သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 3, 2013

မိန်းကလေး စိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ ချစ်ကြိုက်ခဲ့ပြီးမှ မိန်းမယူသွား၍ လူသတ်မိသူ ထောင်ဒဏ်ခုနစ်နှစ်ချမှတ်


 ရေတာရှည်မြို့နယ်  ဆွာချောင်းရေလှောင်တမံရေပြင်  ဝံဂဲတဲစုတွင်  မိန်းကလေးစိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ အတူ နေထိုင်လာသူက အိမ်ထောင်ပြုသွားသည်ကို မကျေနပ်၍ သတ်လိုက်သူကို ဇူလိုင် ၁၇ ရက်က အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မေ ၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဆွာချောင်းရေလှောင်တမံရေပြင်အတွင်းရှိ ဝံဂဲတဲစုနေ ဝင်းဇော်ဦး(၃ဝ)နှစ်  ၄င်း၏တဲပေါ်တွင် ရင်ဝ၌ထိုးသွင်းဓားဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးနေကြောင်း သတင်းအရ ဆွာနယ် မြေရဲစခန်းမှစခန်းမှူး ရဲအုပ်သောင်းစံဦးစီးရဲတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သည့်မိန်း ကလေးစိတ်ပေါက်နေသူ မော့လေး(ခ)ချစ်ထွေး(၂၂)နှစ်ကို ကျွန်းပင်ဆိပ်ကျေးရွာတွင်ဖမ်းဆီးရမိခဲ့ည်။ 
 ဆွာချောင်းဆည်ရေပြင်အတွင်း ငါးရှာသည့်အလုပ်လုပ်ကိုင်သော ဝင်းဇော်ဦးက မော့လေး(ခ)ချစ်ထွေး ကို ဝင်ငွေကောင်းသော ငါးရှာခြင်းအလုပ်ကို လုပ်ကိုင်ရန်ပြောဆိုပြီး ဝင်းဇော်ဦးတို့နေထိုင်သော ဝံဂဲတဲစုတွင် အတူနေထိုင်ကာ ငါးရှာသည့်အလုပ်ကို ဝင်းဇော်ဦးနှင့်အတူ လုပ်ကိုင်ခဲ့ပြီး ဝင်းဇော်ဦးနှင့် မိန်းကလေးစိတ် ပေါက်နေသူမော့လေး(ခ)ချစ်ထွေးတို့ချစ်သူအဖြစ် ခုနစ်နှစ်ကြာအတူနေထိုင်လာခဲ့ကြောင်း ယခုနှစ်သင်္ကြန် အပြီး ဝင်းဇော်ဦးက တစ်တဲစုတည်းနေ မိန်းကလေးနှင့် ချစ်ကြိုက်ကာ ခိုးယူထွက်ပြေးသွားသည်ကို မော့ လေး(ခ)ချစ်ထွေးက မကျေနပ်၍ မေ ၃ ရက် မွန်းလွဲပိုင်းက ငါးဖိုးစာရင်း ရှင်းကြရင်း စကားများရာမှ ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်းသိရ၍ ဆွာနယ်မြေ ရဲစခန်းက ပြစ်မှုကျူးလွန်သူ မော့လေး(ခ)ချစ်ထွေးအား (ပ)၇၄/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ပြီး စွဲချက်အမှတ် ၉၁/၂ဝ၁၃ ဖြင့် တောင်ငူခရိုင် တရားသူကြီးရုံး သို့ တရားစွဲဆိုတင်ပို့ခဲ့ရာ (ဒု)ခရိုင်တရားသူကြီးရုံးမှ ရာကြီး ၃၁/၂ဝ၁၃ ဖြင့် လက်ခံကြားနာစစ်ဆေးကာ ပြစ်မှုထင်ရှား၍ ပြစ်မှုပုဒ်မ ၃ဝ၂ (၂)အရ အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ်ကျခံစေရန် ဇူလိုင် ၁၇ ရက်က အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။    
 
Ref..thithtoolwin.

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D