အရှင်မွေးတော့နေ့ချင်းကြီး ဆိုသ လိုပင်ထင်ပါ့။ ကော့မှူးမြို့နယ်ထဲကို စ
တင်ဝင်လိုက်ကတည်းက ဗဟို
လမ်းမကြီး ၏ ခင်းကျင်းထားမှုကပင် လမ်းတစ်လျှောက် လုံးအနေအထားနှင့် ကွာဟ
သွားခဲ့သည်။
ဘေးဝဲယာ လမ်းသွယ်များပင် ကွန်ကရစ် လမ်းအသီးသီးဖြင့်တင့်တယ်လှပနေခဲ့၏။
”ဦးခင်ရွှေကောင်း
မှုတွေထင်တယ်” ဟု အတူပါလာသော ရုံးက ဂျူနီယာ သတင်းထောက်က ပြော၏။”အင်း” ဟု
တစ်ခွန်း
တည်းသာ သူ့ကိုပြန်ဖြေဖြစ်သည်။
၂ဝ၁၂ခုနှစ် ဧပြီလကကျင်းပခဲ့သော ကြားဖြတ်ေ ရွးကောက်ပွဲတွင် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်း
စုကြည်ကော့မှူးမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နေ ရာ
ဝင်ရောက်ယှဉ်ပြိုင် အရွေးခံပြီးနောက် ပိုင်း ကော့မှူးမြို့နယ်သည်
နေ့ချင်းဆိုသ လိုဖီးလိမ်ပြင်ဆင်ပြုပြင်
လိုက်သော တော သူမအလှမယ်လေး သဖွယ်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာကျော် ငြိမ်းချမ်းရေးနိုဗယ် ဆုရှင်တစ်ယောက်ဖြစ်တာကြောင့်လည်း သူမို့
လိုအပ်သည်ဆိုလျှင် ကူ
ညီပေးချင်ကြသူများကလည်း ဒုနှင့်ဒေးပင်မဟုတ်လား။
မည်သို့ပင်ဖြစ်ဖြစ် ကော့မှူးမြို့နယ်သည် ဒေါ်အောင်ဆန်းစုကြည် အမတ်ဖြစ်လာ
ပြီးနောက်ပိုင်း ဒေသခံ
များနှင့် တွေ့ဆုံရန် လာရောက်ခဲ့သည့် အကြိမ်ပေါင်း ၁၂ ကြိမ် အတွင်း
ရုပ်ဝတ္ထုပိုင်း၌ များစွာဖွံ့ဖြိုးလာ
သည်ဟု ဆိုရမည် ဖြစ်၏။
ထို့အတူ ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်ကဖြစ်သည်။ ဂျပန်နိုင်ငံ ဟီးနိုးကုမ္ပဏီ
မှ ဒေါ်ခင်ကြည်ဖောင်ဒေး
ရှင်းသို့ လှူဒါန်း ထားသော ရွေ့လျားစာကြည့်တိုက်ဘတ်(စ်) ကား ၂စီး
(လောလောဆယ် တွင် တစ်စီး
သာရောက်ရှိ လည်ပတ်နိုင်သေးခြင်းဖြစ် သည်)ဖြင့်လည်ပတ် မည့် ရွေ့လျားစာကြည့်
တိုက်လုပ်ငန်းကို
ကော့မှူးမြို့နယ် ပြန် ဆက် ( ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေး)ရုံးတွင်
စတင်ဖွင့်လှစ်ခဲ့ ပြန်သည်။
ယင်းသည် မြန်မာနိုင်ငံ၌ ပထမဦး ဆုံးသော ရွေ့လျားစာကြည့် တိုက်တစ်ခု
ဖြစ်ပြီး ယခင် ပြန်ဆက် ရုံးစာ
ကြည့်တိုက် အား သိန်း ၆ဝဝ အကုန်အကျခံ
ပြုပြင်မွမ်းမံစာအုပ်စာတမ်းများဖြည့်စွက်ပြီး နောက်ဖွင့်လှစ်ခဲ့
ခြင်း ဖြစ်သည်။
(ကုန် ကျခံနိုင်မှု မှန်းချက် သိန်း ၃ဝဝဝ ထားရှိ
ကြောင်းသိရသည်)ရွေ့လျားစာကြည့်တိုက်အတွက်အထူး
သီးသန့် အသုံးပြုနိုင်ရန် အမေရိကန် ဒေါ်လာ ၄ဝဝဝဝ အကုန်အကျခံပြုပြင် ထားသော
ဟီးနိုးကားဖြင့်
ကော့မှူးမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၂၁ ရွာကို အ လှည့်ကျစနစ်ဖြင့်
သွားရောက်မည့် လုပ် ငန်းတစ်
ခုဖြစ်ကြောင်း သိရသည်။
နေ့စဉ် ၃ ကြိမ် ၃ နေရာသို့သွားရောက်မည်ဖြစ်ပြီး လူထု ၅၈ဝဝဝ ထိ ရောက်ရှိ
ဝန်ဆောင် မှုပေးနိုင်မည်
ဖြစ်ကာ ကော့မှူးမြို့နယ်အ တွင်းရှိ ကျောင်းသားကျောင်းသူပေါင်း ၁၁ဝဝဝ ထံ
ရောက်ရှိ သွားမည် ဖြစ်
သည်။
ရွေ့လျားစာကြည့်တိုက်သည် ကလေး ငယ်များအတွက် အထူးရည်ရွယ် ထားခြင်း ဖြစ်ပြီး
စာအုပ်ပေါင်း
၁၅ဝဝဝ၊ အမျိုးအ စားပေါင်း ၁၂ဝ ကျော်ဖြင့် စတင်လည် ပတ်သွားမည်ဖြစ်သည်။
ယင်းသည် ရွေ့ လျား
စာကြည့်တိုက် လုပ်ငန်းဆိုင်ရာ ရည် မှန်းချက်များဖြစ်၏။
”ကားတစ်စီး အခန်း တစ်ခန်းမှာအခြေပြုပြီးတော့ ကျွန်မတို့နိုင်ငံ
တစ်နိုင်ငံလုံးအနှံ့မှာ ပညာဗဟုသုတ တိုး
ပွားရေးအတွက် လုပ်နိုင်မယ်ဆိုရင် မြို့နယ်လေး တစ်ခုကနေ စင်မြင့်တစ်
ခုရောက်အောင်လို့ ကျွန်မတို့
ပြုစုပျိုး ထောင် လိုက်တာဖြစ်ပါတယ်” ဟု ဒေါ်အောင် ဆန်းစုကြည်က ရွေ့လျား
စာကြည့်တိုက် နှင့်ပတ်
သက်ပြီးသူ၏ ဆန္ဒကို ထုတ်ဖော် ပြောကြားခဲ့သည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့ လျားစာကြည့်တိုက် ဖွင့်လှစ်ခြင်းနှင့် ဗဟို
စာကြည့်တိုက် မွမ်းမံပြင်ဆင်
လှူဒါန်းခြင်း အခမ်းအနားသို့ ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ခဲ့ပြီး
ဇေကမ္ဘာဦးခင်ရွှေ၊ မြန်မာ နိုင်ငံ
ဆိုင်ရာ ဂျပန်သံအမတ်ကြီး၊ ဒေါ်ဥမ္မာ မိုးမြင့် အစရှိသူတွေလည်း တက်ရောက်
ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနား တွင် ဒေါ်အောင် ဆန်းစုကြည် က ၁၂ မိနစ်ကြာ အမှတ်တရ စကား
ပြောကြားခဲ့ပြီး ရွေ့
လျား စာကြည့် တိုက်ကြောင့် စာပေဖတ်ရှုလေ့လာခွင့်ရ ရှိမည့် အခွင့်အရေး ကို
ပြည့်ပြည့်ဝဝအသုံး ချရန်
လိုအပ်ကြောင်း ဒေသခံများကို တိုက်တွန်း ပြောကြားခဲ့သည်။
နှစ်ပေါင်း ၅ဝ နီးပါးကာလအတွင်း မြန်မာနိုင်ငံ၏ ပညာရေးသည် များစွာနိမ့်
ကျသွားခဲ့ပြီး လေ့လာဖတ်ရှု
ကိုးကားစရာ စာကြည့်တိုက်များလည်း ရှားပါးသွားခဲ့သည်။
ယခင်ပြန်ကြားရေးဝန်ကြီးဟောင်း ဗိုလ်မှူးချုပ်
ကျော်ဆန်း (ယခုသမဝါယမ ဝန်ကြီးဦးကျော်ဆန်း) လက်ထက် မြန်မာ နိုင်ငံအနှံ့
စာကြည့်တိုက်တွေ ဖွင့်
လှစ်ခဲ့ သော်လည်း ဟန်ပြစာကြည့်တိုက်များသာ ဖြစ်ခဲ့ပြီး ဒေသခံများ၏
လှိုက်လှိုက်လှဲလှဲ စာပေဖတ်ရှု
ချင်စိတ်ကို ပံ့ပိုးပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
ယခု ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်း ရွေ့ လျားစာကြည့်တိုက် ဖွင့်လှစ်ခဲ့သည့်
နေရာသည်လည်း ယခင်က
ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးရုံးက ဖွင့်လှစ်ထား
သည့်မြို့နယ်စာကြည့်တိုက် တစ်ခုဖြစ်ပြီး မှုန်
မှိုင်း ခြောက်ကပ်စွာ ရှိနေခဲ့ခြင်းဖြစ် ကြောင်း ကော့မှူးမြို့နယ် မကျည်းကန်
အခြေခံ မူလတန်းကျောင်း
ကျောင်းအုပ် ဆရာကြီး ဦးရီဌေးက ပြောသည်။
မှုန်မှိုင်းသည်ဖြစ်စေ။ လင်းရှင်းရှု ချင်စဖွယ်ဖြစ်စေ အဆိုပါရွေ့လျားစာကြည့်
တိုက် ရေရှည်အောင်မြင်ရန်
အဓိက စိန် ခေါ်ချက် သည် ဒေသခံပြည်သူ များ၏ ပူး ပေါင်းပါဝင်မှုပင်ဖြစ်သည်။
ဒေသခံပြည် သူများ ပူး
ပေါင်းပါဝင်မှု မရှိလျှင် ရွေ့လျား စာကြည့်တိုက် လည်း ရေရှည် ရပ်တည်
နိုင်ရန် ခက်ခဲမည်မှာ အသေအ
ချာပင်ဖြစ် သည်။
အထူးသဖြင့် ရွေ့လျားစာကြည့် တိုက်သည် ကလေးငယ်များကို ဦးတည် ထားသဖြင့်
ကလေးငယ်များ
အမှန် တကယ်ပါဝင် လာပါ့ မလားဆိုသည်က လည်း စိန်ခေါ်ချက်တစ်ခု ပင် ဖြစ်သည်။
လွယ်လင့်တကူ
ရယူဖတ်ရှုခွင့်ရှိမည်ဆို လျှင်တော့ ကလေးငယ်များ စာကြည့် တိုက်သို့ရောက်
ရှိလာမည်မှာသေချာသည်။
”လာမှာပါ ။ အန်တီတို့ စာကြည့် တိုက်မဖွင့်ခင် ပြင်ဆင်နေကတည်းက လာဖတ်ကြတဲ့
ကလေးတွေရှိ
တယ်” ဟု ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်း ရွေ့လျား နှင့် ဗဟိုစာကြည့်တိုက်မှူး
ဒေါ်ခင်နှင်းဦးက မှတ်ချက်
ပြု၏ ။ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းလည်ပတ်နိုင်ရန်အတွက် ဂျပန်နိုင်ငံအခြေစိုက်
Society for Support
Burma အဖွဲ့မှ ထောက်ပံ့ကူညီပေးထားခြင်းဖြစ် ပြီး တစ်နှစ်လျှင်
အမေရိကန်ဒေါ်လာ ၈ဝဝဝဝ ဖြင့် ၃နှစ်
ထောက်ပံ့သွားရန် ရှိကြောင်း အဆိုပါအဖွဲ့မှ မစ်နာဆူရှီမီ လာရှိကာ၏ ပြောကြား
ချက်အရသိရသည်။
ထိုအရာများသည် ရင်းနှီးမြှုပ်နှံမှု များပင်ဖြစ်သည်။ လွန်ခဲ့သော နှစ် ၅ဝက
နိုင်ငံအတွက် ဆုံးရှုံးနစ်နာခဲ့
မှုများကို ယခုမျိုးဆက် အား ပြုစု ပျိုးထောင်ခြင်း ဖြင့် သာ ပြန်လည်တည်ဆောက်
အစားထိုး နိုင်မည်ဖြစ်
သည်။
ကော့မှူးမြို့နယ် ၂၁ရွာ အတွင်းရှိ လူပေါင်း ၅၈ဝဝဝ၊ ကျောင်း သူ
ကျောင်းသားပေါင်း ၁၁ဝဝဝ အနက်
၅ဝ ရာခိုင်နှုန်း ရွေ့လျား စာကြည့်တိုက်ကို အ သုံးပြုလာမည်ဆိုလျှင် ယင်းသည်
လက္ခ ဏာကောင်းတစ်
ခုပင် ဖြစ်သည်။ သို့ မဟုတ်လျှင် …
”ကျွန်တော်တို့ဆီက စာကြည့်တိုက် တော်တော်များများ ကတော့ ကောက်ရိုးမီး
ဖြစ်သွားတာများတယ်။
ကျွန်တော်တို့က တော့ အဲဒီလိုအဖြစ်မခံနိုင်ဘူး။ ”ကျွန်တော်စိုးရိမ်တာက
လူထုဆီ ကပူပေါင်း ပါဝင်မှု
မရှိမှာကိုပဲ။ လူထုဆီက ပူးပေါင်းပါဝင်မှုရှိပြီဆို အားလုံး အောင် မြင်ပြီ။
အဲဒါဖြစ်အောင်လည်း ကျွန်တော်
တို့ လှုံ့ဆော်မှုလုပ်ငန်းတွေလုပ်သွားမယ်” ဟု ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ပရော
ဂျက် ဒါရိုက်တာဒေါက်
တာ သန့်သော် ကောင်းက ပြောသည်။
နိုင်ငံတိုးတက်ရေးအတွက် ရည် ရွယ်ပြီး ရွေ့လျားစာကြည့် တိုက်ကို
ဒေါ်အောင်ဆန်းစုကြည်က ဖွင့်လှစ်
ခဲ့ခြင်း ဖြစ်ကြောင်း သူပြောခဲ့သော အမှတ်တရ စကားအရ သိခွင့် ရသည်။
ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေး ခရီးစဉ်စတင်ကတည်းက ပင်
အရပ်သားအစိုးရပုံစံထဲ၊ လွှတ်တော် နိုင်ငံ
ရေးထဲ ဝင်ရောက်ခဲ့ကြပြီး နေရာ အသီးသီးတွင် တာဝန်အသီးသီးယူခဲ့ကြ သူများ၊
ပြည်ထောင်စု လွှတ်
တော်ထိုင်ခုံ များတွင် ဝင်ရောက်နေရာယူခွင့်ရခဲ့သူများ အားလုံးနီးပါးသည်လည်း
ယင်းအခြေ အနေ၏
အစကနဦး တွင် နိုင်ငံတိုးတက် ဖွံ့ဖြိုးရေးဟူသောစကားကို တွင်တွင်ကျယ်
ကျယ်ပြောကြားခဲ့ကြခြင်း ဖြစ်
သည်။
၂ဝ၁ဝ ခုနှစ် အထွေထွေရွေး ကောက်ပွဲ၊ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေး
ကောက်ပွဲကာလများက မဲဆန္ဒနယ်
အသီး သီးရှိ ပြည်သူ များကို မစားရ ဝခမန်းပေး ခဲ့သော ကတိများအတွက် မည်သူတွေ
မည်မျှ အကောင်
အထည်ဖော်နိုင်ပြီလဲဆို သည်က မေးကြည့်စရာပင် လိုမည်မထင် ပေ။
လွှတ်တော်၌ တင်သွင်းအ ဆိုပြုသော မေးခွန်း အဆိုများအား စောင့်ကြည့်လေ့
လာလျှင်လည်း မိမိကိုယ်
စားလှယ်သည် မိမိမဲဆန္ဒနယ်ကို မည်မျှအကျိုးပြုသည် လဲဆိုသည်မှာ လည်း မေးကြည့်စ
ရာပင် လိုမည်
မထင်ပေ။ သို့သော် ထိုသို့အကျိုးပြုနိုင်ရန်မှာ လည်း နောက် ခံပံ့ပိုးပေးမည့်
အရာများ စွာလိုအပ်သည်
ဆိုသည်က အမှန်တရား တစ်ခုပင်ဖြစ်သည်။
ဒေါ်အောင်ဆန်းစု ကြည်မို့ ပံ့ပိုးချင်သူ များကြောင့် ကော့မှူး မြို့နယ်သည်
တောသူမ လှလှကလေး ဖြစ်
လာ ခဲ့ခြင်း ဖြစ်သည်။ သို့သော် နွေ အခါ ဖုန်ထူသော ဝါးသင်္ခရွာကလေး သည်
မိုးအခါ ဗွက်ထနေတုန်း
ပင် ဖြစ် သည်။
အခြားသော တောင်တန်းဒေသများ မဆိုထားဘိ အစိုးရရုံးစိုက်ရာ ပထမ မြို့
တော်အဖြစ် ခေါ်ဝေါ်နေကြ
ပြီဖြစ် သည့် နေပြည်တော်ကောင်စီ နယ်မြေ ကွန်ကရစ် မြို့တော်အနီး
ရွာများပင်လျှင် လျှပ်စစ်မီး ကို
လင်းလင်းချင်းချင်း မရရှိသေးပေ။
သူမို့ဖြစ်သည်ဟု ဆိုလျှင်ရ ကောင်း သော်လည်း ယခုအချိန်သည် အမှန် တကယ်သာ
ပြည်သူ့အတွက်
တိုင်းပြည် အတွက် အကျိုးရှိသောလုပ်ငန်း များကို လုပ်ကိုင်မည်ဆိုလျင်
ပံ့ပိုးထောက်ကူမှု သည် လွယ်
လင့် တကူဖြစ် ပေါ်လာမည်ဟု ထင်မိသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့ လျားစာကြည့်တိုက်ကားများ ကော့မှူး
မြို့လေးမှာ အစတည်ပြီး မြန်မာ
နိုင်ငံ အနှံ့မောင်းနှင်သွားရောက်မှုဖြစ်ပေါ်လာ ချိန်နှင့်အတူ အခြားသော
ပုဂ္ဂိုလ်များ၏ အခြားသော ( ပြည်
သူအတွက် အမှန် တကယ်အကျိုးဖြစ်စေသော) မောင်း နှင်မှုများလည်း ရေရှည်ထာဝရ ပေါ်
ပေါက်စေ
ချင်မိသည်။
တိတိကျကျဆိုရလျင် မြန်မာနိုင်ငံ အနှံ့ဒေသများစွာ အရှင်မွေးလို့ နေ့ချင်း
ကြီးဖြစ် စေချင်မိသည်က
အမှန်ပင် ဖြစ်သည်။
ဥာဏ်လင်းအောင်
Popular Myanmar News Journal
သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်...
ရွှေ မြန်မာတို့
အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
မင်းကျေနက်ဖို့
မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်...
Subscribe to:
Post Comments (Atom)
တင်ပြီးသား post များ
-
►
2014
(18)
- ► 10/19 - 10/26 (18)
-
▼
2013
(4683)
- ► 11/17 - 11/24 (1)
- ► 09/29 - 10/06 (42)
- ► 09/22 - 09/29 (187)
- ► 09/15 - 09/22 (231)
- ► 09/08 - 09/15 (288)
- ► 09/01 - 09/08 (239)
- ► 08/25 - 09/01 (188)
- ► 08/18 - 08/25 (243)
- ► 08/11 - 08/18 (243)
- ► 08/04 - 08/11 (231)
-
▼
07/28 - 08/04
(293)
- ငရဲပြည် အတွေ့အကြုံ (တစ်ကယ့်ဖြစ်ရပ်မှန်)
- အထီးကျန်စိတ်ကို ဘယ်လိုဖျောက်ရပါလိမ့်
- ကွဲနေတဲ့အသဲကို ဘယ်လိုကုစားနိုင်မလဲ
- """ မိဘများ စဉ်းစားကြဖို့ပါ """
- Samsung Galaxy Tab 3 မြန်မာနိုင်ငံတွင် ရက်ပိုင်းအတ...
- သီတဂူဆရာတော်ဟောတဲ့ စစ်သား အကြောင်း
- မိန်းကလေး စိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ ချစ်ကြို...
- ကမ္ဘာ့ပထမဆုံး လွဲယိမ်းနိုင်သော တံတား
- ကလေးငယ် တစ်ယောက်နဲ့  တူတဲ့ ကျွဲကလေး တစ်ကောင်မွေးဖွား
- မိန်းကလေး တစ်ဦး ၁ ထပ်အမြင့်မှ ပြုတ်ကျသော် လည်း အသ...
- သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် သုံးထပ်ဆောင်ပေါ်မှ အမျို...
- ရမည်းသင်းမြို့ မွတ်စလင်မ် သုဿာန်(ကဘာရ်စတာန်) အားေ့...
- ပန်းဘဲတန်းမြို့နယ်ရှိ နှစ်လုံး/သုံးလုံးလောင်းကစားဒ...
- တက္ကသိုလ်ဝင်ခွင့်အမှတ်စာရင်းများထုတ်ပြန်
- တရုတ်၏လွှမ်းမိုးမှုကို ထိန်းညှိရန်အတွက် အိန္ဒိယက မြန်...
- ငွေသိန်း ခြောက်ဆယ်ကျော် ပျောက်ဆုံးမှု ရှာဖွေ ဖမ်းဆ...
- မယ်တော်ဆေးခန်း ရေလွှမ်း၍ လူနာများ ရွှေ့ပြောင်းထားရ
- စားသုံးရန် မသင့်သော ဖမ်းဆည်းရမိသည့် ကုန်ပစ္စည်းများ...
- ဖလမ်းတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက် ငါးဦး သေဆုံး
- ကုန်သင်္ဘော ခါးကျိုးပြီး ဧရာဝတီမြစ်အတွင်း နစ်မြုပ်
- လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ CP ကြက်အ...
- ရခိုင် ၅ ဦးကို ထောင်ဒဏ်တွေ ချမှတ်
- တနင်္သာရီမြစ်ရေမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်သွားပြ...
- အပျို၊အပျိုစစ်နှင့် အပျိုစင်
- နံနက်ပိုင်း သံပရာရေ နွေးနွေးသောက်ခြင်း၏ အကျိုးကျေး...
- တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူခြင်း၏ ဆိုးကျိုး
- ဗုဒ္ဓဂယာ ဘုရားဖူးခရီးသည် မြင့်တက်လာစေရန် သွယ်ဝိုက်ခ...
- ဓာတုဇီဝနည်းပညာများဖြင့် ပြင်ဆင် ဖန်တီးထားသော စားသေ...
- လယ်ယာသုံး ဓာတုဆေးများကြောင့် သဘာဝသားငါးများ ရှားပါးလာ
- ၅ သောင်းကျော်ကို ဆရာဖြစ်ဆွဲခန့်လိုက်ပြီ
- မူးယစ်ဆေးဖမ်းရာက လက်နက်များပါ ဖမ်းမိ
- ၈၈၈၈ နှစ်ပတ်လည်တွေကို နားခါး မျက်စိခါးနေတဲ့ ဆုဝေ
- အမေ့ခံ
- မြန်မာ လူပွဲစားဂိုဏ်းချုပ် ဆိုသူကို ထိုင်းရဲက ဖမ်း...
- မြန်မာ့လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ သန်း ၁၄၀ က...
- မြန်မာ့တပ်မတော် ခေတ်မီရေး အမေရိကန် ကူညီမည်
- အင်တာနက်ကြောင့် လူမှုဆိုးကျိုးများ ဖြစ်ပွားနိုင်
- ဆီးဂိမ်းအတွက် ပဏာမကစားသမား ၃၀ ဦး စာရင်းထုတ်ပြန်
- ကရင်ပြည်နယ်ရှိ ရေဘေးသင့် နေရာများသို့ ဒုတိယသမ္မတ ဦ...
- လူငယ်တွေအိမ်ထောင်ပြုတော့မယ်ဆိုရင်
- နေအိမ်အတွင်း ပိတ်လှောင်ထားသည်ဟုဆိုကာ မိခင်က သားသမီ...
- ၂ နှစ်အတွင်း ကားဈေး ထက်ဝက်နီးပါး ထိုးကျနိုင်
- မလေးရှားရောက် မြန်မာအလုပ်သမားများ အလိမ်ခံရ
- ချစ်သူသိစေ
- အချစ်ဆိုတာ.....
- ဆီးဂိမ်း ကျင်းပရန် လေးလကျော်သာ လိုတော့သော်လည်း မြန...
- ပြင်ဦးလွင် ၁၉ မိုင်အနီးဝန်းကျင်က ရေသည်အချို့ အဖမ်...
- တစ်ကိုယ်တော် ဆန္ဒပြသူ ဦးထင်ကျော်ပုဒ်မ ၅၀၅ ( ခ ) ဖြ...
- အလုပ်ပိတ်ရက် မြန်မာပြည်ပြန်လည်မည့်သူများကို လေကြော...
- Taxi အငှားကား စီးသူများသတိထားရန်
- ဖေ့စ်ဘုတ်မှာ နိုင်ငံတော်အစိုးရနှင့် -အင်တာနက်သုံးတ...
- ဘင်္ဂလာဒေခ်ျ့နယ်စပ်သို့ ကျည်ဆံခိုးပို့သူ ကျည်ဆံများန...
- ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင်ဦးဂမ္ဘီရ သြစတေလျ ...
- ” မန္တလေး မြို့မိမြို့ဖများ ကျွန်မ တို့ မိန်း မလျာေ...
- ဟန်းဖုန်း ခေါင်းအုံး မအိပ်ပါနှင့်
- ကျောင်းသူက ကားတက်မောင်းပြီး ယာဉ်တိုက်မှု တောက်လျှော...
- ကြံခင်းမြို့၌ ဆွဲကြိုး ချသေဆုံးမှုဖြစ်ပွား
- တပ်မတော်(ရေ)နှင့် အနာဂတ် ရေငုပ်သင်္ဘောတပ်ဖွဲ့
- ဗမာအိမ်မှာ ဗမာတွေ မနေရဲတော့ပြီလော
- ထိုင်းအပြည်ပြည်ဆိုင်ရာ ဂျူဒိုဖိတ်ခေါ်ပြိုင်ပွဲတွင် ...
- တစ်ကိုယ်တော် အခွေကို အွန်လိုင်း ကနေ အလကား ဖြန့်မယ်
- စန္ဒကူးကျောင်းတော်ရာ ဘုရားကို ဘုရားဖူးငါးများ ရောက်...
- မန္တလေးတွင် အင်အား အနည်းငယ်ရှိ ငလျင် နှစ်ကြိမ် ဆက်တ...
- စားသုံးသူများ တိုင်ကြားပါက စားသုံးသူရေးရာ ဌာနခွဲေ...
- ဗုဒ္ဓဂယာ မဟာဗောဓိစေတီနှင့် လုမ္ဗိနီတို့သို့ မိုဘိုင်...
- လူရွှင်တော် ပါပါလေး ကွယ်လွန်
- ဘင်္ဂါလီ လူဦးရေစာရင်း ကောက်နိုင်ရန် လူ့အခွင့်အရေးကေ...
- သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် သုံးထပ်ဆောင်ပေါ်မှ အမျို...
- အရှင်မွေး နေ့ချင်းကြီးစေ
- ဆံပင်ညှပ်ဆရာ၏လက်လုပ်လေယာဉ်ပျံ တရုတ်ကောင်းကင်ယံတွင်...
- နှစ်ငါးရာ ကြာအောင် ရေခဲပြင်အောက်မှာ မြုပ်ကွယ်နေတဲ့...
- အပစ်ရပ်ဆွေးနွေးရန် မြောက်ပိုင်းကျောင်းသား ကိုယ်စား...
- ရေကြည်၌ လယ်ဧကတစ်သောင်းကျော်နှင့် လူနေအိမ်များ ရေနစ...
- မင်းဓမ္မပန်းခင်းဈေးတွင်စည်ပင်နှင့် ဈေးသည်တို့ ပဋိ...
- အချစ် ပုစ္ဆာကြီး (၅)ခု
- အစ္စလာမ်ပါတီတစ်ခုကို ဘင်္ဂလားဒေ့ရှ်က တရားမဝင်ပါတီ သတ်...
- ၂၀၁၃ ခုနှစ် ကာကွယ်ရေး ဦးစီးချုပ်(ရေ) တံခွန်စိုက်ဒု...
- ရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ တပ်မ...
- ရှစ်လေးလုံး ဖြစ်ရပ်မှန် (၁၀)
- မြဝတီရေကြီးရခြင်းမှာ ထိုင်းမှ ဆည်ဖောက်ချသောကြောင့်...
- ကိုယ်ဝန်တားဆေး Ecee 2 ယဉ်ကျေးမှုနှင့် ရန်ကုန်
- ၈၈ လေးလုံး ငွေရတု ဗကသ တက်ရောက်မှာ မဟုတ်
- ရှစ်လေးလုံး ငွေရတု မတိုင်ခင် ၈၈ ကျောင်းသား နှင့် ဗ...
- မြန်မာ့ကျန်းမာရေး အလားအလာကောင်း
- ပေါ့ပ်အဆိုတော် ဂျပ်စတင်ဘီဘာ၏ ဘတ်စ်ကားပေါ်တွင် ဆေြးေ...
- ရှစ်လေးလုံး ဖြစ်ရပ်မှန် (၉)
- ဘီးလင်း စံချိန်တင်ရေကြီးမှု ကျေးရွာ၂၀ ကျော်ရေမြုပ်ြ...
- ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့...
- ရှစ်လေးလုံး ဖြစ်ရပ်မှန် (၈)
- မန်းတွင် ငွေကျပ် ၁၃၂ သန်းတန်သည့် မူးယစ်ဆေးများ ဖမ်းမိ
- ဂွာတာနာမိုရှိ အကျဉ်းသားများ လွတ်မြောက်ရန် အယ်လ်ကေး...
- မီးပွိုင့်မှာ GTC အခွေတွေ လိုက်ရောင်းနေတယ်
- စီဒီအမ်အေ မိုဘိုင်းလ်ဖုန်းများ ကျပ်ငွေဖြင့် ပြည်ပေ...
- မီဒီယာများ ဘက်လိုက်ရေးသားသဖြင့် ရခိုင်ပြည်နယ် ပဋိပ...
- မျိုးစောင့်ဥပဒေကို လွှတ်တော်မှာ ကိုယ်စားပြု တင်ပြမှ...
- နားမလည်သော ပြည်သူများအား တန်ဆာခံအဖြစ် ပြုလုပ်သည့် ...
- မြောက်ဦးတွင် ဆရာဝန်အိမ်ကို ဝင်ခိုးသည့်အမှု နာရီပို...
- မသန်စွမ်းများအတွက် ဘတ်ဂျက်ခွဲတမ်း ချပေးမည်ဟု လွှတ်ေ...
- ဘာသာရေးနဲ့ နိုင်ငံရေး အကြား စည်းတားဖို့ သမ္မတဦးသိန...
- ဘာလဲဟဲ့ စစ်တပ် ??
- ► 07/21 - 07/28 (187)
- ► 07/14 - 07/21 (219)
- ► 07/07 - 07/14 (234)
- ► 06/30 - 07/07 (167)
- ► 06/23 - 06/30 (316)
- ► 06/16 - 06/23 (177)
- ► 06/09 - 06/16 (224)
- ► 06/02 - 06/09 (127)
- ► 05/26 - 06/02 (155)
- ► 05/19 - 05/26 (132)
- ► 05/12 - 05/19 (106)
- ► 05/05 - 05/12 (86)
- ► 04/28 - 05/05 (56)
- ► 04/21 - 04/28 (61)
- ► 04/14 - 04/21 (49)
- ► 04/07 - 04/14 (49)
- ► 03/31 - 04/07 (33)
- ► 03/24 - 03/31 (34)
- ► 03/17 - 03/24 (11)
- ► 03/10 - 03/17 (11)
- ► 03/03 - 03/10 (5)
- ► 02/24 - 03/03 (11)
- ► 02/17 - 02/24 (1)
- ► 02/10 - 02/17 (6)
- ► 02/03 - 02/10 (15)
- ► 01/27 - 02/03 (3)
- ► 01/20 - 01/27 (7)
- ► 01/13 - 01/20 (6)
- ► 01/06 - 01/13 (9)
-
►
2012
(82)
- ► 12/30 - 01/06 (8)
- ► 12/23 - 12/30 (10)
- ► 12/16 - 12/23 (7)
- ► 12/09 - 12/16 (3)
- ► 12/02 - 12/09 (2)
- ► 11/25 - 12/02 (1)
- ► 11/18 - 11/25 (18)
- ► 11/11 - 11/18 (25)
- ► 08/12 - 08/19 (1)
- ► 03/04 - 03/11 (1)
- ► 02/26 - 03/04 (1)
- ► 02/19 - 02/26 (1)
- ► 02/05 - 02/12 (3)
- ► 01/22 - 01/29 (1)
-
►
2010
(9)
- ► 12/05 - 12/12 (1)
- ► 11/28 - 12/05 (2)
- ► 11/07 - 11/14 (5)
- ► 10/31 - 11/07 (1)
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...