သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 3, 2013

ကွဲနေတဲ့အသဲကို ဘယ်လိုကုစားနိုင်မလဲ

ကျွန်တော်လည်း အသဲကွဲခဲ့ဖူးပါတယ်။ ဒီပို့စ်ဟာ ကုစားနည်းကိုရေးခြင်းဖြစ်ပေမယ့် ဒီပို့စ်ထဲမှာ ပါတဲ့အတိုင်း ကျွန်တော်ဟာ ချုံးပွဲချငိုဖူးပါတယ်၊ ဝမ်းနည်းပက်လက်ဖြစ်ဖူးပါတယ်၊ နာကြည်းဖူးပါတယ်၊ စိတ်နာဖူးပါတယ်၊ နောက်ဆုံးတော့ ဒေါသအိုးပေါက်ကွဲခြင်းနဲ့အတူ ရုတ်ခြည်းပျက်ပြားသွားခဲ့ရပါတယ်။
ကိုယ်လက်ထပ်မယ့်သူက သူပဲဖြစ်တယ်လို့ တွေးခဲ့ဖူးလိမ့်မယ်။ သူနဲ့ “တူနှစ်ကိုယ်” နေရတာကလဲ
ကြည်နူးစဖွယ်၊ ဝါသနာကလည်း အတူတူ၊ တစ်ယောက်ကိုတစ်ယောက်လည်း ခုံမင်နှစ်သက်မိတယ်။
ဒါပေမယ့် အဲ့ဒီ့ဆက်ဆံရေးက ဒေါသအိုးပေါက်ကွဲခြင်းနဲ့အတူ၊ မျက်ရည်စီးကြောင်းနဲ့အတူ ပျော်ဝင်
ပျောက်လွင့်ခဲ့ရပြီ။
စာအုပ်တစ်အုပ်ထဲမှာ မေတ္တာသက်ဝင်ခြင်းကို မူယစ်ဆေးဝါးရဲ့ တန်ခိုးအာနိသင်နဲ့ နှိုင်းယှဉ်ထားတယ်။
“ထိုသို့သော အချစ်ခန်းခြောက်သောအခါ မူးယစ်ဆေးဝါးကဲ့သို့ ပြင်းထန်သော ဆေးဖြတ်ဝေဒနာလက္ခ
ဏာ ဖြစ်ပေါ်လာနိုင်သည်။” တဲ့။ အရူးအမူးအချစ်နဲ့ အချစ်စစ်ကလည်း ကွာခြားမှုမရှိပါဘူး၊ နှစ်မျိုးစလုံး
က လူကို ယစ်မူးစေနိုင်သလို လက်တွဲဖြုတ်တဲ့အခါ ရင်ကွဲနာကျပြီး ဝမ်းနည်းပက်လက်ဖြစ်စေနိုင်ပါ
တယ်။
ပြဿနာကတော့ အလိမ္မာဆုံး၊ အကြင်နာဆုံးနည်းနဲ့ လက်တွဲဖြုတ်တဲ့တိုင်အောင် ကြေကွဲနာကြည်းမှု၊
မလွဲမသွေခံစားရမှာပါပဲ။ ဒါပေမယ့် သိက္ခာကျတယ်လို့ ထင်စရာအကြောင်းမရှိပါဘူး။ သင့်ကိုသူက
“မျက်စိမကျ”တဲ့အတွက် နောက်တစ်ယောက်ကလည်း သင့်ကို မျက်စိမကျဘူးလို့ မဆိုနိုင်ပါဘူး။
ဒါကြောင့် ပျက်သုဉ်းသွားရတဲ့ အချစ်ရေးကို ခေါင်းအေးအေးနဲ့ လက်ခံလိုက်ပါ။ ခုလိုလက်တွဲဖြုတ်လိုက်
ခြင်းက သူ့ရဲ့ စိတ်လှုပ်ရှားမှုပိုင်းရဲ့ မရင့်ကျက်မှု၊ စိတ်မပိုင်နိုင်မှု၊ အခြေအနေနဲ့ လိုက်လျောညီထွေစွာ
မကျင့်ကြံတတ်ခြင်း၊ သည်းခံခြင်းတရားကင်းမဲ့မှု၊ သင့်အပေါ်မှာ စာနာမှုမရှိခြင်း၊ စတဲ့ သူ့ရဲ့ မနှစ်မြို့
ဖွယ်စရိုက်တွေကို မီးမောင်းထိုးပြသလို ဖြစ်ချင်ဖြစ်မယ်။ အဲ့ဒါတွေဟာ လက်တွဲဖော်ကောင်းတစ်
ယောက်ရဲ့ ကြန်အင်လက္ခဏာတွေ လုံးဝမဟုတ်ပါဘူး။
ဒါပေမယ့် သင်က သူနဲ့အတူ သာယာတဲ့အိမ်ထောင် ဆောက်တည်နိုင်တယ်လို့ အခိုင်အလုံယုံကြည်ပါ
လျက်နဲ့၊ သူက တစ်ဖက်သတ်လက်တွဲဖြုတ်ခြင်းဖြစ်ရင်ကော??? သင့်ရဲ့ ခံစားချက်ကို သူ့ကိုပြောကြား
ခွင့်ရှိပါတယ်။ အထင်လွဲနေလို့ဖြစ်ချင်ဖြစ်မယ်။ သူက လမ်းခွဲရမယ်လို့ တင်းခံနေရင် ကိုယ့်အပေါ် ခံစားချက်ကင်းမဲ့သူတစ်ယောက်ရဲ့ မေတ္တာကို ရဖို့ အောက်ကျို့ခံပြီး မျက်ရည်ခံထိုးစရာမလိုပါဘူး။ မေ့
ပစ်လိုက်ပါ။ ကျွန်တော်လည်း မေ့ပစ်ခဲ့ပါတယ်။
“စောင့်ထိန်းရန်အချိန်နဲ့ စွန့်ပစ်ရန်အချိန်” ဆိုတာရှိပါ
တယ်။
နဂိုကတည်းက “အပျော်ထားခြင်း” အတွက်လောက်သာ သင့်ကိုအသုံးပြုခဲ့တယ်လို့ ထင်မှတ်ဖို့ ခိုင်လုံ
တဲ့အကြောင်းပြချက်ရှိရင်ကော??? ကလဲ့စားချေဖို့မလိုပါ။ သူ့ရဲ့ ကောက်ကျစ်စဉ်းလဲခြင်းကို ဘုရားရှင်
မသိဘဲမနေပါဘူး။  
“ရက်စက်သောသူမူကား မိမိကိုယ်ကို ဒုက္ခရောက်စေတတ်၏” (သု ၁၁း၁၇)
တစ်ခါတစ်ရံ သင့်ကို အတိတ်က အချစ်ဇာတ်လမ်းရဲ့ ခြောက်လှန့်မှုကိုခံရပြီး လွမ်းနာကျပြီး နေချင်နေ
မယ်။ ဒီလိုအချိန်မျိုးမှာ ချုံးပွဲချပြီး ငိုပစ်လိုက်ပါ။ ဒါမှမဟုတ် အလုပ်များနေလိုက်ပါ။ ရွှင်လန်းစရာတွေကို
အာရုံပြုနေပါ။ ခင်မင်သူတစ်ဦးဆီကို ရင်ဖွင့်ပါ။ ကိုယ့်ကိုယ်ကို လူလားမြောက်နေပြီလို့ မှတ်ထားပေ
မယ့် မိဘတွေကလည်း နှစ်သိမ့်မှုကိုပေးနိုင်ပါတယ်။
တစ်ကြိမ်အသဲကွဲပြီးနောက်မှာတော့ မိမိရဲ့ ပင်ကိုယ်စရိုက်တချို့ကို ပြုပြင်ဖို့လိုအပ်နေတယ်ဆိုတာကို
နားလည်လာလိမ့်မယ်။ ဘယ်လို အိမ်ထောင်ဖက်ကို ရလိုတယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ အမြင်ပို
ရှင်းလာခဲ့လိမ့်မယ်။ သင်ဟာ အချစ်တစ်ပွဲဆုံးရှုံးခဲ့ပြီး ဖြစ်တာကြောင့် နောက်တစ်ယောက်ကို တွေ့ရင်
ဉာဏ်အလိမ္မာသုံး ပိုးပန်းတော့မှာဖြစ်ပါတယ်။ နောက်တစ်ယောက်ကို တွေ့ဖို့ အခွင့်အလမ်းလည်း
သင်ထင်သလောက် မရှားပါဘူး။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D