သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, August 2, 2013

တပ်မတော်(ရေ)နှင့် အနာဂတ် ရေငုပ်သင်္ဘောတပ်ဖွဲ့

တပ်မတော်အကြီးအကဲများမှ မြန်မာ့တပ်မတော်အား အဆင့်မြှင့်တင်ရန် စီမံဆောင်ရွက်လျက်ရှိသည်ကို ကြားသိနေရသည့်အတွက် အားတက် ဝမ်းသာရပါသည်။ ထိုအထဲတွင် တပ်မတော်(ရေ)သည်လည်း အပါအဝင် ဖြစ်ရာ အခြေအနေ အကြောင်းအရာမျိုးစုံအနက် Sub- Surface Role မြှင့်တင်နိုင်ရေး ကြိုးပမ်းမှုသည် လတ်တလောကာလတွင် ကျယ်ကျယ်လောင်လောင်ကြားနေရသော သတင်းကောင်းဖြစ်ပါသည်။ထိုအတွက်လည်း မျှော်လင့်ချက်မြင့်မြင့်မားမား ထားမိပါသည်။

မကြာမီရက်ပိုင်းများအတွင်းကပင် တပ်မတော်အကြီးအကဲများနှင့် ရေတပ်ခေါင်းဆောင်များသည် ရုရှားနိုင်ငံသို့ သွားရောက်၍ Kilo Class Submarine အား လေ့လာခဲ့ကြသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပါသည်။ တစ်ပြိုင်နက်တည်းမှာပင် Kilo အမျိုးအစားသည် သင့်တော်သည်၊မသင့်တော်သည် / ဈေးကြီးသည် မဝယ်သင့် ၊ ဝယ်သင့်သည် စသည်ဖြင့် နောက်ဆက်တွဲပါ တွဲလုံးများကိုလည်း ကောလဟာလသဖွယ် ကြားရပါသည်။

မည်သို့ဆိုစေ ရုရှားတို့၏ ရေငုပ်သင်္ဘောဆိုင်ရာ နည်းပညာ၊အတွေ့အကြုံ နှင့် ကျွမ်းကျင်မှုသည် ကမ္ဘာ့စစ်ရေးသမိုင်းတွင် အခိုင်အမာ ရှိနေခြင်းသည် ယနေ့အချိန်ထိ ဖြစ်သည်။ စစ်အေးကာလတစ်လျောက်နှင့် ယခုခေတ်ကာလထိ အမေရိကန်တို့၏ Aircraft Carrier ဗဟိုပြု Fleet များနှင့်အပြိုင် အင်အားကြီးရေတပ်အဖြစ် ရပ်တည်နေခြင်း၏ ရာခိုင်နူန်းအများစုမှာ ယင်းတို့၏ ရေငုပ်သင်္ဘောများ ကမ္ဘာ့ရေပြင်အောက်အနှံ့ Power Projection ပြုလုပ်နိုင်ခြင်းကြောင့်ဟု ဆိုနိုင်ပါသည်။ အချို့က Accident အနည်းငယ်ဖြစ်ခဲ့သော ရုရှားရေငုပ်သင်္ဘော ဖြစ်စဉ်အချို့ကို ထောက်ပြသော်လည်း သာမန်ရေယာဉ်များ နှင့်မတူပဲ ရေအောက်တွင်လှုပ်ရှားရသော ရေငုပ်သင်္ဘောများ၏ မူလသဘောသဘာဝကပင် Risk ကြီးမားသော အနေအထားရှိပြီး လှုပ်ရှားလေ့ကျင့်မှုများလေ၊ ကျွမ်းကျင်အသားစီးရမှု ကောင်းလေ၊ အထိအခိုက် အပွန်းအပဲ့ ရှိတတ်လေ စသည့် အခြေအနေများကိုလည်း ရေငုပ်သင်္ဘော ပိုင်ဆိုင်သော ရေတပ်တိုင်း နားလည် လက်ခံထားပြီး ဖြစ်ပါသည်။ ဤသည်ပင်လျင် Sub- Surface Role ၏ ကျယ်ပြန့် ထိရောက်မှုနှင့် စွန့်စားရမှု တစ်စိတ်တစ်ဒေသ ဖြစ်ပါသည်။

ဥပမာဆိုရလျင် ဘောလုံးကွင်းထဲတွင် မိုင်းတစ်လုံး မြှုပ်ထားသည် ဆိုပါက ရင်ဆိုင်တုန့်ပြန် ကျော်ဖြတ်ရန် ပြင်ဆင်ဆောင်ရွက်ရမည့် အခြေအနေတစ်ခုကို ခန့်မှန်းကြည့်လျင် မြင်နိုင်ပါသည်။ ထို့ကြောင့် Strategist များက Denial Role အတွက် Submarine သည် မရှိမဖြစ် လိုအပ်သည်ဟု ဆိုခဲ့ကြခြင်း ဖြစ်ပါသည်။

တဖန်အားဖြင့် ရေငုပ်သင်္ဘောပိုင်ဆိုင်မှုသည် အခုရေတွင်းတူး အခုရေကြည်သောက် ပုံစံမျိုး မလွယ်ကူပါ။Budget ရှိရုံ တတ်နိုင်ရုံဖြင့် မရနိုင်။ Surface Ship များကဲ့သို့ မဟုတ်။ ရွေးချယ်မှာယူခြင်း၊ လေ့ကျင့်ခြင်း နှင့် အခြေခံအဆောက်အဦများ တည်ဆောက်ပြင်ဆင်ခြင်းသည် (၅)နှစ်မှ (၈)နှစ်ခန့်အထိ အချိန်ယူရတတ်ပါသည်။ ယေဘူယျအားဖြင့် (၄)နှစ်ခန့် ပြည့်ပြည့်ဝဝ လေ့ကျင့်ပြီးမှသာလျင် ရေငုပ်သင်္ဘောတစ်စီးကို စနစ်တကျ ကိုင်တွယ် မောင်းနှင်နိုင်သော အခြေအနေရှိပါသည်။ စစ်သည်များရွေးချယ်ရာတွင် အများစုမှာ အသက်ငယ်ရွယ် ဖြတ်လတ်သော လူပျိုများဖြစ်ပြီး အိမ်ထောင်သည်ဖြစ်လျင်ပင် မိသားစုနှင့်အတူ နိုင်ငံရပ်ခြားတွင် သွားရောက်နေထိုင်၍ လေ့ကျင့်ရသည်ဟု ဆိုပါသည်။ လက်လှမ်းမီသော ရေတပ်များအား လေ့လာကြည့်ပါက စနစ်တကျ Plan ချ၍ အချိန်ယူဆောင်ရွက်ရသော အနေအထားကို တွေ့မြင်နိုင်မည် ဖြစ်သည်။ဥပမာ- ဗီယက်နမ် ရေတပ်သည် ၂၀၀၆/၂၀၀၇ ခုနှစ်ခန့်က စတင်ခဲ့ရာ ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းတွင် Kilo Class ရေငုပ်သင်္ဘော ပထမတစ်စီးကို ရရှိခဲ့သည်။ထို့အတူ ဘင်္ဂလားဒေ့ရှ်ရေတပ်သည် ၂၀၁၉ ခုနှစ်တွင် ရေငုပ်သင်္ဘောပိုင်ဆိုင်နိုင်ရန် ၂၀၁၁/၂၀၁၂ ခုနှစ်ခန့်ကပင် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ယခုပြင်ဆင်မှသာလျင် နောက်(၅) နှစ်ခန့်အတွင်း ရေငုပ်သင်္ဘောပိုင်ဆိုင်၍ Sub-Surface Role ကို ပီပီပြင်ပြင် ကဏ္ဍသစ် ဖွင့်နိုင်မည်ဟု ခန့်မှန်းရသည်။

ထို့ပြင် ရေငုပ်သင်္ဘောနှင့် ပတ်သက်၍ Budget ကိုလည်း ချိန်ထိုးကြည့်ရန် လိုအပ်သည်။ Kilo တစ်စီးလျင် ဒေါ်လာသန်း (၂၀၀) ခန့်မှ (၃၀၀) ခန့်အထိ တန်ဖိုးရှိနိုင်သည်ဟု ခန့်မှန်းရပြီး အနည်းဆုံး နှစ်စီးမှ သုံးစီးခန့် လိုအပ်မည်ဖြစ်သည်။ ယင်းအပြင် Infrastructure များ၏ ကုန်ကျစရိတ်၊ သက်တမ်းတစ်လျောက် သတ်မှတ်ထားသော Minor Repair ၊ Major Repair များကို ပြည့်ပြည့်ဝဝနှင့် တိတိကျကျ ဆောင်ရွက်ရန်လိုအပ်ပြီး ယင်းအတွက် ကုန်ကျစရိတ်များ၊ Operation Cost များ နှင့် အခြား Admin Cost များကို ထပ်မံထည့်သွင်း တွက်ချက်ရမည် ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် Major Repair သည် ဝယ်ယူသည့်နိုင်ငံသို့ သွားရောက် ပြုလုပ်ရသည်ဟုလည်း ဆိုကြပါသည်။ထို့ကြောင့် စွမ်းရည်အသင့်အတင့်ရှိသော ရေငုပ်သင်္ဘောတပ်ဖွဲ့ ပိုင်ဆိုင်ရန် (၅)နှစ်ကျော်ခန့်အတွင်း Budget အားဖြင့် ဒေါ်လာ တစ်ဘီလီယံကျော်ခန့်အထိ အသုံးပြုရနိုင်ဖွယ်ရှိပြီး နောက်ပိုင်းတွင်လည်း လိုအပ်သလို ထပ်မံကုန်ကျဖွယ် ရှိပါသည်။

အကယ်၍ ဖော်ပြပါ Budget အား သုံးစွဲမည်ဆိုပါက လွှတ်တော်မှ သတ်မှတ် ပြဌာန်းလိုက်သော နှစ်စဉ် ကာကွယ်ရေးအသုံးစရိတ်များထဲမှ ထုတ်နူတ်သုံးစွဲရမည် ဖြစ်သည်။သို့ရာတွင် တပ်မတော်အနေဖြင့် ကြည်း / ရေ / လေ ၏ အခန်းကဏ္ဍစုံ ခေတ်မီတိုးတက်အောင် ကာကွယ်ရေးနှင့်လုံခြုံရေး မဟာဗျုဟာ အစီအမံများအရ လည်းကောင်း၊ Budget အရ လည်းကောင်း ဦးစားပေး လုပ်ငန်းစဉ်များ ချင့်ချိန်သတ်မှတ် ဆောင်ရွက်နေရသော အနေအထားမျိုးတွင် ရှိနေနိုင်သည် ။ ထို့ကြောင့် Submarine Arm ပေါ်ပေါက်ရေးသည် ကာကွယ်ရေးမဟာဗျုဟာ၏ Priority Interest ရှိမှုနှင့် Defense Budget ပေါ်တွင် မှုတည်နေမည်ဟု ခန့်မှန်းရသည်။ တပ်မတော်(ရေ) တစ်ခုတည်းတွင်ပင် Submarine ခေါင်းစဉ် တစ်ခုတည်းမဟုတ်ပဲ ခြုံငုံမိအောင် စဉ်းစားစီမံရကြောင်း အကဲခတ်ကြည့်နိုင်ပါသည်။

မည်သို့ဆိုစေ Submarine Arm ဖြစ်တည်ပေါ်ပေါက်ရေးတွင် တပ်မတော်၏ Priority Interest သည် မြင့်မားနေခြင်းကြောင့် ယနေ့သတင်းကောင်းများကို ကြားနေရခြင်း ဖြစ်ပါမည်။ ထို့ကြောင့် Budget သာလျင် အခရာဖြစ်လာနိုင်ဖွယ်ရှိပါသည်။ ထို့အတူ နိုင်ငံတစ်ခု၏ တပ်မတော်တစ်ရပ်ကဲသို့ပင် သွားနေကြ လမ်းကြောင်းပေါ်၌ Submarine Arm ကဲ့သို့သော Project များလည်း ဆက်လက်ပေါ်ပေါက်လာမြဲ ဖြစ်တတ်ပြီး အလားတူ Budget ပြဿနာဖြင့် တွေ့ကြုံရနိုင်ပါသည်။ ယင်းအတွက် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ Defense Building အပေါ်တွင် မိဘပြည်သူများ၊ အုပ်ချုပ်ရေးအစိုးရ နှင့် လွှတ်တော်တို့၏ Interest နှင့် Support သည်လည်း မရှိမဖြစ် လိုအပ်ပါသည်။ အနီးစပ်ဆုံး ပတ်ဝန်းကျင်နိုင်ငံများတွင်ပင် သာဓကများ ထင်ထင်ရှားရှား မြင်တွေ့နိုင်သည်။ အဓိကသည် လုံခြုံစိတ်ချရသော ပွင့်လင်းမြင်သာမှုဖြင့် ကျေညက်ခိုင်မာ၍ နားလည်ပြည့်ဝသော အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးတစ်ရပ် ပိုမိုအားကောင်း ဖြစ်ထွန်းရေး ဖြစ်သည်။

လတ်တလောအခြေအနေတွင် ဗီယက်နမ်နိုင်ငံ၏ ဝန်ကြီးချုပ်ကိုယ်တိုင် ဗီယက်နမ်ရေတပ်၏ ပထမဦးဆုံး Kilo Class ရေငုပ်သင်္ဘောပေါ် တက်ရောက်စစ်ဆေးခဲ့သည့် ပုံရိပ်များ၊ ထိုင်းနိုင်ငံ အစိုးရ၏ Cabinet မှ ခေတ်မီစစ်ရေယာဉ်များ ဝယ်ယူရေးနှင့် တည်ဆောက်ရေးအတွက် အတည်ပြုပေးခဲ့သည့် သတင်းများ၊ ဘင်္ဂလားဒေ့ရှ်လွှတ်တော်မှ ၂၀၁၉ ခုနှစ်တွင် ရေတပ်အနေဖြင့် ရေငုပ်သင်္ဘော ပိုင်ဆိုင်နိုင်ရန် ထောက်ခံအတည်ပြုပေးခဲ့သည့် သတင်းများသည် မြန်မာ့တပ်တော်(ရေ)၏ Submarine Arm ဖြစ်ထွန်းရေးနှင့် စင်ပြိုင်ပေါ်ထွက်လာသော ဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်ပါသည်။

သို့ဖြစ်၍ တိုင်းပြည်နှင့်လူမျိုးတို့၏ အသက်အိုးအိမ် စည်းစိမ်များနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်ရန် Submarine Arm အပါအဝင် Defense Building တွင် မဏ္ဍိုင်အသီးသီး၏ Priority Interest ကို ချစ်ကြည်ငြိမ်းချမ်းစွာ ရှာဖွေတွေ့ရှိနိုင်ပါစေဟု ဆန္ဒပြု ဖော်ပြအပ်ပါသည်။


FROM-MYANMAR NAVY

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D