သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 3, 2013

တက္ကသိုလ်ဝင်ခွင့်အမှတ်စာရင်းများထုတ်ပြန်

ရန်ကုန်နှင့်မန္တလေးတက္ကသိုလ်များတွင် တက်ရောက်ခွင့်ပြုမည့်ထူးချွန်ကျောင်းသားများ ၏ဝင်ခွင့် များလျှောက်ထားရာတွင အနိမ့်ဆုံးဝင်ခွင့်များ သတ်မှတ်ရာ၌အသက်မွေးဝမ်းကျောင်းတက္ကသိုလ် များထက်မြင့်မားကြောင်း သိရသည်။ ရန်ကုန်နှင့်မန္တလေးတက္ကသိုလ်များ တွင်ယခုနှစ်ပညာသင်နှစ်မှ စပြီးဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်၂၀ အတွက် ဘာသာရပ်တစ်ခုကိုကျောင်းသား ၁၅ ဦးစီနှင့်တက္ကသိုလ် တစ်ခုတွင်ကျောင်းသား ၃၀၀ ဦးစီ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၌လက်ခံသင်ကြားပေးသွားမည်ဖြစ် သည်။
ထိုတက္ကသိုလ်များ တက်ရောက်နိုင်မည့်ဝိဇ္ဇာနှင့်သိပ္ပံဘွဲ့များအတွက် သက်ဆိုင်ရာဘာသာရပ် အလိုက် အနိမ့်ဆုံးဝင်ခွင့်သတ်မှတ်ချက်မှာရူပဗေဒ ၊ ဓါတုဗေဒ ၊သချာင်္၊ သတ္တဗေဒ၊ရုက္ခဗေဒ၊ဘူမိဗေဒ နှင့် ကုန်ထုတ်ဓါ တုဗေဒဘာသာတို့၏ရမှတ် ပေါင်း(၄၉၀)၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ ဥပဒေ၊ မြန်မာစာ ၊ နိုင်ငံရေးသိပ္ပံ ဘာသာတို့၏ရမှတ်ပေါင်း(၄၇၀)၊ပထဝီဝင်၊သမိုင်း၊ စိတ်ပညာ၊ ဒဿနိကဗေဒ၊ မနုဿဗေဒ၊ရှေးဟောင်းသုတေသန၊ အရှေ့တိုင်းဘာသာတို့၏ ရမှတ်ပေါင်း(၄၃၀) ၊အင်္ဂလိပ်စာရမှတ်(၅၀၀)၊ ကွန်ပျူတာသိပ္ပံရမှတ် (၄၈၀) သတ်မှတ်ထားရာ အသက်မွေးဝမ်း ကျောင်း တက္ကသိုလ်များမှာ ယခင်နှစ်က ဝင်ခွင့်အမှတ်များထက် ပိုမိုမြင့်မားနေသည်။
ယခင်နှစ်ကကျောင်းဝင်ခွင့် သတ်မှတ်ချက် အမှတ်အမြင့်ဆုံးဖြစ်ခဲ့ပြီးထိပ် ဆုံးကရပ်တည် ခဲ့သော ရန်ကုန် နည်းပညာတက္ကသိုလ်(အဆင့်မြင့်) ထက်ပင် ရန်ကုန်နှင့် မန္တလေးတက္ကသိုလ် တို့မှ ဝင်ခွင့် သတ်မှတ်ခဲ့သည့် အင်္ဂလိပ်စာဘာသာရပ်ကပိုနေခဲ့သည်။ထူးချွန် ကျောင်းသားများကိုသာရွေးချယ် ဝင်ခွင့်ပြုမည့် ရန်ကုန် မန္တလေးတက္ကသိုလ် များတွင်တက်ရောက်ခွင့်ရရှိရန်ကျောင်းသူကျောင်းသား အများစုသည် စိတ်ဝင်စားလျက်ရှိကြသည်။
တက္ကသိုလ်အမည်များနှင့် အနိမ့်ဆုံးဝင်ခွ င့်ရမှတ်များမှာ ဆေးတက္ကသိုလ်ကျား(၄၉၀) ၊မ( ၅၀၈)၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ကျား(၄၆၉) ၊မ( ၅၀၁) ၊ ဆေးဝါးတက္ကသိုလ်ကျား၊မ (၄၆၇)၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်ကျား၊ မ(၄၅၉) ၊ရန်ကုန်နည်းပညာတက္ကသိုလ် (အဆင့်မြင့်) ကျား(၅၀၀) ၊မ (၅၀၄) ၊ မန္တလေးနည်းပညာတက္ကသိုလ်(အဆင့်မြင့်) ကျား(၄၈၅) ၊မ( ၄၉၇) ၊ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(အဆင့်မြင့်)ကျား၊မ (၄၇၃)၊ မန္တလေးကွန်ပျူတာ တက္ကသိုလ် (အဆင့်မြင့်)ကျား၊မ (၄၅၀) ၊နည်းပညာတက္ကသိုလ်ကျား(၃၆၀) ၊မ (၃၇၀) ၊ ကွန်ပျူတာ တက္ကသိုလ် ကျား ၊မ (၃၆၅) ၊ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး) ကျား(၄၆၇)၊မ (၄၇၀) ၊မြန်မာနိုင်ငံေ ရကြောင်းပညာတက္ကသိုလ်ကျား(၄၈၇)၊မ (၄၉၇) ၊ မြန်မာနိုင်ငံလေကြောင်းနှင့်အာ ကာသပညာတက္ကသိုလ် ကျား ၊မ (၄၅၀) ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျား၊မ (၃၈၃) ၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် (အင်္ဂလိပ်) ကျား၊ မ (၄၉၂)၊ရန်ကုန်ရှိနိုင်ငံခြားဘာသာ တက္ကသိုလ် များဖြစ်ကြသော (ဂျပန်) ကျား၊မ(၄၆၉) ၊ (တရုတ်)ကျား၊ မ (၄၆၆) ၊ (ပြင်သစ်)ကျား၊မ (၄၅၈) ၊ (ကိုရီးယား) ကျား ၊မ (၄၅၅)၊ (ဂျာမန်) ကျား၊မ (၄၅၃)၊ (ထိုင်း) ကျား၊မ (၄၄၇)၊ ၊ (ရုရှား) ကျား၊မ (၄၃၇)၊ တို့ဖြစ်ကြောင်း သိရှိရပါသည်။
FROM-NEWS OF MYANMAR

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D