အမျိုးသားရေးတရားများဟောကြားခြင်း၊ မျိုးစောင့်ဥပဒေပေါ်ပေါက်ရန်ဆောင်ရွက်ခြင်းများကြောင့် ဘာသာရေးပဋိပက္ခများ ဖြစ်ပွားအောင်ဖန်တီးလှုံဆော်နေသည်ဟု
ဝေဖန်မှုများစွာ ရင်ဆိုင်နေရသော မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက ၄င်း၏နောက်ကွယ်တွင် ကြိုးကိုင်နေသူလုံးဝမရှိကြောင်း မိန့်လိုက်သည်။
ဆရာတော်အနေဖြင့် အထိန်းသိမ်းခံရခြင်းမှ လွတ်မြောက်လာပြီးနောက် အမျိုးသားရေးတရားများ မဟောတော့ရန် ဆုံးဖြတ်ခဲ့သော်လည်း
ရခိုင်အရေးပေါ်ပေါက်လာချိန်တွင် မနေနိုင်ခဲ့ကြောင်း၊ ယင်းအဖြစ်မျိုး ပြည်မကြီးတွင်ပါ ဖြစ်ပေါ်လာမည်ကို စိုးရိမ်စိတ်က တွန်းအားဖြစ်ခဲ့၍
ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းမိန့်သည်။
` ဦးဇင်းရဲ့နောက်ကွယ်မှာ ဦးသိန်းစိန်လို ပုဂ္ဂိုလ်မျိုးလည်းမရှိဘူး။ ဦးအောင်သောင်းလို ဦးခင်ညွန့်လိုပုဂ္ဂိုလ်မျိုးလည်း မရှိဘူး။ ဦးဇင်းကိုမောင်းနှင်နိုင်မဲ့
လူကြီးလည်းမရှိဘူး။ မောင်းနှင်နိုင်မယ့် ဘွဲ့တံဆိပ်လည်း မရှိဘူး။ ဒါပေမယ့် ဦးဇင်းရဲ့ ယုံကြည်ချက်၊ ခံယူချက်တွေကို ဟန့်တားနိင်မယ့် လက်ထိပ်လည်းမရှိဘူး။
ပိုက်ဆံလည်းမရှိဘူး။ ကျည်ဆံလည်းမရှိဘူး။ အဲဒါနဲ့ပဲ ဦးဇင်းက ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်နားလည်တာပါ´ ဟု ဆရာတော်ဦးဝီရသူက မိန့်ခဲ့သည်။
ယနေ့ နံနက် ၉ နာရီမှ စတင်၍ အင်းစိန်မြို့အောင်ဆန်းတပ်ဦးကျောင်းတိုက်၌ ကျင်းပသည့် အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး
ဦးဆောင်ဆရာတော်များ ညှိနှိုင်းဆွေးနွေးပွဲ တွင် ပေါ်ပြူလာနယူးစ်ဂျာနယ်မှ ဆရာတော်နှင့် အစိုးရတို့ပူးပေါင်းဆောင်ရွက်နေသည်ဟူသော ဝေဖန်သုံးသပ်မှုများ
အပေါ်မေးမြန်းမှုအား ယင်းသို့ဖြေခဲ့ခြင်းဖြစ်သည်။
FROM-Popular Myanmar
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...