သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 3, 2013

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ CP ကြက်အူချောင်း စက်ရုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

သြဂုတ် ၂ ရက် ည ၉ နာရီ ၄၅ မိနစ် ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ ဦးတရုတ်ကြီးလမ်း အမှတ် ၂၇၉ ရှိ CP ကြက်အူချောင်း စက်ရုံအတွင်း မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။အဆိုပါ မီးလောင်မှုမှာ စက်ရုံအတွင်းရှိ ကုန်သိုလှောင်ရုံ အတွင်းပိုင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ည ၉ နာရီ၄၅ မိနစ်ခန့်မှ စတင်လောင်ကျွမ်းခဲ့ကာ ည ၁၀ နာရီ၃၄ မိနစ်တွင် မီးထိန်းထား နိုင်
ခဲ့သည်။

ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင်မှုအား ငြှိမ်းသတ်နိုင်ခဲ့ကြောင်း အဆိုပါ မီးလောင်ရာ နေရာသို့ ရောက်ရှိကြီးကြပ်နေသည့် မီးသတ်အရာရှိ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးသင်းဌေးရွှေက ''မီးလောင်ရတဲ့ အကြောင်းရင်းကို အသေအချာ မသိသေးပါဘူး။ ခုလက်ရှိ ငြှိမ်းသတ်နေဆဲ ဖြစ်ပါတယ်။ မီးငြှိမ်းသတ်နေတဲ့ မီးသတ်ရဲဘော် အချို့ မီးခိုးမွှန်တာတွေ ရှိပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်ပြီးတော့ ရဲပုဒ်မနဲ့ပဲ ဆိုင်ပါတယ်'' ဟု သြဂုတ် ၂ ရက်နေ့ ည ၁၁ နာရီခွဲခန့်က ပြောကြားသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် ကြက်အူချောင်းစက်ရုံမှ ၀န်ထမ်းအမျိုးသား တစ်ဦးက ''ကျွန်တော်တို့က စက်ရုံရဲ့ ဟိုဘက်အခြမ်းမှာ အလုပ်ဆင်းနေတုန်း သိုလှောင်ရုံဘက်မှာ မီးလောင်နေတယ်ဆိုလို့ ၀ိုင်းငြှိမ်းကြတာပါ။ စက်ရုံဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိသေးပါဘူး''ဟု မီးလောင်မှုဖြစ်ပွား နေစဉ်အတွင်း ည ၁၁ နာရီခန့်က ဆိုသည်။

အဆိုပါ မီးလောင်မှုကို ငြိမ်းသတ်နေစဉ်အတွင်း လှိုင်သာယာမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦးနှင့် စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး မီးခိုးမွှန်၍ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၏ ကုသမှုကို ခံယူနေရပြီး မီးသတ်တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်အသီးသီးမှ မီးသတ်တပ်ဖွဲ့ဝင်များ လာရောက် ငြှိမ်းသတ်ခဲ့ပြီး သြဂုတ် ၃ ရက် နံနက် ၁ နာရီခန့်အထိ အဆိုပါ စက်ရုံအတွင်းပိုင်း လောင်ကျွမ်းနေမှုများကို ဆက်လက်ငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D