သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 1, 2013

အမေရိကန်အကျဉ်းထောင်အခန်းအတွင်း လေးရက်ကြာပစ်ထားခံရသူ ကန်ဒေါ်လာလေးသန်း နစ်နာကြေးရ

အကျဉ်းထောင်ရှိ အကျဉ်း သားများထားရှိရာအခန်းအတွင်း လေးရက်ကျော်ကြာ ပစ်ထားခြင်း ခံရသော အမေရိကန်ပြည်ထောင်စု စန်ဒီယာဂိုမြို့မှ တက္ကသိုလ်ကျောင်း သားတစ်ဦးကို အမေရိကန်အစိုးရ က အမေရိကန်ဒေါ်လာလေးသန်း ကျော် နစ်နာကြေးပေးခဲ့ကြောင်း သူ၏ရှေ့နေက ပြောကြားခဲ့သည်။

တက္ကသိုလ်ကျောင်းသားဒန် နီယယ်ချောင်သည် သူ၏ကျင်ငယ် ရေကိုသောက်၍ အသက်ဆက်ခဲ့ ရပြီး သူ၏စိတ်ချောက်ချားနေမှုနှင့် ပတ်သက်၍ မိခင်ဖြစ်သူထံ အမှာ သတင်းပါးရန် ကြိုးပမ်းခဲ့ကြောင်း သိရ သည်။ ချောင်သည် ၂၀၁၂ခု နှစ်က မူးယစ်ဆေးဝါးနှင့်ပတ်သက် သည့် ဝင်ရောက်ဖမ်းဆီးမှုအတွင်း ဖမ်းဆီး ချုပ်နှောင် ခံရခြင်းဖြစ်ပြီး အချုပ်ခန်းအတွင်း လေးရက်ကြာ သည်အထိ သူ့ထံသို့ မည်သူ မျှ ရောက်ရှိ လာခဲ့ခြင်းမရှိဟု ဆိုသည်။

ဖြစ်ပွားမှုနှင့်ပတ်သက်၍ တရားရေးဌာနမှ စုံစမ်းစစ်ဆေး ရေးအရာရှိတို့က စုံစမ်းစစ်ဆေး ခဲ့ကြခြင်း   ဖြစ်သည်။ ချောင်အား အကျဉ်းထောင်အခန်းထဲမှ ကယ် တင်ပြီးနောက် ဆေးရုံတွင် ငါးရက် ကြာ ဆေး ကု သမှုခံယူခဲ့ရသည်။ သူသည် ရေဓာတ်ခန်းခြောက်   ခြင်း၊ ကျောက်ကပ်အလုပ် မလုပ် ခြင်း၊ ကြွက် တက်ခြင်းဝေ ဒနာ များ ကို ခံစားခဲ့ရပြီး ကိုယ်အလေးချိန် ၁၅ပေါင် ဆုံးရှုံးခဲ့သည်။

ချောင်သည် မှားယွင်းစွာ မေ့လျော့မှုကြောင့် အခန်းကျဉ်း အတွင်း ပစ်ထားခြင်းခံရခြင်းဖြစ် ပြီး မတော်တဆ မှားယွင်းမှုက သူ့အတွက်အလွန်ဆိုးရွားချောက် ချားဖွယ်ရာဖြစ်ခဲ့သည်ဟု ဆို သည်။ ချောင် အားထား ရှိသော အခန်း တွင် ပြတင်းပေါက်မရှိဘဲ အခန်းထဲ၌ လေးရက်ကျော် ပိတ်မိ နေစဉ်အတွင်း အစားအ စာနှင့် ရေရရှိခဲ့ခြင်းမရှိဟု ဆိုသည်။

ချောင်၏ဖြစ်ရပ်မှနေ၍ ပေါ်ထွက်လာသောရလဒ်မှာ ဖမ်း ဆီးထိန်းသိမ်းထားသူများအတွက် မူဝါဒသစ်ကို သတ်မှတ်ပြဋ္ဌာန်း ခဲ့ ကြောင်း သိရသည်။ သတ်မှတ်ပြ ဋ္ဌာန်းမှုအရ အကျဉ်းထောင်အခန်း များကို နေ့စဉ်စစ်ဆေးရေး ဝင်ခြင်း နှင့် အခန်းများတွင် ကင်မရာများ တပ်ဆင်ထားစေခြင်းတို့ ပါဝင် ကြောင်း သိရသည်။
From: BBC

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D