ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် မိန့်ခွန်းပြောကြားခဲ့သည့်
ဗြိတိသျှ
အောက်လွှတ်တော် ဥက္ကဋ္ဌ Mr. John Bercow (ဓာတ်ပုံ-Steve/ဧရာဝတီ)
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို
ကြိုဆို လိုက်သော်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် ၂၀၀၈
ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ
လောင်း ဖြစ်ခွင့်မပေးလျှင် နိုင်ငံတကာ အသိုင်းအ၀န်း၏ လှောင်ပြောင်စရာ
ဖြစ်လိမ့်မည်ဟု ဗြိတိသျှ
အောက်လွှတ်တော် ဥက္ကဋ္ဌ Mr. John Bercow က ပြောဆို လိုက်သည်။
မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သော ဗြိတိသျှ အောက်လွှတ်တော် ဥက္ကဋ္ဌ
Mr. John Bercow က ရန်ကုန် ကမာရွတ် မြို့နယ်ရှိ၊ ရန်ကုန်တက္ကသိုလ်
စိန်ရတုခန်းမတွင် တက္ကသိုလ် ကျောင်းသားများ အပါအ၀င် မြန်မာ့ ပညာရေး
အသိုင်းအ၀န်းမှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီမှ တာဝန်ရှိသူများ၊ သတင်း
ထောက်များနှင့် ယနေ့မနက် တွေ့ဆုံ မိန့်ခွန်း ပြောကြားစဉ် ထိုသို့
ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ မီဒီယာ
လွတ်လပ်ခွင့်တချို့ ရရှိလာခြင်း၊ အတိုက်အခံ နိုင်ငံရေး အင်အားစုများ
နိုင်ငံရေး လုပ်ဆောင်နိုင် လာခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် တချို့နှင့်
အပစ်အခတ် ရပ်စဲလာနိုင်ခြင်း ကဲ့သို့ တိုးတက်မှုများ အပေါ် ကြိုဆိုကြောင်း၊
သို့ရာတွင် မြန်
မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးသို့ ဦးတည်နေသော လမ်းကြောင်းသည်
ကနဦး အစတွင်သာ ရှိနေပြီး ဆက်လက် လျှောက်လှမ်းရမည့် ခရီးရှည် ကျန်ရှိနေဆဲ
ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေ အပါအ၀င် ဖိနှိပ်ချုပ်ခြယ်သော ဥပဒေများသည် အသွင်ပြောင်းလဲရေးနှင့်
ဒီမိုကရေစီ အတွက် အနှောင့်အယှက် အတားအဆီး ဖြစ်နေပြီး ဖွဲ့စည်းပုံ
အခြေခံဥပဒေ အရ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့်မပေးလျှင်
နိုင်ငံတကာတွင် လှောင်ပြောင်စရာ တခုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း Mr. John
Bercow က ရှင်းပြသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီကို တားဆီးနှောင့်ယှက်နေမယ်ဆိုရင်
အသွင်ကူးပြောင်းရေးအ
တွက် အတားအဆီး အနှောင့်အယှက်ဖြစ်မှာပဲ။ သမ္မတရာထူးအတွက်
ကိုယ်စားလှယ်လောင်းများရဲ့ အရည်အချင်းနဲ့ ဆက်စပ်နေတဲ့ ပြဋ္ဌာန်းချက်၊
တိုင်းရင်းသား ပြည်နယ်များအတွက် အုပ်ချုပ်ပုံစနစ်နဲ့ စပ်လျဉ်းတဲ့
ပြဋ္ဌာန်းချက်တွေ အပါအ၀င် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အဆောတလျဉ် ပြင်ဆင်ဖို့
လိုနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့်မပေးတဲ့
ဖွဲ့စည်းပုံ အခြေခံ ဥပဒေက နိုင်ငံတကာ အသိုင်းအ၀န်းမှာ လှောင်ရယ်စရာတခု
ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ
ရှိနေဆဲဖြစ်ကြောင်း၊ အမှန်တကယ် ဒီမိုကရေစီ စနစ် ထူထောင်မည်ဆိုပါက
နိုင်ငံရေးအကျဉ်းသား လုံးဝ မရှိအပ်ဘဲ ဒေါ်အောင်ဆန်းစုကြည်
ထုတ်ဖော်ပြောဆိုသကဲ့သို့ နိုင်ငံရေး အကျဉ်းသား တဦး ရှိနေသည် ဆိုလျှင်ပင်
လွန်လှပြီဟု ဆိုရမည်
ဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန်အစိုးရသည် နိုင်ငံရေး အကျဉ်းသားများကို
ကန့်သတ်ချက် မထားဘဲ လွှတ်ပေးသွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
Mr. John Bercow သည် မြန်မာ့ဒီမိုကရေစီ အရေးအတွက် လွန်ခဲ့သော ၉ နှစ် ကတည်းက
စတင် ဆောင်
ရွက်ခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များဘ၀ကို ကိုယ်တိုင်သိမြင်
ကြုံတွေ့ခဲ့ရကြောင်း၊ ဗြိတိသျှ ပါ
လီမန်တွင် လွှတ်တော် အမတ် တဦးအနေဖြင့် ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ
မြန်မာနိုင်ငံနှင့် ပတ်သက်
သော မေးခွန်းပေါင်း ၃၇၂ ခု၊ မိန့်ခွန်းပေါင်း ၅ ခု တင်သွင်း
ပြောဆိုခဲ့ကြောင်း သိရှိရသည်။
“မြန်မာနိုင်ငံက ဒီမိုကရေစီ တိုက်ပွဲက အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုဖို့
လိုအပ်သလို လူ့အခွင့်အရေးကို လူမဆန်စွာ ပြောင်ပြောင်း တင်းတင်း
ချိုးဖောက်မှုတွေကို သည်းခံ မနေသင့်တဲ့အတွက် ကျနော် တတ်
အားသမျှ ဆောင်ရွက်ခဲ့ပါတယ်။ တနေရာရာမှာ တရားမျှတမှု မရှိနေခြင်းက
နေရာတိုင်းမှာ ရှိနေတဲ့ တ
ရားမျှတမှုကို ခြိမ်းခြောက်နေတယ် ဆိုတဲ့ မာတင် လူသာ ကင်းက ပြောခဲ့သလိုပါပဲ”
ဟု Mr.John Bercow က ဆိုသည်။
တိုင်းရင်းသားများနှင့် စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်ရန်နှင့်
ဖက်ဒရယ် ပြည်ထောင်စု စနစ် တည်ဆောက် စေလိုကြောင်း၊ ဖက်ဒရယ် စနစ်ကြောင့်
နိုင်ငံပြိုကွဲမည် မဟုတ်ဘဲ နိုင်ငံ ခိုင်မာ တောင့်
တင်း စည်းလုံးညီညွတ်ရန် နည်းလမ်း တရပ်ဟု မြင်လာကြလိမ့်မည်ဖြစ်ကြောင်း၊
အမေရိကန်ပြည်
ထောင်စု၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ အိန္ဒိယနှင့် သြစတြေးလျ နိုင်ငံတို့သည်
အောင်မြင်သော ဖက်ဒရယ်စ
နစ် နိုင်ငံများဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဖက်ဒရယ်ဝါဒ သဘောတရားကို ထည့်သွင်းစဉ်းစားဖို့ ပွင့်လင်းမှုကို ပြသခဲ့ကြတဲ့
မြန်မာ အစိုးရနဲ့ လွှတ်တော် ခေါင်းဆောင် များရဲ့ မှတ်ချက်ကို ကြိုဆိုပါတယ်”
ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ယုံကြည်မှု ရရှိစေရန်
မြန်မာ့တပ်မတော်၏ အမူအကျင့်များ ပြောင်း
လဲရေး၊ တရား မမျှတမှု၊ စနစ်တကျ ညှဉ်းပမ်း နှိပ်စပ်မှုများကို
အဆုံးသတ်ရေးအတွက် အားလုံး ညီညီ
ညွတ်ညွတ် ပူးပေါင်း အားစိုက် လုပ်ဆောင် ကြရလိမ့်မည်ဟု Mr. John Bercow က
သုံးသပ်ပြောဆိုသည်။
“ဒီနိုင်ငံရဲ့ မိတ်ဆွေ တဦးအနေနဲ့ စစ်ပွဲကို ရပ်ကြပါ၊ သတ်ဖြတ်မှုတွေ
ရပ်ကြပါ၊ နှိပ်စက်မှုတွေ ရပ်ကြပါ။ မုဒိမ်းမှုတွေ ရပ်ကြပါ၊ အဓမ္မစေခိုင်းမှုတွေ
ရပ်ကြပါလို့ သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ တပ်မတော်ကို ရှင်းရှင်း
လင်းလင်း ပြတ်ပြတ်သားသား ပြောချင်ပါတယ်” ဟု Mr. John Bercow က ရှင်းလင်း
ပြောဆိုသည်။
ဘာသာရေး၊ လူမျိုးရေး ၊ ပဋိပက္ခများ အဆုံးသတ်ရေးနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသား
ဥပဒေကိုလည်း နိုင်ငံ
တကာ လူ့အခွင့်အရေး စံများနှင့် အညီ ဖြစ်လာစေရေးအတွက် ပြန်လှန် သုံးသပ်
ပြင်ဆင်သင့်သည်ဟု
လည်း Mr.John Bercow က တိုက်တွန်း ပြောဆိုသွားသည်။
ဗြိတိသျှ အောက်လွှတ်တော်ဥက္ကဋ္ဌ Mr.John Bercow သည် မြန်မာနိုင်ငံ
ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်း
စုကြည်၊ သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား
လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နှင့် တွေ့ဆုံခဲ့သည်။
ဧရာဝတီ-သတင်းဋ္ဌာန by minkoko110
သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်...
ရွှေ မြန်မာတို့
အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
မင်းကျေနက်ဖို့
မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်...
Thursday, August 1, 2013
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့်မပေးလျှင် လူရယ်စရာဖြစ်မည်ဟု ဗြိတိန် လွှတ်တော်ဥက္ကဋ္ဌ ပြော
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
တင်ပြီးသား post များ
-
►
2014
(18)
- ► 10/19 - 10/26 (18)
-
▼
2013
(4683)
- ► 11/17 - 11/24 (1)
- ► 09/29 - 10/06 (42)
- ► 09/22 - 09/29 (187)
- ► 09/15 - 09/22 (231)
- ► 09/08 - 09/15 (288)
- ► 09/01 - 09/08 (239)
- ► 08/25 - 09/01 (188)
- ► 08/18 - 08/25 (243)
- ► 08/11 - 08/18 (243)
- ► 08/04 - 08/11 (231)
-
▼
07/28 - 08/04
(293)
- ငရဲပြည် အတွေ့အကြုံ (တစ်ကယ့်ဖြစ်ရပ်မှန်)
- အထီးကျန်စိတ်ကို ဘယ်လိုဖျောက်ရပါလိမ့်
- ကွဲနေတဲ့အသဲကို ဘယ်လိုကုစားနိုင်မလဲ
- """ မိဘများ စဉ်းစားကြဖို့ပါ """
- Samsung Galaxy Tab 3 မြန်မာနိုင်ငံတွင် ရက်ပိုင်းအတ...
- သီတဂူဆရာတော်ဟောတဲ့ စစ်သား အကြောင်း
- မိန်းကလေး စိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ ချစ်ကြို...
- ကမ္ဘာ့ပထမဆုံး လွဲယိမ်းနိုင်သော တံတား
- ကလေးငယ် တစ်ယောက်နဲ့  တူတဲ့ ကျွဲကလေး တစ်ကောင်မွေးဖွား
- မိန်းကလေး တစ်ဦး ၁ ထပ်အမြင့်မှ ပြုတ်ကျသော် လည်း အသ...
- သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် သုံးထပ်ဆောင်ပေါ်မှ အမျို...
- ရမည်းသင်းမြို့ မွတ်စလင်မ် သုဿာန်(ကဘာရ်စတာန်) အားေ့...
- ပန်းဘဲတန်းမြို့နယ်ရှိ နှစ်လုံး/သုံးလုံးလောင်းကစားဒ...
- တက္ကသိုလ်ဝင်ခွင့်အမှတ်စာရင်းများထုတ်ပြန်
- တရုတ်၏လွှမ်းမိုးမှုကို ထိန်းညှိရန်အတွက် အိန္ဒိယက မြန်...
- ငွေသိန်း ခြောက်ဆယ်ကျော် ပျောက်ဆုံးမှု ရှာဖွေ ဖမ်းဆ...
- မယ်တော်ဆေးခန်း ရေလွှမ်း၍ လူနာများ ရွှေ့ပြောင်းထားရ
- စားသုံးရန် မသင့်သော ဖမ်းဆည်းရမိသည့် ကုန်ပစ္စည်းများ...
- ဖလမ်းတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက် ငါးဦး သေဆုံး
- ကုန်သင်္ဘော ခါးကျိုးပြီး ဧရာဝတီမြစ်အတွင်း နစ်မြုပ်
- လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ CP ကြက်အ...
- ရခိုင် ၅ ဦးကို ထောင်ဒဏ်တွေ ချမှတ်
- တနင်္သာရီမြစ်ရေမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်သွားပြ...
- အပျို၊အပျိုစစ်နှင့် အပျိုစင်
- နံနက်ပိုင်း သံပရာရေ နွေးနွေးသောက်ခြင်း၏ အကျိုးကျေး...
- တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူခြင်း၏ ဆိုးကျိုး
- ဗုဒ္ဓဂယာ ဘုရားဖူးခရီးသည် မြင့်တက်လာစေရန် သွယ်ဝိုက်ခ...
- ဓာတုဇီဝနည်းပညာများဖြင့် ပြင်ဆင် ဖန်တီးထားသော စားသေ...
- လယ်ယာသုံး ဓာတုဆေးများကြောင့် သဘာဝသားငါးများ ရှားပါးလာ
- ၅ သောင်းကျော်ကို ဆရာဖြစ်ဆွဲခန့်လိုက်ပြီ
- မူးယစ်ဆေးဖမ်းရာက လက်နက်များပါ ဖမ်းမိ
- ၈၈၈၈ နှစ်ပတ်လည်တွေကို နားခါး မျက်စိခါးနေတဲ့ ဆုဝေ
- အမေ့ခံ
- မြန်မာ လူပွဲစားဂိုဏ်းချုပ် ဆိုသူကို ထိုင်းရဲက ဖမ်း...
- မြန်မာ့လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ သန်း ၁၄၀ က...
- မြန်မာ့တပ်မတော် ခေတ်မီရေး အမေရိကန် ကူညီမည်
- အင်တာနက်ကြောင့် လူမှုဆိုးကျိုးများ ဖြစ်ပွားနိုင်
- ဆီးဂိမ်းအတွက် ပဏာမကစားသမား ၃၀ ဦး စာရင်းထုတ်ပြန်
- ကရင်ပြည်နယ်ရှိ ရေဘေးသင့် နေရာများသို့ ဒုတိယသမ္မတ ဦ...
- လူငယ်တွေအိမ်ထောင်ပြုတော့မယ်ဆိုရင်
- နေအိမ်အတွင်း ပိတ်လှောင်ထားသည်ဟုဆိုကာ မိခင်က သားသမီ...
- ၂ နှစ်အတွင်း ကားဈေး ထက်ဝက်နီးပါး ထိုးကျနိုင်
- မလေးရှားရောက် မြန်မာအလုပ်သမားများ အလိမ်ခံရ
- ချစ်သူသိစေ
- အချစ်ဆိုတာ.....
- ဆီးဂိမ်း ကျင်းပရန် လေးလကျော်သာ လိုတော့သော်လည်း မြန...
- ပြင်ဦးလွင် ၁၉ မိုင်အနီးဝန်းကျင်က ရေသည်အချို့ အဖမ်...
- တစ်ကိုယ်တော် ဆန္ဒပြသူ ဦးထင်ကျော်ပုဒ်မ ၅၀၅ ( ခ ) ဖြ...
- အလုပ်ပိတ်ရက် မြန်မာပြည်ပြန်လည်မည့်သူများကို လေကြော...
- Taxi အငှားကား စီးသူများသတိထားရန်
- ဖေ့စ်ဘုတ်မှာ နိုင်ငံတော်အစိုးရနှင့် -အင်တာနက်သုံးတ...
- ဘင်္ဂလာဒေခ်ျ့နယ်စပ်သို့ ကျည်ဆံခိုးပို့သူ ကျည်ဆံများန...
- ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင်ဦးဂမ္ဘီရ သြစတေလျ ...
- ” မန္တလေး မြို့မိမြို့ဖများ ကျွန်မ တို့ မိန်း မလျာေ...
- ဟန်းဖုန်း ခေါင်းအုံး မအိပ်ပါနှင့်
- ကျောင်းသူက ကားတက်မောင်းပြီး ယာဉ်တိုက်မှု တောက်လျှော...
- ကြံခင်းမြို့၌ ဆွဲကြိုး ချသေဆုံးမှုဖြစ်ပွား
- တပ်မတော်(ရေ)နှင့် အနာဂတ် ရေငုပ်သင်္ဘောတပ်ဖွဲ့
- ဗမာအိမ်မှာ ဗမာတွေ မနေရဲတော့ပြီလော
- ထိုင်းအပြည်ပြည်ဆိုင်ရာ ဂျူဒိုဖိတ်ခေါ်ပြိုင်ပွဲတွင် ...
- တစ်ကိုယ်တော် အခွေကို အွန်လိုင်း ကနေ အလကား ဖြန့်မယ်
- စန္ဒကူးကျောင်းတော်ရာ ဘုရားကို ဘုရားဖူးငါးများ ရောက်...
- မန္တလေးတွင် အင်အား အနည်းငယ်ရှိ ငလျင် နှစ်ကြိမ် ဆက်တ...
- စားသုံးသူများ တိုင်ကြားပါက စားသုံးသူရေးရာ ဌာနခွဲေ...
- ဗုဒ္ဓဂယာ မဟာဗောဓိစေတီနှင့် လုမ္ဗိနီတို့သို့ မိုဘိုင်...
- လူရွှင်တော် ပါပါလေး ကွယ်လွန်
- ဘင်္ဂါလီ လူဦးရေစာရင်း ကောက်နိုင်ရန် လူ့အခွင့်အရေးကေ...
- သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် သုံးထပ်ဆောင်ပေါ်မှ အမျို...
- အရှင်မွေး နေ့ချင်းကြီးစေ
- ဆံပင်ညှပ်ဆရာ၏လက်လုပ်လေယာဉ်ပျံ တရုတ်ကောင်းကင်ယံတွင်...
- နှစ်ငါးရာ ကြာအောင် ရေခဲပြင်အောက်မှာ မြုပ်ကွယ်နေတဲ့...
- အပစ်ရပ်ဆွေးနွေးရန် မြောက်ပိုင်းကျောင်းသား ကိုယ်စား...
- ရေကြည်၌ လယ်ဧကတစ်သောင်းကျော်နှင့် လူနေအိမ်များ ရေနစ...
- မင်းဓမ္မပန်းခင်းဈေးတွင်စည်ပင်နှင့် ဈေးသည်တို့ ပဋိ...
- အချစ် ပုစ္ဆာကြီး (၅)ခု
- အစ္စလာမ်ပါတီတစ်ခုကို ဘင်္ဂလားဒေ့ရှ်က တရားမဝင်ပါတီ သတ်...
- ၂၀၁၃ ခုနှစ် ကာကွယ်ရေး ဦးစီးချုပ်(ရေ) တံခွန်စိုက်ဒု...
- ရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ တပ်မ...
- ရှစ်လေးလုံး ဖြစ်ရပ်မှန် (၁၀)
- မြဝတီရေကြီးရခြင်းမှာ ထိုင်းမှ ဆည်ဖောက်ချသောကြောင့်...
- ကိုယ်ဝန်တားဆေး Ecee 2 ယဉ်ကျေးမှုနှင့် ရန်ကုန်
- ၈၈ လေးလုံး ငွေရတု ဗကသ တက်ရောက်မှာ မဟုတ်
- ရှစ်လေးလုံး ငွေရတု မတိုင်ခင် ၈၈ ကျောင်းသား နှင့် ဗ...
- မြန်မာ့ကျန်းမာရေး အလားအလာကောင်း
- ပေါ့ပ်အဆိုတော် ဂျပ်စတင်ဘီဘာ၏ ဘတ်စ်ကားပေါ်တွင် ဆေြးေ...
- ရှစ်လေးလုံး ဖြစ်ရပ်မှန် (၉)
- ဘီးလင်း စံချိန်တင်ရေကြီးမှု ကျေးရွာ၂၀ ကျော်ရေမြုပ်ြ...
- ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့...
- ရှစ်လေးလုံး ဖြစ်ရပ်မှန် (၈)
- မန်းတွင် ငွေကျပ် ၁၃၂ သန်းတန်သည့် မူးယစ်ဆေးများ ဖမ်းမိ
- ဂွာတာနာမိုရှိ အကျဉ်းသားများ လွတ်မြောက်ရန် အယ်လ်ကေး...
- မီးပွိုင့်မှာ GTC အခွေတွေ လိုက်ရောင်းနေတယ်
- စီဒီအမ်အေ မိုဘိုင်းလ်ဖုန်းများ ကျပ်ငွေဖြင့် ပြည်ပေ...
- မီဒီယာများ ဘက်လိုက်ရေးသားသဖြင့် ရခိုင်ပြည်နယ် ပဋိပ...
- မျိုးစောင့်ဥပဒေကို လွှတ်တော်မှာ ကိုယ်စားပြု တင်ပြမှ...
- နားမလည်သော ပြည်သူများအား တန်ဆာခံအဖြစ် ပြုလုပ်သည့် ...
- မြောက်ဦးတွင် ဆရာဝန်အိမ်ကို ဝင်ခိုးသည့်အမှု နာရီပို...
- မသန်စွမ်းများအတွက် ဘတ်ဂျက်ခွဲတမ်း ချပေးမည်ဟု လွှတ်ေ...
- ဘာသာရေးနဲ့ နိုင်ငံရေး အကြား စည်းတားဖို့ သမ္မတဦးသိန...
- ဘာလဲဟဲ့ စစ်တပ် ??
- ► 07/21 - 07/28 (187)
- ► 07/14 - 07/21 (219)
- ► 07/07 - 07/14 (234)
- ► 06/30 - 07/07 (167)
- ► 06/23 - 06/30 (316)
- ► 06/16 - 06/23 (177)
- ► 06/09 - 06/16 (224)
- ► 06/02 - 06/09 (127)
- ► 05/26 - 06/02 (155)
- ► 05/19 - 05/26 (132)
- ► 05/12 - 05/19 (106)
- ► 05/05 - 05/12 (86)
- ► 04/28 - 05/05 (56)
- ► 04/21 - 04/28 (61)
- ► 04/14 - 04/21 (49)
- ► 04/07 - 04/14 (49)
- ► 03/31 - 04/07 (33)
- ► 03/24 - 03/31 (34)
- ► 03/17 - 03/24 (11)
- ► 03/10 - 03/17 (11)
- ► 03/03 - 03/10 (5)
- ► 02/24 - 03/03 (11)
- ► 02/17 - 02/24 (1)
- ► 02/10 - 02/17 (6)
- ► 02/03 - 02/10 (15)
- ► 01/27 - 02/03 (3)
- ► 01/20 - 01/27 (7)
- ► 01/13 - 01/20 (6)
- ► 01/06 - 01/13 (9)
-
►
2012
(82)
- ► 12/30 - 01/06 (8)
- ► 12/23 - 12/30 (10)
- ► 12/16 - 12/23 (7)
- ► 12/09 - 12/16 (3)
- ► 12/02 - 12/09 (2)
- ► 11/25 - 12/02 (1)
- ► 11/18 - 11/25 (18)
- ► 11/11 - 11/18 (25)
- ► 08/12 - 08/19 (1)
- ► 03/04 - 03/11 (1)
- ► 02/26 - 03/04 (1)
- ► 02/19 - 02/26 (1)
- ► 02/05 - 02/12 (3)
- ► 01/22 - 01/29 (1)
-
►
2010
(9)
- ► 12/05 - 12/12 (1)
- ► 11/28 - 12/05 (2)
- ► 11/07 - 11/14 (5)
- ► 10/31 - 11/07 (1)
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...