သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, August 2, 2013

မန္တလေးတွင် အင်အား အနည်းငယ်ရှိ ငလျင် နှစ်ကြိမ် ဆက်တိုက်လှုပ်

မန္တလေးမြို့၌ ဇူလိုင်လ ၂၉ ရက်နေ့ ည ၁၁ နာရီ ၁၃မိနစ် ၂၈ စက္ကန့်မှ စတင်၍ အင်အားအနည်းငယ်ရှိ
ငလျင် နှစ်ကြိမ် ဆက်တိုက် လှုပ်ခတ် ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်
ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက The Voice သို့ ပြောကြားသည်။
အဆိုပါနေ့ ည ၁၁နာရီ ၁၃မိနစ် ၂၈စက္ကန့်၌ မန္တလေးမြို့ မိုးလေဝသတိုင်းထွာရေး စခန်းမှ အရှေ့တောင်
ဘက် မိုင် ၂၀ ဒသမ ၆၅မိုင် အကွာ၌ အင်အား ၄ ဒသမ ၂ရစ်ခ်ျတာစကေးရှိ ငလျင် လှုပ်ခဲ့ကြောင်း ယင်း
ငလျင် လှုပ်ပြီး ၁၂ စက္ကန့်အကြား ည ၁၁ နာရီ ၁၃ မိနစ် ၄၀ စက္ကန့်တွင် အင်အား ၄ ဒသမ ၄ ရစ်ခ်ျတာ
စကေးရှိ ဒုတိယ ငလျင်သည် မန္တလေးမြို့ မိုးလေဝသ တိုင်းထွာရေး စခန်းမှ မိုင်၂၇ ဒသမ ၅၃၀ မိုင် အ
ကွာ၌ လှုပ်ခဲ့ကြောင်း အဆိုပါ ဌာန၏ တိုင်းထွာချက်များအရ သိရသည်။

ယင်းငလျင်များသည် အင်အား အနည်းငယ်ရှိ ငလျင်ဖြစ်၍ စိုးရိမ်ဖွယ် မရှိကြောင်း၊ ယခုလှုပ်ခတ် ခဲ့သော
ငလျင်သည် စစ်ကိုင်းတိုင်းဒေသ ကြီး ရွှေဘိုမြို့သို့ ဦးတည် လှုပ်ခတ်ခဲ့သော ငလျင် နောက်ဆက်တွဲ ငလျင်
မဖြစ်နိုင်ကြောင်း၊ ရှေးယခင်က ငလျင်များ အများစု၌ ရှေ့ပြေးအနေနှင့် အင်အား အနည်းငယ်ရှိ ငလျင်များ
လှုပ်ခတ်တတ်လေ့ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ င
လျင်ဆိုင်ရာ မိုးလေဝသ ပညာရှင်က ဆိုသည်။

“ငလျင်လှုပ်သွားတာ သိတော့ သိလိုက်တယ်။ ပထမတစ်ကြိမ် လှုပ်တော့ အိမ် အောက်ထပ်က ခုန်လိုက်
တာမျိုး အိမ်က ဒုန်းဒုန်းဆို လှုပ်သွားတယ်။ နောက် ဒုတိယအကြိမ် လှုပ်တော့မှ ငလျင် လှုပ်တယ်ဆိုပြီး
သတိထားမိတာ။ ကြောက်လို့ ကြမ်းပြင်ပေါ် ဝပ်နေခဲ့တယ်” ဟု မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်နေ
အသက် ၂၀ ခန့်ရှိ တက္ကသိုလ် ကျောင်းသူ တစ်ဦးက ဆိုသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရွှေဘိုမြို့အနီး ၁၅ မိုင်ခန့် အကွာကို ဦးတည်ကာ အင်အား
ရစ်ခ်ျတာ စကေး ၆ဒသမ ၈အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး ကျောင်းများ၊ စေတီ ပုထိုးများ ပြိုပျက်ခဲ့သည်။

ငလျင်လှုပ်ခတ်မှု ၄ ရစ်ခ်ျတာစကေးကျော် ရှိပါက အင်အား အနည်းငယ်ရှိ ငလျင်ဖြစ်၍ စိုးရိမ်ဖွယ် မရှိ
ကြောင်း၊ ငလျင် လှုပ်ခတ်မှု ၅ ရစ်ခ်ျတာစကေးနှင့် အထက် ဖြစ်ပါက အင်အား အသင့်အတင့်ရှိ ငလျင်
ဖြစ်၍ အဆောက်အအုံများ အက်ကွဲမှု ဖြစ်နိုင်ကြောင်း ငလျင်လှုပ်ခတ်မှု ၆ရစ်ခ်ျတာ စကေးနှင့် အထက်
ဖြစ်ပါက အင်အားပြင်း ငလျင်ဖြစ်၍ အဆောက်အအုံများ ပြိုကျနိုင်သည့်အဆင့် ရောက်ရှိမည် ဖြစ်
ကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက ဆို
သည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D