သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 3, 2013

၂ နှစ်အတွင်း ကားဈေး ထက်ဝက်နီးပါး ထိုးကျနိုင်

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ကားဈေးကွက်မှာ မကြာသောကာလ အတွင်း ဈေးကွက်ပုံစံ အသစ်များ ပြောင်းလဲ၍ ဈေးနှုန်းများ သိသာစွာ ထိုးကျသွားနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြ သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်ပြောင်းလဲ ကျင့်သုံးခဲ့သော ကားတင်သွင်းခွင့် မူသစ်ကြောင့် ယခင်ကထက် ကားဈေးနှုန်းများ သိသာစွာ ကျဆင်းလာခဲ့သော် လည်း နိုင်ငံတ ကာ ပေါက်ဈေး များနှင့် နှိုင်းယှဉ် ပါက မြန်မာနိုင်ငံရှိ ကားဈေးမှာ ဒေသတွင်းနိုင်ငံ များထက် မြင့်မားလျက်ပင် ရှိနေသေးသည် ဟု ဈေးကွက် ကျွမ်းကျင်သူ တစ်ဦးက မှတ်ချက်ပြုသည်။ မကြာမီ ပြောင်းလဲကျင့်သုံးမည့် အခွန်ဆိုင်ရာ မူဝါဒအသစ်ကြောင့် လက်ရှိ ဖြစ်ပေါ်နေသော ကားဈေးနှုန်းမှာ နိုင်ငံ တကာ ပေါက်ဈေးနှင့် အညီ တန်းတူသတ်မှတ် ဖြစ်ပေါ်လာနိုင်ကြောင်း သမ္မတရုံး ဒုဝန်ကြီး ဦးသန့်ရှင်က ခန့်မှန်းပြောကြားသည်။ 

“၂၀၁၅ မှာ ကျင့်သုံးတော့မယ့် အာဆီယံ အခွန်မဲ့ ကုန်သွယ်မှုစနစ်က ဒီကိစ္စကို အများကြီး သက်ရောက် သွားစေနိုင် တယ်။ ကားဈေးကလည်း အဲဒီအချိန်ကျရင် ဒီထက် ထက်ဝက်လောက်ကို ကျသွားနိုင်တဲ့ အခြေအနေမှာရှိတယ်” ဟု ၄င်းက ဆိုသည်။ ယင်းကာလတွင် ဒေသတွင်း ကားထုတ်လုပ်မှု အောင်မြင်ဖြစ် ထွန်းနေသော ထိုင်း၊ မလေးရှား၊ စင်ကာပူ အစရှိသော နိုင်ငံများက ကားတင်ပို့မှုကို တွင်ကျယ်စွာ ပြုလုပ်လာနိုင်ပြီး ကားစက်ရုံ တည်ဆောက်မှုများလည်း နိုင်ငံတွင် ဖွံ့ဖြိုးလာနိုင်ကာ အခွန်ကင်းလွတ်ခွင့်စနစ်ကြောင့် ပြိုင်ဆိုင်မှုများမှာလည်း ပိုမိုအားကောင်းလာနိုင်သည်ဟု ဈေးကွက် ကျွမ်းကျင်သူ ဦးကျော်ဝင်းကလည်း မှတ်ချက်ပြုသည်။

 မြန်မာနိုင်ငံ၌ ကားစီးနိုင်သူ ဦးရေမှာ လူတစ်ထောင်လျှင် ၂၀ ဦးပင် မပြည့်သေးသောကြောင့် ဒေသတွင်းနိုင်ငံများထက် နှိုင်းယှဉ်ပါက အရေအတွက် နည်းပါးနေသေးကာ ကားဈေးကွက် ပြောင်းလဲမှုကြောင့် နိုင်ငံသားများအဖို့ အခွင့်အလမ်း ပိုမိုရရှိလာနိုင်မည်ဟု လေ့လာမှုများက ဆိုသည်။ ထိုသို့ ဈေးကွက်ပြောင်းလဲလာမှု အခြေအနေ အကြောင်းအချက်ကြောင့် ပြည်တွင်းကားရောင်းဝယ်မှု ဈေးကွက်မှာ တည်ငြိမ်မှုမရှိဘဲ အရောင်းကား အငှားဈေးကွက်မှာ ပိုမိုအားကောင်းလာဖွယ်ရှိကြောင်း ရန်ကုန်မြို့ အခြေစိုက် ကားဝယ်ရောင်း အကျိုးဆောင်များက ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

From:ခေတ်လူငယ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D