သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 3, 2013

ဖလမ်းတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက် ငါးဦး သေဆုံး

ကလေးမြို့နှင့် ဖလမ်းမြို့သွား ခရီးသည်တင်ယာဉ်

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်းမြို့သို့ မောင်းနှင် လာသော ရွှေခြင်္သေ့ ခရီး
သည်တင် ယာဉ်တစ်စီး သြဂုတ်လ ၁ ရက်နေ့ ညနေ ၆ နာရီခန့်က မြေပြိုမှုကို ရှောင်ရင်း တစ်ဖက်လမ်း
ဘေး ပေ ၁၅၀ခန့်ရှိ ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်သွားခဲ့ရာ လူငါးဦး သေဆုံးသွား ခဲ့ကြောင်း အဆို
ပါ မြို့ဒေသခံများထံမှ သိရသည်။

ချင်းပြည်နယ် ဖလမ်းမြို့ ကလေး-ဟားခါးလမ်း မိုင်တိုင်အမှတ် (၇၈/၃-၄) ကြားတွင် ကလေးမြို့မှ ထွက်
ခွာလာသော ဖလမ်းမြို့နယ် လုမ်ဘန်း ကျေးရွာနေ ဝုမ်ထန်း (၄၄) နှစ် မောင်းနှင်သည့် ၆က/xxxx ရွှေ
ခြင်္သေ့ မှန်လုံယာဉ်သည် ချောက်ထဲသို့ ထိုးကျခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ ကလေးမြို့နယ်
လက်ပံချောင်းရွာနေ ဦးကောင်ခေါလျှန် (၄၃) နှစ်ပါ သုံးဦးတွင် ဦးခေါင်း ပေါက်ပြဲ၊ ဝဲပေါင်ကျိုး ဒဏ်ရာ
များ ရရှိကာ အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း ဝုမ်ထန်းနှင့် တမူးမြို့ အမှတ်(၂)ရပ်
ကွက်နေ ဦးဗိုင်းလွန်မာန် (၂၇) နှစ်ပါ ၂၁ ဦးတွင် ဖူးရောင် ပွန်းပဲ့ ပေါက်ပြဲ၊ နာကျင် ဒဏ်ရာများ ရရှိခဲ့သ
ဖြင့် ဖလမ်းမြို့ပြည်သူ့ဆေးရုံသို့ တင်ပို့ ကုသစဉ် ဖလမ်းမြို့နယ် ကျင်မွှာ ရပ်ကွက်နေ ဒေါ်ညှာသင်အဲင်း
(၂၅) နှစ်မှာ ရရှိသော ဒဏ်ရာများဖြင့် ထပ်မံ သေဆုံး သွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လူမှုရေး
ကွန်ရက် စာမျက်နှာဖြစ်သော ရဲဇာနည်တွင် ဖော်ပြထားသည်။

ဖလမ်းမြို့သို့ မရောက်မီ ၇၈ မိုင်၊ လေးဖာလုံအနီး မြေပြိုကျရာ နေရာသို့ အဖြတ် မြေစာခဲ၊ ကျောက်ခဲ
များအား ကျော်ဖြတ်ရာတွင် လျှောကျပြီး လမ်းယာဘက်ရှိ ချောက်ထဲသို့ ကျကာ ခရီးသည် သုံးဦး ပွဲချင်း
ပြီး သေဆုံးပြီး ကျန်ရှိ ခရီးသည်များ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အဆိုပါယာဉ်ပေါ်တွင် ခရီးသည် ၂၃ ဦး၊ ယာဉ်
မောင်းနှင့် ယာဉ်နောက်လိုက် သုံးဦး လိုက်ပါလာပြီး ယာဉ်မောင်းမှာလည်း ဒဏ်ရာ ရရှိသွားကြောင်း၊ ၎င်း
တို့ကို ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်အဖြစ် တင်ဆောင် ကုသစေ ခဲ့ကြောင်း သွားရောက်
ကြည့်ရှုခဲ့သူ ဖလမ်းဒေသခံ ဦးကောလွယ်က ပြော ကြားသည်။

“ဆေးရုံကို လူနာ ၂၂ ဦးနဲ့ အလောင်း သုံးလောင်း ရောက်လာတယ်။ ဒီမနက် ၃ နာရီနဲ့ ၄ နာရီကြားမှာ နှစ်
ဦး ထပ်သေသွားတယ်။

ကျန်တဲ့ လူနာထဲက စိုးရိမ်ရတဲ့သူ နှစ်ဦးကို ဒီနေ့ ကလေးမြို့ ဆေးရုံကြီးကို လွှဲပြောင်း ကုသစေဖို့ စီစဉ်နေ
တယ်။ ကျန်ခဲ့တဲ့ ၁၈ ဦးထဲကလည်း လေးဦးလောက်က နည်းနည်း စိုးရိမ်စရာ ရှိတယ်” ဟု ဖလမ်း ပြည်သူ့
ဆေးရုံမှ တာဝန်ကျ ဆရာဝန် တစ်ဦးက ပြောဆိုသည်။

ယင်းကဲ့သို့ ယာဉ် တိမ်းမှောက်၍ လူသေဆုံးခဲ့မှုကြောင့် ယာဉ်မောင်း ဝုမ်ထန်းကို ဖလမ်းမြို့မရဲစခန်း
ယာဉ်(ပ)၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့၏ လူမှုကွန်ရက် စာမျက်နှာဖြစ်သော ရဲဇာနည်တွင် ဖော်ပြထားသည်။

ချင်းပြည်နယ် အတွင်းရှိ လမ်းများသည် တောင်ကိုပတ်ကာ ဖောက် ထားသော လမ်းများဖြစ်ပြီး မိုးရာသီအ
ချိန် မိုးရွာသွန်းမှုများလျှင် မြေပြိုခြင်းများဖြစ်တတ်ကြောင်း နှစ်စဉ်မြေပြိုမှု လမ်းချော်မှု ကား တိမ်းမှောက်
၍ လူသေဆုံးမှုများ ရှိနေကြောင်း ဒေသခံများနှင့် မော်တော်ယာဉ် လိုင်းများထံမှ စုံစမ်း သိရှိရသည်။

ချင်းပြည်နယ်အတွင်း လမ်းများ ပြုပြင်ရန်အတွက် ဂျပန်နိုင်ငံ JICA မှ ရရှိထားသော ချေးငွေ ကျပ်သန်း
၉၉၀၀ ကို ကလေး-ဟားခါးလမ်း (မိုင်-၁၃၀ ကျော်ခန့်)၊ ဟားခါး-ဂန့်ဂေါလမ်း (မိုင် ၈၀ ခန့်)၊ သိုင်းငင်း-
တီးတိန် လမ်း (မိုင် ၅၀ ခန့်) တို့အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း အသုံးပြု အကောင် အ
ထည်ဖော်သွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရက ဖေဖော်ဝါရီလ အတွင်းတွင် ပြောကြား ထား
သည်။

မြတ်(ကလေး)

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D