သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, August 2, 2013

ရေကြည်၌ လယ်ဧကတစ်သောင်းကျော်နှင့် လူနေအိမ်များ ရေနစ်မြုပ်

ပုသိမ်ခရိုင် ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့နယ်ခွဲ သီတာကုန်းပြင် တိုက်နယ်နှင့်အနီးတစ်ဝိုက်ကျေးရွာ အုပ်စု ၁၄ အုပ်စု၌ ဇူလိုင်လ၂၉ ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လူနေအိမ်များနှင့် လယ်မြေဧက တစ်သောင်းကျော် စပါးပင်များ ရေနစ်မြုပ်နေကြောင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။

သီတာကုန်းပြင် တိုက်နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ လက်ပံပင်ရွာ၊ ကုန်းပြင်ရွာ၊ ကျောက်ချောင်းရွာ၊ ဂွေးတောက်ရွာ၊ ကွင်းချောင်းရွာ၊ ဖန်ခါးပင်ရွာ၊ ညောင်ပင်သာရွာ၊ ပန်းပုကွင်းရွာ၊ သက္ကာယ် ပြင်ရွာ၊ ရွာသစ်ကြီးရွာ၊ ကတ်ကူကြီးရွာ၊ ကတ်ကူလေးရွာ၊ မိတ်သလင်ရွာနှင့် ရေနံ့သာရွာ စသည့် ဒေသများမှ လယ်များ ရေမြုပ်နေခြင်းဖြစ်ရာ ရက်ရှည်ရေနစ်မြုပ်ပါက စပါးစိုက်ခင်းများ ပျက်စီး နိုင်သဖြင့် စိုးရိမ်ဖွယ် အခြေအနေ ရှိကြောင်း တောင်သူများက ပြောဆိုသည်။


ရေကြည်မြို့နယ်နှင့် ငသိုင်းချောင်းမြို့နယ်ခွဲအတွင်း မိုးစပါးစိုက်ဧက တစ်သိန်းကျော်ရှိပြီး ရေမြုပ်ဧက အတိအကျကိုမူ မသိရှိရသေးကြောင်းရေကြည်မြို့နယ် လယ်ယာစိုက်ပျိုးရေး မန်နေဂျာရုံးမှ တာဝန် ရှိသူတစ်ဦးကပြောကြားသည်။

အလားတူပင် အင်္ဂပူမြို့နယ် ကွင်းကောက်မြို့၌လည်း လယ်မြေများအတွင်း စပါးပင်များ ရေနစ်မြုပ်လျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D