင်စင်မဲ့ ကားတို့နဲ့ တရားမဝင်မှောင်ခိုပစ္စည်း သယ်ဆောင် တယ် ဆိုတဲ့ နေရာမှာ ဂိတ်တွေနဲ့ ဆိုင်တယ်လေ။ ဒါကြောင့် ဂိတ်တွေက ဝန်ထမ်းတွေကိုပါ စစ်နေတာ တွေ့ရတယ်။ ဂိတ်တွေမှာ တချို့က ကွေ့ရှောင်လမ်းတွေ က မောင်းပြီး သယ်ဆောင်လို့ ရပေမယ့် ဂိတ်အားလုံးကို ရှောင်မောင်း လို့တော့မရပါဘူး။ တရားမဝင်ပ စ္စည်း ဆိုတာ စစ်ဆေးရင် တွေ့ရမှာ ပဲ။ ကောက်ခံတဲ့ ငွေကြေးထက် ပိုပေးပြီး သယ်မှ ဒီပစ္စည်း တွေ သယ်လို့ရမှာပါ။ ဝန်ထမ်းတွေ ပါဝင်ပတ် သက်နေမှုကို တကယ့် မြို့မိ မြို့ဖတွေ၊ တကယ်ကို မြို့ရဲ့ ကောင်းကျိုး ပြည်သူ ရဲ့ကောင်းကျိုးကိုလိုလားတဲ့ သူတွေနဲ့ ပူးပေါင်းပြီးကာ ကွယ်စောင့် ရှောက်ဖို့လည်း လိုတာပေါ့။

Popular Myanmar News Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D