ထိရောက်စွာ မီးရှို့ ဖျက်ဆီးစဉ်
(၂.၈.၂ဝ၁၃) ရက်နေ့  နံနက် (ဝ၉းဝဝ)နာရီ အချိန်ခန့် တွင် တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ မှာ တ
ရုတ်နိုင်ငံ ဘက်မှ တင်သွင်းလာသည့် စားသုံးရန် မသင့်သော ဖမ်းဆည်းရမိသည့် ကုန်ပစ္စည်းများကို မူ
ဆယ် အကောက်ခွန် ဦးစီးဌာနမှ ဖျက်ဆီးပစ်လိုက်ကြောင်း သိရသည်။
ဘီယာ၊ အချိုရည်တို့ အား ဖျက်ဆီးစဉ်
မူဆယ်မြို့  လေယာဉ်ကွင်းလမ်းဘေး တစ်နေရာတွင် အကောက်ခွန်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်
မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့် ခရိုင်အုပ်ချုပ်ရေး အဖွဲ့ တို့ မှ တရားမဝင် တင်သွင်းလာသည့် တားဆီး၊ ဖမ်းဆီး
ပစ္စည်းများတွင်ပါသော စားသုံးရန် မသင့်သည့် ကုန်ပစ္စည်း စုစုပေါင်း (၁၈၅)သိန်းခန့် တန်ဖိုးရှိ ပစ္စည်း
များအား မီးရှို့ ခြင်း မြေတွင်းထဲသို့  သွန်ပစ်ခြင်းဖြင့် ထိရောက်စွာ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပစ္စည်းများတွင် တရုတ်နိုင်ငံလုပ် ဘီယာပုလင်းများ၊ လူများကိုဆိုးကျိုးပေးသော ခြင်ဆေး
ခွေများ၊ လောင်းကစားကို အားပေးသော ဖဲချပ်ထုပ်များ၊ သောက်သုံးရန် မသင့်သည့် အချိုရည်များ
အများဆုံး ပါဝင်ကြောင်း သတင်းရရှိပါသည်။
စွမ်းသူလင်း
by Myanmar News Now
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...