နေပြည်တော် ၊ ၂-၈-၂၀၁၃
ကရင်ပြည်နယ် အတွင်း
ဇူလိုင်လ ၂၆ ရက်မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့်
ဘားအံမြို့နယ် နှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံ ပြည်သူများ ရေဘေး
အန္တရာယ် နှင့် ကြုံတွေ့လျက် ရှိရာ ဇူလိုင်လ ၂၈ ရက်မှ ၃၁ ရက်အထိ နယ်မြေခံ
တပ်မတော်သား များက ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး စခန်းများသို့ ကူညီ
ပို့ဆောင် ပေးခဲ့ပြီး ဖြစ်သည်။
အဆိုပါ ရေဘေးသင့်
ပြည်သူများ အတွက် လိုအပ်သည့် သောက်သုံးရေ နှင့် စားသောက် ဖွယ်ရာများအား
ဇူလိုင်လ ၃၁ ရက် ညနေပိုင်း တွင် တပ်မတော် မှ မော်တော်ယာဉ် များဖြင့်
သောက်ရေသန့် ၂၁၆၇ ကတ် ၊ တီးမစ် ၃၀၀ ဖာ ၊ ခေါက်ဆွဲခြောက် ၅၀၀ ဖာ ၊ ငါးဘူး ၅၂
ဖာ ၊ ဘီစကွတ် ၉ ဖာ တို့ကို လည်းကောင်း ၊ သြဂုတ်လ ၁ ရက် ညနေပိုင်းတွင်
တပ်မတော် မှ ရဟတ်ယာဉ် ဖြင့် သောက်သုံး ရေသန့် ၃၅၅ ကတ် ၊ ဆေးပစ္စည်း ၃၀ ဖာ ၊
ခေါက်ဆွဲခြောက် ၂၅ ဖာ တို့ကို လည်းကောင်း ကူညီ ပို့ဆောင် ပေးခဲ့ကြောင်း
နှင့် ပြည်သူများ သို့ အချိန်မီ ပေးအပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
MWD
MWD


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...