သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, August 2, 2013

အစ္စလာမ်ပါတီတစ်ခုကို ဘင်္ဂလားဒေ့ရှ်က တရားမဝင်ပါတီ သတ်မှတ်

အစ္စလာမ်ဘာသာကို အဓိက ကိုးကွယ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တရားရုံးကနေ အစ္စလာမ်ပါတီတစ်ခုကို တရားမဝင်အဖြစ် သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
Jamaat-e-Islami ပါတီရဲ့ မူဝါဒတွေဟာ ဘာသာရေးနဲ့ ညှိစွန်းမှုမရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အခြေခံဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့အတွက် ဘာသာရေးနဲ့ သက်ဆိုင်တဲ့ မူဝါဒတွေပါဝင်တဲ့ ပါတီရဲ့ မူဝါဒကြောင့် တရားမဝင်ပါတီအဖြစ် သတ်မှတ်လိုက်ပြီး ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရတော့ ဘူးလို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လာမယ့် ဇန်နာဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပါတယ်။

Jamaat-e-Islami ပါတီအနေနဲ့ ပါတီရဲ့ မူဝါဒကို ပြင်ဆင်မယ်ဆိုရင် ပါတီအနေနဲ့ ပြန်လည် မှတ်ပုံတင်ပြီး နိုင်ငံရေးလုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်ခွင့်ရရှိမယ်လို့လည်း ပါရှိပါတယ်။

မကြာသေးခင်ကပဲ Jamaat-e-Islami ပါတီခေါင်းဆောင်တွေ ၁၉၇၁ ခုနှစ် စစ်အတွင်းလူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် တရားစွဲခံရပြီး အဲဒီထဲက ၄ ဦးကတော့ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုနဲ့ ဘာသာရေးနှိပ်ကွပ်မှုတွေ လုပ်ခဲ့တဲ့အတွက် သေဒဏ်ချမှတ်ခံခဲ့ ရပါတယ်။

Jamaat-e-Islami ပါတီခေါင်းဆောင်တချို့ ဆက်လက် ရုံးတင်စစ်ဆေးခံနေရတဲ့အပေါ် ပါတီကို ထောက်ခံ သူတွေက ဆန္ဒပြနေကြချိန်မှာပဲ ပါတီကို တရားမဝင်အဖြစ် သတ်မှတ်လိုက်တဲ့အတွက် နိုင်ငံမှာ ပြဿနာဖြစ်
လာနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘာသာရေး အစွန်းမရောက် သူတွေက Jamaat-e-Islami ပါတီကို တရားမဝင် သတ်မှတ်ပေးဖို့ တောင်းဆိုမှုတွေကို အရင်ကတည်းက ပြုလုပ်ခဲ့ပြီး အဲဒီပါတီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ပါကစ္စတန်နိုင်ငံကနေ ခွဲထွက်ဖို့ကြိုးစားချိန်မှာ ကန့်ကွက်ခဲ့တဲ့ အဓိကပါတီဖြစ်ကြောင်းလည်း သိရပါတယ်။

ABC

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D