သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 3, 2013

အထီးကျန်စိတ်ကို ဘယ်လိုဖျောက်ရပါလိမ့်

လက်ဖက်ရည်ဆိုင်ကို တစ်ယောက်တည်းသွားတယ်။ချောင်ကျတဲ့တစ်နေရာမှာ ထိုင်ပြီးကော်ဖီ တစ်ခွက်မှာ၊ဆေးလိပ် ထိုင်သောက်ရင်းတွေးတယ်။ ဒီကပြန်ရင် မိတ္ထီလာကန်ဘောင်ပေါ်မှာ သွားထိုင်မယ်ပေါ့လေ။ ဒါနဲ့ပဲတစ်ခုတွေးမိပြန်တယ်။ ငါအထီးကျန်သလိုများဖြစ်နေပြီလားလို့ပေါ့။ ဒါဟာနေ့စဉ် ရက်ဆက်ဆိုသလိုဖြစ်နေတာကိုးဗျ။ ဒါကြောင့် အထီးကျန်စိတ်ကိုဖျောက်ဖျက်ပစ်ဖို့ ဆန်းစစ်မိသလောက်ကို ဝေမျှပေးလိုက်ပါတယ်။

တစ်ခါတစ်ရံ သင်လည်းလောကနဲ့ အဆက်ဖြတ်ခံရ၊ အထီးကျန်၊ တစ်ကောင်ကြွက်၊ အရာမဝင်၊ ဟာလာဟင်းလင်းကြီး အဖြစ်မျိုး ခံစားဖူးသလား? ခံစားရဖူးရင်၊ စိတ်မပျက်ပါနဲ့။ အထီးကျန်ဖြစ်ရတာကပျော်စရာမဟုတ်ပေမယ့်အသက်ကို ဥပဒ်ဖြစ်စေနိုင်တဲ့ရောဂါမဟုတ်ပါဘူး။ ရိုးရိုးလေးပြောရရင်၊  အထီးကျန်ခံစားမှုက သတိပေးချက်တစ်ရပ်ဖြစ်ပါတယ်။ ဆာလောင်မှုဟာ အစာလိုနေပြီဖြစ်ကြောင်း သတိပေးချက်လိုပေါ့။ အထီးကျန်ခံစားချက်ဟာလည်း အပေါင်းအဖော်၊ နီးစပ်မှု၊ ရင်းနှီးမှုလိုနေပြီဖြစ်ကြောင်း သတိပေးခြင်းဖြစ်ပါတယ်။ အစာစားမှ ကောင်းစွာ သွားလာလှုပ်ရှားနိုင်သလို အပေါင်းအဖော်ရှိမှသာ နေပျော်ထိုင်ပျော်မှာပါ။

တောက်နေတဲ့မီးသွေးပုံကို တွေ့ဖူးမှာပေါ့။ မီးသွေးတစ်ခဲကို ခွဲထုတ်လိုက်ရင် အဲ့ဒီ့မီးခဲငြိမ်းသွားပါတယ်။ ဒီမီးခဲကို မီးသွေးပုံထဲပြန်ထည့်လိုက်ရင် မီးပြန်တောက်လာမှာပါ။ ကျွန်တော်တို့လူသားတွေဟာလည်း တသီးတခြားနေတဲ့အခါမှာ ကြာရှည်မ“တောက်” ၊ကောင်းစွာ လှုပ်ရှားဆောင်ရွက်ခြင်းမပြုနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကို ဆောက်တည်ကတည်းက အပေါင်းအဖော်လိုအောင်ဆောက်တည်ခဲ့ပါ တယ်။


"အထီးကျန်မှုကို အောင်မြင်ကျော်လွှားဖို့ လုပ်ဆောင်နိုင်ရာတွေကတော့ … "

v           အပြုသဘောထားမွေးမြူပါ။ ကိုယ့်ရဲ့သဘောထားတွေကို ထိန်းချုပ်ဖို့နဲ့ ကိုယ့်ရဲ့အခြေအနေကို
အကောင်းဘက်ကနေ ကြည့်မြင်တတ်ဖို့ ဆိုလိုတာပါ။
v          တီဗွီကြည့်ခြင်းလိုမျိုး တစ်ဦးတည်း အပန်းဖြေခြင်းမျိုးကို အကန့်အသတ်ထားပါ။ နာရီပေါင်း
များစွာ တီဗွီကြည့်ခြင်း၊ ဂိမ်းဆော့ခြင်း၊ ကွန်ပျူတာရှေ့မှာ အချိန်အများစွာအသုံးပြုခြင်းဟာ
အထီးကျန်မှုကို အနည်းငယ်သက်သာရာရစေပေမယ့် ဒီစက်ပစ္စည်းတွေပိတ်လိုက်တဲ့အခါမှာ
အရင်လိုပဲ အထီးကျန်မှုကို ပြန်ခံစားရစေပါတယ်။
v          သင်နဲ့ သက်တူရွယ်တူမဟုတ်သူတွေနဲ့ မိတ်ဆွေဖွဲ့ပါ။ သင့်ထက်ကြီးသူ ဒါမှမဟုတ် အသက်
ငယ်သူနဲ့ မိတ်ဆွေဖြစ်ရခြင်းကနေလည်း အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။
v          သင်နဲ့သက်တူရွယ်တူမဟုတ်သူတွေ အပါအဝင် သင်တန်ဖိုးထားရာများကို မျှဝေပေးနိုင်မယ့်
 သူတွေကို ရှာပါ။
ဝါသနာတူရာမိတ်ဆွေတွေနဲ့ ပေါင်းသင်းဖို့ပြောတာပါ။
v          ပွင့်လင်းမှုရှိပါ။ သင်ဟာ အဖော်မဲ့နေတယ်လို့ တခြားလူတွေကို ပြောမယ်ဆိုရင် သင်နဲ့ရင်းနှီး
လာဖို့ သူတို့ ပိုကြိုးစားလာကြလိမ့်မယ်။
v          အိမ်တွင်းအောင်မနေပါနဲ့။ ဖြစ်နိုင်ရင် ပန်းခြံ ဒါမှမဟုတ် မြို့ရဲ့အစွန်အဖျားပိုင်းတွေဘက် လမ်း
လျှောက်ထွက်ပါ။ အိမ်မှာတစ်ယောက်တည်း ရှိနေချိန်မှာ အပ်ချုပ်တာ၊ အိမ်မှုကိစ္စတစ်ခုခုလုပ်
တာ၊ စာဖတ်တာ စသဖြင့် ဖန်တီးပြုလုပ်စရာတွေနဲ့ အချိန်ကုန်ပါ။
v          ရှက်စိတ်ကိုဖြို စကားဆိုပါ။ တခြားသူတွေကို ကိုယ်ကအစပြု ချဉ်းကပ်ပြီး မိတ်ဆွေဖွဲ့ဖို့ ကြိုးစားပါ။
v          မေ့သင့်တာမေ့ထားလိုက်ပါ။ “အတိတ်”ကို “စွဲလမ်း”မနေဘဲ ရှေ့ဆက်သွားဖို့နဲ့ မိတ်ဆွေအသစ်
တွေကို စဖွဲ့တတ်ဖို့ကို သင်ယူပါ။
v          အခြားသူတွေကိုလည်း အချိန်ပေးပါ။ အခြားသူတွေကို ကြိုးစားကူညီပေးမယ်ဆိုရင် သင့်ရဲ့
အထီးကျန်ခံစားရမှု သောကတွေကို မေ့သွားပါလိမ့်မယ်။


"ဒီလိုဆန်းစစ်ပါ။"

“အခြေအနေတွေတိုးတက်လာဖို့ ငါဘာတွေ လုပ်နိုင်သလဲ။ ငါ့ဘဝမှာ အပြောင်းအလဲလုပ်ဖို့ လိုနေ
တာများလား။ လိုတယ်ဆိုရင် ဘာတွေများဖြစ်မလဲ။”
“တခြားသူတွေနဲ့ ငါ ခပ်ကင်းကင်းနေသလား။”
“ငါ့ပြဿနာက အပျက်သဘောထား ရှိနေတာလား။”
“တစ်ယောက်တည်းနေချင်တာလား။”

သင်ဟာ ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ရင် သမ္မာကျမ်းစာတော်မြတ်ကို ဖတ်ပါ။ သမ္မာ ကျမ်းစာထဲက ဆာလံကျမ်းကို ဖတ်ခြင်းဟာ စိတ်သက်သာမှုရရှိစေတယ်လို့ လူအများက တွေ့ရှိခဲ့ ကြပါတယ်။ ပြီးတော့ ဘာသာရေးယုံကြည်ချက် တူသူတွေနဲ့ပေါင်းသင်းခြင်းက အထီးကျန်မှုကိုကျော်လွှားစေနိုင်တဲ့အပြင် ကျန်းမာရေးကိုပါကောင်းကျိုးသက်ရောက်စေကြောင်း ကျွမ်းကျင်သူတွေကတွေ့ရှိခဲ့ကြတယ်။ “သင်တို့အား သူတစ်ပါးတို့ပြုမူစေလိုသည့်အတိုင်း သင်တို့သည်လည်း သူတစ်ပါးတို့အားပြုမူကြလော့။” (ရှင်မာတေးဦး ၇း၁၂)  ဒါကြောင့် တခြားသူတွေရဲ့ ရင်းနှီးဖော်ရွေမှုကို လိုချင်ရင် သူတို့ကိုလည်း ရင်းနှီးဖော်ရွေမှုကိုပြပါ။ တခြားသူတွေ သင့်ကို ပွင့်ပွင့်လင်းလင်းပြောစေချင်ရင် သူတို့ကို ပွင့်ပွင့် လင်းလင်းပြောဆိုဆက်ဆံပါ။ တုံ့ပြန်မှုက ချက်ချင်းရှိချင်မှ ရှိမှာဖြစ်ပေမယ့် အချိန်တန်ရင် တချို့ တုံ့ပြန်လာကြပါလိမ့်မယ်။ သူတို့ မတုံ့ပြန်ရင်တောင် သင်ကြိုးစားခဲ့တဲ့အတွက် ပျော်ရွှင်မှုကို ခံစားရ ပါလိမ့်မယ်။
ကောင်းထက်ထွန်း

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D