သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 29, 2013

အမြွှာကျောင်းသား ၂၄တွဲရှိသည့် အီလီနွိုက်ကျောင်း

ချီကာဂိုမြို့ ဆင်ခြေဖုံးမှ  ၁၁ နှစ်အရွယ်လုခ်နှင့်  ရိုင်ယန်နိုဗို ဆဲလ် တို့ အမြွှာညီအစ်ကို နှစ်ဦးက ကမ္ဘာ့ဂင်းနစ်စံချိန် စာရင်းမှာပါရှိတဲ့ထူးဆန်း  အံ့ဩဖွယ်ရာတွေကို လေ့လာရင်း သူတို့ ကိုယ်တိုင်လည်းဘယ်လို ပါ ဝင်နိုင် မလဲဆိုတာစဉ်းစားနေကြပါတယ်။

သူတို့နှစ်ဦး က၎င်းတို့ကျောင်းရဲ့မှတ်တမ်းမှာ အမြွှာ ကျောင်းသားအားလုံး ကို ရေတွက်ရင်း Highcrest စေတအလယ်တန်း ကျောင်းမှာတစ်တန်းတည်း အမြွှာကျောင်းသား၂၀ ကျော်ရှိနေတာကို  တွေ့ရှိခဲ့ပါတယ်။

မိဘတွေရဲ့ အကူအညီနဲ့ ကျောင်းအပ်တဲ့အထောက်အထား ၊ ဓာတ်ပုံ ၊  မွေးစာရင်း တွေနဲ့အတူယခုနှစ်ဂင်းနစ် စံချိန် အတွက် ၎င်းတို့က လျှောက်လွှာ တင်ခဲ့ ကြပြီးတရားဝင် အသိအမှတ် ပြုခံရဖို့  စောင့်စားနေခဲ့ကြပါတယ်။
အမြွှာ၂၄ တွဲမှာအမြွှာညီအစ်ကို သုံးတွဲ၊ ညီအစ်မ ၁၁တွဲ နှင့် မောင်နှမ   ဆယ်တွဲတို့  ဖြစ်ပါ တယ်။
ထူး ခြားတာကအားလုံး သော အမြွှာကျောင်းသား ၄၈ ဦးတို့ ဟာ    တစ်ကျောင်းတည်း တစ်တန်းတည်းမှာရှိနေ တာပဲ ဖြစ်ပါတယ်။

အိုင်အိုဝါ ပြည်နယ် Valley Southwoods  Freshmanအထက် တန်းကျောင်း ၊ကော်နက်တီကပ် ပြည်နယ်၊ Staples အထက်တန်း  ကျောင်းနှင့် ဟီလီနွိုက် ပြည်နယ် Maine South အထက်တန်း ကျောင်း  တို့ မှာ တစ်တန်းတည်း အမြွှာကျောင်းသား ၁၆ တွဲ ရှိကြောင်း လက်ရှိ  မှတ်တမ်းဝင်ထားပါတယ်။
အထူးစာရင်းပြုစုချက်များ အရ ၂၀၁၀ပြည့်နှစ်ကမွေးဖွားမှု ၁၀ဝ၀ မှာ     အမြွှာဦးရေ ၃၃  တွဲ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ယွန်းစန္ဒီနန်းမွန်
The Modern News Journal
From: The Modern News Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D