သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 3, 2013

ငွေသိန်း ခြောက်ဆယ်ကျော် ပျောက်ဆုံးမှု ရှာဖွေ ဖမ်းဆီးရာမှ မန္တလေး ဆေးရုံကြီးတွင် လှည့်လည်ခိုးယူ နေသူအား ဖမ်းမိ

ကချင်ပြည်နယ် အမှတ်(၂)သတ္တုတွင်းဌာနမှ အထွေထွေ မန်နေဂျာ ၏ ငွေသိန်းခြောက် ဆယ်ကျော်
ပျောက်ဆုံးမှု ရှာဖွေဖမ်းဆီး ရာမှ မန်းဆေး ရုံကြီးတွင် ယခင်ကထဲက လှည့်လည်ခိုးယူ နေသောအမှု
များပါ ပေါ်ပေါက်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇူလိုင်၂၁ရက်နေ့ ညနေပိုင်းတွင်ဦး ကချင်ပြည် နယ်၊ အမှတ်(၂) သတ္တတွင်း ဌာနသည်နေ
ပြည်တော် အစည်းဝေးမှ မြစ်ကြီးနားသို့ ပြန်လာချိန် လမ်းခုလက်တွင် နှလုံးထိခိုက်မိပြီး မန်းလေးပြည်
သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ကြောင်း ၂၃ရက်နေ့တွင်ခွဲစိတ်ကုသခဲ့ပြီးနောက် နှလုံးသွေးကြော
ပိတ် ကု သဆောင်တွင် ဆက်လက်ကုသမှုခံယူခဲ့ကာ၂၅ရက်နေ့ ညနေ ၄နာရီခန့်တွင် ဆေးရုံ ကုတင်
ဘေးစားပွဲပေါ်တွင် တင်ထားသော ငွေကျပ် ၆၃သိန်းခန့်ပါ ပြင်သစ်နိုင်ငံလုပ် ELLSE အမျိုးစားလက်စွဲ အိပ်အညိုရောင်မှာ ပျောက်ဆုံးလျှက်ရှိကြောင်း တွေ့ရှိရသဖြင့် ၄င်းကိုယ်တိုင် အမှတ်(၈)ရဲစခန်းတွင်
အမှုဖွင့် တိုင်ကြားခဲ့သည်။

စခန်းမှ (ပ) ၃၀၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀အရအမှုဖွင့်ဆောင်ရွက်ခဲ့ပြီး သံသယရှိသူအား လိုက်လံစစ်
ဆေးရာသုံးနိုင်ဖြုန်းနိုင်သည့် အခြေနေ မရှိသော တရားခံဟု ယူဆရသူတစ်ဦးသည် စင်တင်ဆိုင်များနှင့်
တခြားနေရာ များတွင် ငွေအများပြား သုံးစွဲနေသည်ကို တွေ့ရှိရသဖြင့် ၄င်းသံသယရှိသူအား ၄င်း၏အ
ဒေါ်ရှိရာ ယာဉ်ပျံဘူတာအနီးသို့ Taxi ဖြင့် ပြန်လာချိန်တွင် ဖမ်းဆီးစစ်ဆေးရာ သက်သေခံပစ္စည်းများနှင့်
အတူ ဖမ်းဆီးရမိခဲ့သည် ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

တရားခံအား ဆက်လက်စစ်ဆေးရာ ယခင် ဆေးရုံကြီးတွင် ငွေများ၊ အားသွင့်ထားသည့် ဖုန်းများအား
လှည့်လည် ခိုးယူနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အမှုအား အမှတ်(၈)ရဲစခန်းမှ နောက်ထပ် ခိုးယူ
ထားသည့်အမှုများရှိမရှိ ယနေ့ ၃၀-၇-၂၀၁၃ရက်နေ့ ညနေ ၄နာရီခွဲခန့်အထိ ဆက်လက် စစ်ဆေးနေ
ဆဲဖြစ် ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖိုးလပြည့်
Popular Myanmar News Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D