သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 3, 2013

မယ်တော်ဆေးခန်း ရေလွှမ်း၍ လူနာများ ရွှေ့ပြောင်းထားရ

မဲဆောက်မြို့နယ်အတွင်းရှိ ကျောင်းသားဆေးခန်းဟု လူသိများ သော မယ်တော်ဆေးခန်းဌာန အများ
စုမှာ ရေလွှမ်းနေသဖြင့် အတွင်းလူနာ များကို အနီးအနားရှိ Child Development Centre များသို့ပြောင်း
ရွှ့ထား ရကြောင်း သိရသည်။


”ဆေးခန်းဝင်းထဲမှာတော့ နေရာ တိုင်းမှာ ရေတွေချည်းပဲ။ ဒါကြောင့်မို့ ၂၈ ရက်နေ့ကစပြီး အတွင်းလူနာ
၂ဝဝ လောက်ကို CDC ကျောင်းတွေ ဆီ ရွှေ့ ထားရတယ်”ဟု မယ်တော်ဆေးခန်းမှ မအိသဘော်က
ပြောသည်။

ယနေ့ ဇူလိုင်လ ၃ဝ ရက်နေ့အ ထိ မိုးသည်းထန်စွာရွာသွန်းနေဆဲဖြစ် ပြီး ဆေးခန်းတွင်း ရေလွှမ်းမိုးမှု
ပိုမို များ ပြားလာမည်ကိုစိုးရိမ်နေရသည်ဟု ၄င်း က ဆိုသည်။ မယ်တော်ဆေးခန်းကို ဒေါက်တာ စင်
သီယာမောင်က ၁၉၈၉ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက် မြို့အနီးတွင် စတင် တည်ထောင်ခဲ့
ခြင်း ဖြစ်သည်။

ဇူလိုင် ၂၈ ရက်နေ့မှစ၍ ရက် ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သောင်းရင်းမြစ်ရေ မြင့်တက်ကာ
သုံး နှစ်အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံ မှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံဘက်ရှိ မြဝ တီမြို့နှင့် ထိုင်းနိုင်ငံ
ဘက်ရှိ မဲဆောက် မြို့နေရာအများစု ရေလွှမ်းမိုးမှုဖြစ်ပွား ခဲ့သည်။

ကျော်ရဲလင်း
Popular Myanmar News Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D